09-261334475

ရွှေဆိုင်များသို့ ကျပ်ငါးထောင်နှင့် တစ်သောင်းတန် အခွန်တံဆိပ်ခေါင်းများ ဖြန့်ဝေမည်

အခွန်ကောက်ရန် ကျပ် ငါးထောင်တန်နှင့် တစ်သောင်း တန်တံဆိပ်ခေါင်း များကို ရွှေဆိုင်များသို့ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ပြည်ထောင်စုအခွန်ကောက် ဥပဒေအရ ရွှေထည်များအတွက် အခွန် ၁ ရာ ခိုင်နှုန်းကောက်ယူ မှုကို ဧပြီ ၁ ရက်တွင် စတင်ရမည်ဖြစ်သော်လည်း အခွန် တံဆိပ်ခေါင်းများအချိန်မီ မရရှိသော ကြောင့် မေလမှသာ စတင်မည် ဖြစ်သည်။

ထို့ကြောင့် ရွှေဆိုင်များတွင် အခွန်ကောက်ယူခြင်းကို ယခင် နည်းအတိုင်း ကောက်ခံစေပြီး တံဆိပ်ခေါင်းခွန်ရမှသာ စနစ် ပြောင်းကောက်မည် ဖြစ်ေ ကြာင်း ဦးမင်းထွဋ်က ဆက်လက်ပြော ကြားသည်။

‘‘တံဆိပ်ခေါင်းမှာထားတာ မရသေးဘူး။ နောက် ၁၀ ရက်လောက်ဆိုရပြီ။ တံဆိပ်ခေါင်းအခွန်က အရင်ပုံစံတွေအပြင် ငါးထောင်တန်နဲ့ တစ်သောင်း တန်တွေပါပါမယ်’’ ဟု ၎င်းက ပြောသည်။ ယခင်က ရွှေဆိုင်များကို အ ခွန်ေ ကာက်ခံရာတွင် ရောင်းအား ကို ခန့်မှန်းတွက်ချက်ပြီး အခွန် ဆောင်စေခြင်း ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် ရွှေဝယ်သူများကို အခွန်ကောက်ခံ ခြင်းမရှိသေးေ ကြာင်း ဧပြီ ၂၃ ရက်၌ ရွှေဝယ်ယူခဲ့သူ ဒေါ်မာမာညွန့်က ပြောသည်။

ရွှေဝယ်သူအချို့က အခွန် ဆောင်ရန် လို၊ မလို မေးသော်လည်း အခွန်ကောက် ရန် အခွန် ဌာနက မည်သည့် ညွှန်ကြားချက်မှ မရှိသေး၍ မကောက်ခံသေး ကြောင်း အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

‘‘အခု မဆောင်ရသေးဘူး ပြောထားပါတယ်။ အန်ကယ်တို့ က ကောက်ပြီး ဘယ်လိုပေးရမှန်း လည်း မသိဘူး။ ကောက်ဖို့လည်း အခွင့်အာဏာ ပေးထား တာမရှိ ဘူး။ ဒါကြောင့် မကောက်သေး တာ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

၂၀၁၇ ပြည်ထောင်စုအခွန် ကောက်ဥပဒေအရ လက်ဝတ် ရတနာရွှေထည် ၀ယ်ယူသူများ သည် အခွန် ၁ ရာခိုင်နှုန်းနှင့် အ ခေါက်ရွှေဝယ်ယူသူများသည် ၅ ရာခိုင်နှုန်းအခွန်ဆောင်ရမည် ဖြစ် သည်။ လက်ဝတ်ရတနာများတွင် အခွန်ေ ကာက်ခံမှုများ ရှိသော် လည်း မီးလင်းတုံး အခေါက်ရွှေ တုံးများကို အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုမရှိသေးကြောင်း ရွှေ ကုန်သည် ဦးဝင်းမြင့်က ပြောကြားသည်။


Source : 7DayDaily

Facebook comments