အထူးသဖြင့် ဆောက်လုပ်ဆဲ ကွန်ဒိုများအရောင်းအ၀ယ်ကျ ဆင်းနေရာ မှ လျှော့ဈေး အချို့ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းများ ရှိသော် လည်း အရောင်းအ၀ယ် ကျဆင်းနေဆဲဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များက ပြောသည်။
ကာလကြာရှည် အရောင်း အ၀ယ်အေးနေသော အိမ်ခြံမြေ ဈေးကွက် သည် နှစ်သစ်၌ စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီများ ဖွင့်လှစ်ရန်၊ ရုံးခန်းများဖွင့်လှစ်ရန် လိုက်လံ ငှားရမ်းခြင်း၊ ၀ယ်ယူခြင်းများသည် မေလ လယ်လောက်မှသာ အရောင်းအ၀ယ်ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိလုံးချင်းများရှိသော ဗဟန်း၊ ရန်ကင်းနှင့် တောင်ဥက္က လာပကဲ့သို့ မြို့ နယ်များတွင် နေ ရာပေါ်မူတည်၍ ကျပ် သိန်း ၇၀၀ မှ သိန်း ၅,၀၀၀ အထိေ ပါက်ဈေးရှိနေပြီး ယခင်နှစ်က ဈေးနှုန်းများအတိုင်းပင် ကျဆင်းလာခြင်း မရှိေ ပ။
လှိုင်၊ စမ်းချောင်း၊ တာမွေ မြို့နယ်များတွင် ရပ်ကွက်များအ တွင်း ဆောက် လုပ်ပြီးစီးသွား သည့် ကန်ထရိုက်တိုက်အရေအ တွက် များပြားလာပြီး အမှန် တကယ်နေထိုင်မည့်သူများသာ အ များဆုံးဝယ်ယူကြကာ ဈေးကစား သူများ ၀ယ်ယူမှု လျော့ကျလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ကန်ထရိုက်တိုက်ခန်းများ တွင် ယခင် မြေညီထပ်မှာ ကျပ် သိန်း ၁,၀၀၀ ခန့်ဖြင့် ရောင်းချနေ ရာမှ သင်္ကြန်အပြီးတွင် ကျပ်သိန်း ၉၀၀ ခန့်အထိေ ဈးနှုန်းများလျှော့ ချရောင်းချနေသော်လည်း ၀ယ်ယူမည့်သူ လျော့နည်းနေေ ကြာင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
Sourece : 7DayDaily