''ကျွန်တော်တို့ အတွေ့အကြုံအရ ဘာဖြစ်လဲဆိုရင် Developer ပဲ။ စက်မှု ဇုန် တစ်ခုကို Developer လုပ်မယ်ဆိုပြီးတော့ ကိုယ်တကယ် လုပ်နိုင်စွမ်း မရှိဘဲ အခွင့်အရေးကို ရအောင်ယူတယ်။ ပြီးတော့လာပြီး ရင်းနှီးမြှုပ်နှံမှု ရှိ လား။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ခေါ်ပြီး တော့ ကျွန်တော် တို့ နေရာပေးပြီးတော့ Develop လုပ်တယ်ဆိုတာဟာ နည်းလမ်း မမှန်ပါ ဘူး။ Developer ပိုင်း မှာဆိုရင်လည်းပဲ Consortium ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ြ ဖစ် Develop လုပ်ချင်ရင် တကယ်လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်ေ တ်ာတို့ပေးသွားမှာပါ။ ဒါပေမဲ့ အရင်လိုသူများအရင်းအနှီးကို ကိုယ့်အရင်း အနှီး အ ဖြစ် Develop လုပ်တဲ့စနစ်ကိုတော့ ကျွန်တော်လက်ခံသွားမှာ မဟုတ်ပါဘူး။ တကယ်လုပ်နိုင်ရမယ်။ သတ် မှတ်ထားတဲ့ အချိန်ကာလ အ တွင်းမှာ Develop လုပ်နိုင်ရမယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ အဆို ပါ အသစ်ဖော်ထုတ်မည့် စက်မှုဇုန်များတွင် ပြည်တွင်းမှ ပုဂ္ဂလိက လုပ်ငန်း ရှင်များသာမက၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ပါဝင်ခွင့်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ သည်။
Source : Democracy Today