09-261334475

မြန်မာနိုင်ငံကို ဖြတ်သန်းသွားလာမယ့် ခရီးသွားလမ်းကြောင်းသစ် တစ်ခု တရုတ်တို့ စတင်ဖွင့်လှစ်

မြန်မာအပါအ၀င် နိုင်ငံလေးနိုင်ငံကို ဖြတ်သန်းမယ့် 
ခရီးသွားလမ်းကြောင်းသစ်တစ်ခုကို တရုတ်နိုင်ငံ
Yunnan ပြည်နယ် အနောက်တောင်ပိုင်းက Xishuangbanna
ဒေသမှာ မေလ ၁ ရက်က တရားဝင် စတင်
မိတ်ဆက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက ခရီးသွား ၂၀၀ ကျော်ဟာလည်း 
အဆိုပါ ခရီးစဉ်လမ်းကြောင်းသစ်ကို ပထမဆုံး 
အတွေ့အကြုံယူတဲ့အနေနဲ့ စတင်သွားလာခဲ့ကြပြီဖြစ်တယ်
လို့လည်း သိရပါတယ်။

ယင်း ခရီးသွားလမ်းကြောင်းသစ်ကတော့ Xishuangbanna 
စီရင်စုမှာ ရှိတဲ့ မဲခေါင်မြစ် (တရုတ်အခေါ် Lancang မြစ်)
Guanlei ဆိပ်ကမ်းကနေ စတင်တာဖြစ်ပြီး
ရေလမ်း၊ ကုန်းလမ်းတို့နဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုတို့ဆီကို
ဖြတ်သန်းသွားရောက်ရမှာဖြစ်ပါတယ်။
ယခု ခရီးသွားလမ်းကြောင်းသစ်ကို စီစဉ်တဲ့ 
ခရီးသွားအေဂျင်စီက ဦးဆောင်သူ Zhu Chaungchu က
ပြောကြားရာမှာတော့ ယခု ခရီးစဉ်သစ်ကြောင့် 
ခရီးသွားတွေအနေနဲ့ သဘာဝ အလှတရားတွေ၊
မြစ်ကြောင်းက သဘာဝ မြင်ကွင်းတွေ 
ခံစားနိုင်ရုံသာမက "Belt and Road" ရဲ့ 
ရည်ရွယ်ချက်ကိုပါ နားလည်သဘောပေါက်သွားစေမှာ
ဖြစ်တယ်လို့ ပြောသွားပါတယ်။

" ဒါက ရှစ်ရက် ခရီးစဉ်ပါ၊ ခရီးသွားတွေအနေနဲ့ 
မဲခေါင် မြစ်တစ်လျှောက် ကီလိုမီတာ ၂၆၂ လောက်ကို 
သွားလာရမှာပါ" လို့ Zhu က ပြောပါတယ်။

အစဉ်အလာ ကုန်းလမ်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့
ယခုလို မြစ်ကြောင်းခရီးသွားလာခြင်းက ပိုမိုဈေးသက်သာပြီး
ဘေးကင်းစေနိုင်သလို ခရီးသွားတွေအတွက်လည်း 
ပိုမိုသက်တောင့်သက်သာ ဖြစ်စေနိုင်တယ်လို့လည်း 
သိရပါတယ်။

Source : SFJ Strategy First

Facebook comments