ဗီယက်နမ်ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သော ဟောင်အင်ဂျာလိုင် (HAGL) စီမံ ကိန်းအပိုင်း (၂) တွင် City Mart Holding ကအဆင့်မြင့်ဈေးဝယ် မားကက်တစ်ခု ထူထောင်ရန် သ ဘောတူညီခဲ့သည်ဟု HAGL က သတင်းထုတ်ပြန်သည်။Ocean Supercenter ဈေး ဝယ်မားကက်ကို HAGL အပိုင်း (၂) တွင် ထည့်သွင်းဖွင့်လှစ်ရန် မေလ ၃၀ ရက်က HAGL နှင့်စီးတီး မတ်တို့ လက်မှတ်ရေးထိုးခြင်းဖြစ် သည်။
HAGL အပိုင်း (၂) တွင်ရုံးခန်းတာဝါအဆောက်အအုံနှစ်လုံး၊ ရှော့ပင်းစင်တာ အသစ်တစ်ခု၊ အခန်းပေါင်း ၃၆၀ ပါဝင်မည့် ဝန် ဆောင်မှုပါအဆင့်မြင့်အိမ်ရာအ ဆောက်အအုံသုံးလုံး ပါဝင်မည့် စီမံကိန်းသစ်ကို မြေဧရိယာ ၃၇,၈၁၆ ဒသမ ၅၅ စတုရန်းမီတာပေါ်တွင် စတင်တည်ဆောက်နေသည်။ အမေရိကန်ဒေါ်လာသန်း ၄၄၀ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ သော HAGL စီမံကိန်းအပိုင်း (၁) ကို ၂၀၁၅ ကတည်းက တည် ဆောက်ပြီးစီးခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာပလာဇာဟုအမည်ရ သော ခေတ်မီဈေးဝယ်စင်တာ၊ Grade(A) အဆင့်ရှိ မြန်မာစင်တာ ဟု ခေါ်ဆိုသော ရုံးခန်းတာဝါနှစ်လုံးနှင့် စပိန်နိုင်ငံမှ နာမည်ကျော်ဟိုတယ်အဖွဲ့အစည်းတစ်ခုက အုပ်ချုပ်စီမံလျက်ရှိသည့် ဖိုက်စတား အဆင့်ရှိ ဟိုတယ် Melia ရန်ကုန်တို့ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသည်။
HAGL အပိုင်း (၁) တွင် ပါဝင် သည့် မြန်မာပလာဇာဈေးဝယ်စင် တာသည် လူစိတ်ဝင်စားမှုရရှိ ကာ အောင်မြင်မှုရရှိခဲ့သည်။
HAGL သည်ဗီယက်နမ်နိုင်ငံ မှ ထိပ်သီးစီးပွားရေးလုပ်ငန်းတစ် ခုဖြစ်ပြီးအရှေ့တောင်အာရှနိုင်ငံ များတွင် ရင်းနှီးမြှုပ်နှံမှုအမြောက် အမြားပြုလုပ်ထားသည့် ကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံမှစတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ရည်ရွယ်ထားသော ကုမ္ပဏီလည်း ဖြစ် သည်။
Source : 7Days
Property Links >>>>>>>>>http://property.com.mm/index.php/en