09-261334475

ဗန်းမော်ခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(MCEA-Myanmar Construction Entrepreneurs Association)(ကချင်ပြည်နယ်) နှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အသင်းသားများတွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(ကချင်ပြည်နယ်) ဥက္ကဌ ဦးတူးရိန်က အသင်းအကြောင်းနှင့်လုပ်ငန်းများဆောင်ရွက်နေမှုကို လည်းကောင်း၊ C.H.D Bank (မြစ်ကြီးနား) ဖွင့်လှစ်ရေးနှင့် တန်ဖိုးမျှတ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များအသင်း(ကချင်ပြည်နယ်)အတွင်းရေးမှူး(၁) ဒေါက်တာမောင်ခန့်က အသင်းသားများ ဝင်ရောက်နိုင်ရေး၊ အသင်းကြေးနှင့် အသင်းနှစ်စဉ်ကြေးများကို လည်းကောင်း၊ အသင်းဘဏ္ဍာ ရေးမှူး ဦးမင်းနိုင်က ဆောက်လုပ်ရေးဆိုင်ရာ အများပိုင်ကုမ္ပဏီဖွဲ့စည်းရေးနှင့် ဒေသခံ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ အသင်းအတွင်းရေးမှူး(၂) ဦးထက်အောင်က ဆောက်လုပ်ရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုမ္ပဏီများ အရည်အသွေးမြင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက အကြုံပြုလမ်းညွှန် စကားပြောကြားပြီး ဗန်းမော်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဦးဖော်လုလဝမ် (ဆွတ်ဖယ်လ်မလီကုမ္ပဏီ)က ခရိုင်စီးပွားရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။ထို့နောက် အသင်းဥက္ကဌ ဦးတူးရိန်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Source : MOI Webportal Myanmar
Property Links >>>>>>>>>http://property.com.mm/index.php/en

Facebook comments