09-261334475

ရန်ကုန်-ဒလတံတား ယခုနှစ်ကုန် စတင်ဆောက်လုပ်မည်

ရန်ကုန်-ဒလတံတား ကို ယခုနှစ်ကုန်တွင်ကိုရီးယား ကုမ္ပဏီတစ်ခုက စတင်ဆောက် လုပ်မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန်ဦးဇော်မင်းသိမ်း က ပြောသည်။

ရန်ကုန်-ဒလ တံတားစီမံ ကိန်းအတွက် ဒလမြို့ဘက်ရှိ အဆောက်အအုံများကို စက်တင်ဘာ ၁၉ ရက်တွင် စတင်ဖယ်ရှား ခဲ့သည်။

‘‘ဒလတံတားစီမံကိန်းစလုပ် ပါတော့မယ်။ ကြာတော့မကြာပါ ဘူး။ ဆောက်မှာက ကိုရီးယား ကုမ္ပဏီတစ်ခုပါပဲ’’ ဟု ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောသည်။

အဆိုပါ စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများအတွက် မြေယာလျော်ကြေးများကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ပေးအပ်နေကြောင်း ၎င်းကပြောသည်။

အဆိုပါတံတားအတွက် ကို ရီးယားနိုင်ငံနှင့် ချေးငွေကိစ္စသ ဘောတူထား၍ နိုင်ငံအတွက် မဖြစ်မနေလုပ်ကိုင်ရတော့မည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝင်းတင့် က ပြောသည်။

ရန်ကုန်-ဒလ တံတားစီမံ ကိန်းဧရိယာအတွင်း ပါဝင်သည့် ကျောင်းများကို စက်တင်ဘာ ၁၉ ရက်တွင် စတင်ဖြိုဖျက်ရန်စီစဉ်ပြီး ဘာသာရေးအဆောက်အအုံများ ဖြိုဖျက်ရန် စက်တင်ဘာ ၂၀ ရက်ကလာရောက်အကြောင်း ကြားခဲ့ကြောင်း ဒလမြို့ ကမာကဆစ်ရပ်ကွက်နေ ဒေသခံများက ပြောသည်။

‘‘ဖယ်ဖို့တော့ ဘာမှမပြော သေးဘူး။ ကျောင်းတွေတော့ စ ဖယ်နေတယ်။ လျော်ကြေးက တ ခြားနေရာထက်ပိုရထားပါတယ်။ ကျေနပ်ကြပါတယ်’’ ဟု ဒလမြို့ ကမာကဆစ်ရပ်ကွက်နေ ဒေါ်ခင်ဌေးဝင်းက နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။

အဆိုပါ တံတားတည် ဆောက်ရန် ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းရှိကာ ကိုရီးယားသမ္မတ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan)ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။ EDCF Loan ချေးငွေသည် နှစ်နိုင်ငံချစ်ကြည်ရေး သဘောအရ ပေးအပ်သောချေး ငွေအမျိုးအစားတွင် ပါဝင်ပြီးနှစ် ရှည်အတိုးနှုန်း သက်သာစွာဖြင့် ပြန်လည်ပေးဆပ်ရသည်။

Source : 7Daydaily

Facebook comments