မန္တလေးမြို့ မင်္ဂလာ ဈေးပြန်လည် တည်ဆောက်ရာ တွင် ဈေးနံဘေးရှိ မြို့ေ တာ်ဝန် အိမ်၊ ဆိုင်ခန်းများနှင့် ဓမ္မာရုံနေ ရာများချန်လှပ်ပြီး မူလဧရိယာ အ တိုင်း အသစ် တည်ဆောက်မည် ဟု မန္တလေးတိုင်းဒေသကြီးလျှပ် စစ်၊ စွမ်း အင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနဝန်ကြီးဦးဇာနည် အောင်က ပြောသည်။
မီးသင့်မင်္ဂလာဈေးကို အသစ် ပြန်လည် တည်ဆောက်ရာ၌ စတင်တည်ေ ဆာက်စဉ်က ပါဝင် ခဲ့သည့် ဧရိယာအတိုင်းတည် ဆောက်ရန် စဉ်းစားနေေ ကြာင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယင်း ဧရိယာအတွင်း မြို့တော်ဝန်နေ ထိုင် ခဲ့သည့် အိမ်၊ ဆိုင်ခန်းများ၊ ဓမ္မာရုံနှင့် စေတီတို့ ရှိနေသည်။
‘‘မြို့တော်ဝန်ကတော့ အဲဒီ အိမ်မှာ သူလည်းနေတာမဟုတ် တော့ ဧရိယာ ချဲ့ပြီး ဆောက်မယ် ဆိုရင် ဆောက်ပါဆိုပြီးပြောထား တယ်’’ ဟု မန္တလေးြ မို့တော်စည် ပင်သာယာရေးကော်မတီဝင်ဦး ကျော်ဆန်းမြင့်က ပြောသည်။
သို့သော် ယင်းဧရိယာရှိ ဓမ္မာရုံနှင့် စေတီကို မဖြိုဖျက်ချင် သဖြင့် မီးသင့်ခဲ့ သည့် ဈေးဧရိယာ အတိုင်းသာ တည်ဆောက်မည် ဖြစ်ကြောင်း ဦးဇာနည်ေ အာင်က ဆိုသည်။‘‘အဲဒီဧရိယာမှာ ဓမ္မာရုံနဲ့စေတီလေးရှိတယ်။ တချို့ဆရာ တော်တွေက ရွှေ့လို့ ရတယ်ပြော တယ်။ တချို့ကကျလည်း မရဘူး ပြောတယ်။ ဒီအရာမျိုးကခက်ခဲ တယ်လေ။ ကိုးကွယ်ယုံကြည်မှုအ ရ လုပ်မရဘူး။ ဖွံံ့ဖြိုးမှုအရတော့ အဲဒီနေ ရာ ထိပါရင်ကောင်းတာ ပေါ့။ လမ်းမကျယ်ကြီးတွေကို မျက်နှာပြုပြီး ဈေးက ဝင်ရထွက်ရ လွယ်သွားမှာပေါ့’’ ဟု ၎င်းက ပြောသည်။
မင်္ဂလာဈေးသစ် အဆောက် အအုံဒီဇိုင်းကို သီးသန့်အပ်ထား ပြီး ဒီဇိုင်းအေ သးစိတ်ရရှိမှသာ ဆောက်လုပ်ခွင့်တင်ဒါခေါ်ယူ မည်ဟု ဦးဇာနည်အောင် က ပြော ကြားသည်။
လက်ရှိတွင် မီးသင့်မင်္ဂလာ ဈေးအဆောက်အအုံကို ဇွန်လ ၂၄ ရက်က စတင် ဖြိုဖျက်ခဲ့ပြီး လေးလအတွင်း ဖျက်သိမ်းမည်ဟု မန္တလေးမြို့တော်စည်ပင် သာ ယာ ရေးကော်မတီအဆောက်အအုံ နှင့် ကုန်ရုံဌာနမှ သတင်းရရှိ သည်။
Source : 7DayDaily
http://www.property.com.mm/index.php/en/174/news