09-261334475

ရန်ကုန်တိုင်းအတွက် အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲမှုကနေ တစ်လကို ကျပ် ၉၅၃ သန်း ရရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတာကနေ တစ်လကို ဝင်ငွေကျပ် ၉၅၃ သန်းရရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ် ။

သည်နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန် တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတဲ့ ဆိုင်မည်မျှရှိသနည်းနဲ့ တစ်လ တံဆိပ်ခေါင်း မည်မျှရောင်းရလဲဆိုတဲ့ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ် ။

အခွန်တံဆိပ်ခေါင်းများ ကပ်တဲ့ ဥပဒေကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်း ၁၅၀၈ ဆိုင်ရှိခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ တံဆိပ်ခေါင်း အသုံးပြုတဲ့ဆိုင် ၂၂၆၅ ဆိုင် ရှိခဲ့ပါတယ်။ တံဆိပ်ခေါင်းအသုံးပြုတဲ့ဆိုင် ၇၅၇ ဆိုင် တိုးတက်ခဲ့တယ် လို့ သိရပါတယ် ။ သည်နှစ်အတွက် တံဆိပ်ခေါင်းခွန် ကောက်ခံရရှိငွေက ကျပ် ၁၁ ဘီလျံကျော် ရရှိခဲ့တာ ဖြစ်ပါတယ် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခေါင်း အသုံးပြုတဲ့ ဆိုင်များ ရှိေ နသော်လည်း စားသုံးသူ ပြည်သူများအပေါ် မှန်မှန်ကန်ကန် ဆောင်ရွက်ြ ခင်း မရှိတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ထိထိရောက်ေ ရာက် အရေးယူဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အခွန်ငွေ ပိုမိုရရှိရန် ဆောင် ရွက်သင့်ကြောင့် ဦးကျော်ကျော်ထွန်းက ပြောပါတယ် ။လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ‘စားသောက် ဆိုင် ၊ ဘီယာဆိုင် ၊ ထမင်းဆိုင်ကြီးများမှာ လာရောက်စားသုံးသူတွေက စားသုံးလိုက်တဲ့ ကုန်ကျငွေရဲ့ ငါးရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်နေ ရတာ ဖြစ်ပါတယ် ၊ အခွန်တံဆိပ်ခေါင်း ကပ်ပေးဆောင်နေကြတာ ဖြစ်ပါ တယ် ၊ ဆိုင်ရှင်တွေကတာဝန်ယူ ကောက်ခံရာမှာ ဆိုင်ရှင်တွေက စားသုံးသူ များထံက အမြတ်ရရှိပြီးလဲ ဖြစ်ပါတယ် ၊ ဝန်ဆောင်ခအနေနဲ့ ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံနေတဲ့ ဆိုင်တွေလဲ ရှိပါတယ် ၊ အဆိုးဆုံးကတော့ စားသုံး သူတွေက အစိုးရထံကို ပေးဆောင်ရသော အခွန်တံဆိပ်ခေါင်းတွေကို မှန် မှန်ကန်ကန် ကပ်ပေးမှုမရှိခြင်းပဲ ဖြစ်ပါတယ်၊ တချို့ဆိုင်တွေက လုံးဝ ကပ် မပေးခြင်းလဲ ရှိပါတယ်’ လို့ ပြောပါတယ် ။

တချို့ဆိုင်တွေက အလွယ်တကူ ပြန်လည်ခွာယူပြီးတော့ သုံးစွဲလို့ရအောင် ကပ်ပါတယ် ။ စားသုံးသူ တော်တော်များများက ပြေစာတွေ ကို ပြန်မယူ သွားတဲ့ အတွက် တံဆိပ်ခေါင်းတွေကို ပြန်လည်အသုံးချတယ်လို့ ဆိုင်ဝန် ထမ်းတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြားပါတယ် ။

အခွန်ငါးရာခိုင်နှုန်း ပေးဆောင်တဲ့ တံဆိပ်ခေါင်းတွေက ပေးပြီးကြောင်း တံဆိပ်နှိပ်တာ ၊ ဘောပင်နဲ့ခြစ်တာတွေ ဆောင်ရွက်ပေမဲ့ သည်လိုမျိုး လုပ်ေ ဆာင်ထားခြင်းမတွေ့ရဘူးလို့ သိရပါတယ် ။ စားသုံးသူတွေက ဘယ်ေ လာက်ကျကြောင်း ဘောက်ချာကို တောင်းလေ့တောင်းထမရှိလို့ ငွေရှင်းထားတဲ့ ဘောက်ချာက အခွန်တံဆိပ်ခေါင်းတွေကို ပြန်အသုံးပြုတာတွေလည်း ရှိနေပြီး ဆိုင်တချို့က စားသုံးသူနဲ့ အစိုးရကြားမှာ အခွန်ဆောင်တဲ့ဟာကို ကြားကနေ အမြတ်ထုတ်နေတဲ့ ပုံစံဖြစ်နေတယ်လို့ လွှတ်တော်မှာ ဝေဖန်ေ ထာက်ပြခဲ့ပါတယ် ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ‘အခွန်ကောက်ခံတဲ့ နေရာ မှာ အခွန်ကောက်ခံမှုမြေစာ ထုတ်မပေးတဲ့ ဆိုင်တွေလဲ ရှိပါတယ် ၊ အခွန် တံဆိပ်ခေါင်းကို မကပ်တာတွေလဲ ရှိတယ် ၊ ဖြစ်သလို လုပ်ဆောင်မှုတွေေ ကြာင့် အခွန်ငွေလေလွင့်မှုတချို့လဲ ရှိနေတယ် ၊ ဒါကြောင့် စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ဖွဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ အရ အရေးယူခဲ့တာတွေ လဲ ရှိတယ်’ လို့ ပြောပါတယ် ။


Source : The Kumudra

Facebook comments