09-261334475

စင်္ကာပူရဲ့ UOB ဘဏ်ကနေတဆင့် မြန်မာနိုင်ငံဆီမှာ လာရောက်ရင်းနှီးမြုပ်နှံထားမှုပေါင်း ဒေါ်လာသန်း ၈၃၀ ကျော်ထိ ရှိလာ

စင်ကာပူရဲ့ ဘဏ်လုပ်ငန်းအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့
United Overseas Bank ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က 
ရန်ကုန်မှာ ဘဏ်ခွဲတစ်ခု လာရောက်ဖွင့်လှစ်ထားပြီးနောက်
ပိုင်း ယခုအချိန်မှာတော့ ယင်းဘဏ်ကနေတဆင့် မြန်မာနိုင်ငံဆီ ၀င်ရောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏပေါင်း ဒေါ်လာ သန်း 
၈၃၀ ကျော်ထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံဆီ ၀င်ရောက်ထားတဲ့ ယင်းရင်းနှီးမြှုပ်နှံငွေ အများစုက 
တရုတ်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်း တို့လိုမျိုး အာရှဒေသရဲ့ အင်အားကြီးစီးပွားရေးနိုင်ငံတွေမှာ အခြေစိုက်တဲ့ လုပ်ငန်း
ကုမ္ပဏီတွေဆီကနေ လာရောက်တာဖြစ်တယ်လို့လည်း 
သိရပါတယ်။

အဆိုပါ ကုမ္ပဏီတွေအနေနဲ့ ကုန်ထုတ်လုပ်မှု၊ ဧည့်ခံကြိုဆိုရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ အဓိက ထည့်ဝင်လုပ်ကိုင်နေတာဖြစ်ပြီး
ယင်းတို့ရဲ့ မြန်မာနိုင်ငံဆီမှာ လာရောက်လုပ်ငန်းတိုးချဲ့မှုတွေကို လွယ်ကူအဆင်ပြေစေဖို့ UOB က ကူညီဆောင်ရွက်ပေးထား
တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကုမ္ပဏီတွေအနေနဲ့ အ
သင်းအဖွဲ့ဆိုင်ရာ ချေးငွေတွေ ထုတ်ချေးမှု၊ အခြား စီမံကိန်းဆိုင်
ရာ ဘဏ္ဍာရေးထောက်ပံ့မှုလိုမျိုး နည်းလမ်းတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကိုင်နေတာဖြစ်ပါတယ်။

“ မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ အခြေခံအဆောက်အအုံ 
ကဏ္ဍအတွက် လိုအပ်ချက်မြင့်မားနေတာကြောင့် ခုလို နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအလားအလာတွေကို စိတ်ဝင်တစားရှိနေတဲ့ ကုမ္ပဏီတွေကို ဆွဲဆောင်ဖိတ်ခေါ်ထားနိုင်နေတာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ဒေသတွင်း
က ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုပိုင်းမှာ ထောက်ကူပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ကူညီပေးထားနိုင်ခဲ့
ပါတယ်” လို့ UOB ရဲ့ မန်နေးဂျင်း ဒါရိုက်တာ Ian Wong က
ပြောသွားပါတယ်။

အလားတူ ယမန်နှစ်တုန်းက UOB က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်အရတော့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ 
ထိုင်း၊ တရုတ်နဲ့ ဟောင်ကောင်တို့က လုပ်ငန်းကုမ္ပဏီ ၂၀ ရာခိုင်နှုန်းလောက်ဟာ လာမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်း
မြန်မာနိုင်ငံဆီက လာရောက်ချဲ့ထွင်လုပ်ကိုင်ဖို့အစီအစဉ်တွေ
ရှိထားတယ်လို့ ဖြေဆိုထားတယ်လို့ သိရပါတယ်။

Source : The Strait Times

Facebook comments