ရန်ကုန်မြို့ တိုက်ခန်းအငှားဈေးကွက်မှာ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ သမိုင်းမြို့နယ်တွေက တိုက်ခန်းတွေ အရင်ကထက် အငှားသွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် တချို့ဆီက သိရပါတယ်။
အရင်ကမြို့တွင်းမှာ တစ်လ ကျပ် ၄၀,၀၀၀ နဲ့ အဆောင်နေသူတချို့အခုနောက်ပိုင်းတွေမှာ လူစုပြီးသည်လိုနေရာတွေမှာ ငှားလာနေကြပါတယ်။ အငှားသွက်နေတဲ့ တိုက်ခန်းတွေကလေးလွှာ၊ ငါးလွှာ တိုက်ခန်းတွေဖြစ်ပြီး တစ်လကို ကျပ် ၈၀,၀၀၀ ကနေ တစ်သိန်း ၀န်ကျင်ရှိပါတ်ယ။ စာချုပ်ကို သုံးလ၊ ခြောက်လတာချုပ်ဆိုရတာဖြစ်လို့ အဆင်ပြေနေကြတယ်လို့ အိမ်ပိုင်ရှင် အကျိုးဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်သန်းကြည်က ပြောပြပါတယ်။
‘ကုမ္ပဏီ ၀န်ထမ်းလေးတွေ စုငှားကြတာလေ၊ အဆင်ပြေကြတာပေါ့၊ တစ်ယောက်ကို ကျပ် ၃၀,၀၀၀ ၀န်းကျင်ပဲကျတယ်လေ၊ အဒေါ်တို့က ရေဖိုးကို ခြောက်လစာကြိုတောင်းထားရတာပေါ့’ လို့ ပြောပြပါတယ်။
သည်တိုက်ခန်းတွေရဲ့ အကျယ်အ၀န်းက ၁၀ ပေအကျယ်၊ အရှည် ၅၅ ပေရှိပြီး ငှားနေတဲ့သူတွေက သုံးဦးကနေငါးဦးအထိ စုပေါင်းငှားကြတာလို့ သိရပါတယ်။
မြို့တွင်းလမ်းမတော်၊ လသာ၊ ပုဇွန်တောင်၊ လှည်းတန်း၊ မြေနီကုန်း၊ စမ်းချောင်း မှာ ရှိနေတဲ့ အဆောင်တွေက တစ်လကို ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိပေးရပြီး လူတစ်ယောက်ကို သုံးပေအကျယ်၊ ခြောက်ပေအရှည် သာနေရာရကြပါတယ်။ ထမင်းချက်တဲ့အချိန်၊ ရေချိုးတဲ့အချိန်ဆို တန်းစီစနစ်နဲ့ အသုံးပြုရတာ၊ ၁၂ပေ×၅၅ပေ၊ ကျယ်တဲ့ တိုက်ခန်းကို လူ ၁၅ ဦးအထိနေထိုင်ရတာကြောင့် အဆင်မပြေလို့ သည်လို မြို့စွန်တိုက်ခန်းတွေမှာ စုငှားနေကြရတာလို့ သင်္ဃန်းကျွန်းစံပြဈေးနားမှာ တိုက်ခန်းငှားနေသူ မပြည့်စုံက ပြောပါတယ်။
Source : The Modern