09-261334475

သင်္ကြန်ကာလအတွက် ကမ်းခြေနှင့် အပန်းဖြေစခန်းရှိ ဟိုတယ်များ အခန်းခဈေးနှုန်း နှစ်ဆမြင့်တက်

သင်္ကြန်ကာလအတွက် ကမ်းခြေများနှင့် အပန်းဖြေနေရာများရှိ ဟိုတယ်အခန်းများ ကြိုတင်စာရင်းပေး သွင်းမှုများနေပြီး 
အခန်းခဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လျက်ရှိကြောင်း 
စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလအတွင်း ရက်ရှည်ခရီးထွက်ရန်အတွက် ပြည်တွင်းမှ အခန်းကြိုတင်ဘွတ်ကင်ပြုလုပ်မှု များပြားလျက်ရှိသော
ချောင်းသာကမ်းခြေ၊ ငွေဆောင် ကမ်းခြေ၊ ငပလီကမ်းခြေ၊ မြိတ်၊ 
ထားဝယ်၊ ကော့သောင်း၊ ပြင်ဦးလွင်နှင့် မော်လမြိုင်ဒေသတို့တွင် အခန်းခဈေးနှုန်းများမှာ ပုံမှန်အချိန်များထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနှင့် တချို့ဟိုတယ်များတွင် အများဆုံး နှစ်ဆအထိ အသီးသီး မြင့်တက်လျက်ရှိကြောင်း သိရသည်။

ရွှေဟင်္သာဟိုတယ်(ချောင်းသာ)မှ တာဝန်ရှိသူတဦးက ''သင်္ကြန်တွင်းအ
တွက် အခန်းတွေ အနည်းငယ် ကျန်သေးတယ်။ ကြိုတင်လက်ခံထားတာတွေက တ၀က်လောက်ရှိပါတယ်။ အခု လက်ခံထားတဲ့ ဈေးနှုန်းက သင်္ကြန်ဈေးနှုန်းပေါ့။ ဈေးနှုန်း ပုံမှန်ထက်နှစ်ဆတက်တယ်။ နှစ်ယောက် ခန်းတခန်းကို ၆၆,၀၀၀ ဆိုရင် သင်္ကြန်မှာ နှစ်ဆဖြစ်တယ်။ ဒါက နှစ်တိုင်းလည်း ဒီလို ဈေးတက်နေကျဖြစ်ပါတယ်''ဟု ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်များတွင်လည်း မြန်မာနိုင်ငံခရီးသွားဒေသများရှိ ဟိုတယ်အခန်းခများ ပုံမှန်မြင့်တက်လေ့ ရှိကြောင်းနှင့် ငပလီ၊ မြိတ်၊ ထားဝယ်တို့တွင် အခန်းများ၏ ၇၀ ရာခိုင်နှုန်းအားကြိုတင်ဘွတ်ကင် ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။''အစ်မတို့ဆီမှာ သင်္ကြန်တွင်းအတွက် အခန်းတွေအကုန်လုံး
ပြည့်နေပါပြီ။ ရှေ့ရက်ပိုင်းလေးတွေဆိုရင်တော့ ရနိုင်ပါတယ်။ 
အစ်မတို့ဆီမှာ လုံးချင်းတိုက်ခန်းတွေ ပိုများတယ်။ ဈေးနှုန်းတွေကတော့ တသိန်းခြောက်သောင်း၊ နှစ်သိန်းပါ။ ဘန်ဂလိုတွေ ပိုများတယ်။ 
ပုံမှန်လတွေဆို ရင် တ၀က်တိတိဈေးကျတယ်''ဟု Golden Coconut Garden ဟိုတယ် (ငပလီ)မှ တာဝန်ရှိသူတဦးက ပြောသည်။

သို့ရာတွင် ထင်ရှားကျော်ကြားသည့် ပြည်တွင်းခရီးသွားဒေသများဖြစ်ကြသော ပုဂံ၊ အင်းလေး၊ တောင်ကြီး၊ ကလော၊ တောင်ငူ စသည့် ဒေသများတွင်မူ သင်္ကြန်ကာလတွင် အခန်းခဈေးနှုန်းများ သိသိသာ သာ မြင့်တက်မှုမရှိဘဲ ပုံမှန်နှုန်းထားအတိုင်းသာရှိကြောင်း သိရသည်။

''နွေရာသီဆိုတော့ ကမ်းခြေတွေမှာ နှစ်ဆဖြစ်နေတယ်။ သင်္ကြန်အတွက် အခန်းတော်တော်များများက Fully Booked ဖြစ်နေပါပြီ''ဟု ပြင်သစ်အခြေ စိုက်အွန်လိုင်းဟိုတယ် ဘွတ်ကင်ဝန် ဆောင်မှုဝက်ဆိုက်ဒ် Jovago မှ မန်နေဂျင်းဒါရိုက်တာ Mr. Frans Mass က ပြောသည်။

ငွေဆောင်တွင် နှစ်ယောက်အခန်းတခန်းလျှင် ပုံမှန်ဈေးကျပ် ၆၆,၀၀၀ မှ ၉၉,၀၀၀ အထိရှိကာ မိသားစု အဲယားကွန်းမပါအခန်းများမှာ ကျပ် ၈၈,၀၀၀ မှစ၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း၊ အလားတူ ငပလီကမ်းခြေတွင် အနိမ့်ဆုံးကျပ် ၉၀,၀၀၀ မှစတင်၍ အခန်းဈေးနှုန်းအမျိုးမျိုးရှိကြောင်း၊ ယင်းဈေးနှုန်းများမှာ သင်္ကြန်တွင်း၌ နှစ်ဆတက်မည်ဖြစ်ကြောင်း သိရသည်။

Source : News Watch

Facebook comments