စည်ပင်သာယာ ဥပဒေ ပုဒ်မတွေအရ အိမ်ပိုင်ရှင်ဖြစ်သူအနေနဲ့ အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်တွေကို ဧပြီလ ၁ ရက်မှကစပြီး မဖြစ်မနေလျှောက် ထားရ မှာဖြစ်ကာ လိုင်စင်လျှောက်ထားတာတွေ မလုပ်ဆောင်ပါရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီသန့်ရှင်းရေးဌာန၊ ဌာနမှူး ဦးလှမျိုးက ပြောပါတယ်။
အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်မှာ ဥပဒေ ပြဋ္ဌာန်းပြီး ဖြစ်သော်ပေမယ့် အိမ်ပိုင် ရှင်တွေအနေနဲ့ မေ့လျော့နေတာဖြစ်ပြီး ဒီလို လုပ်ငန်းလိုင် စင်လျှောက်ထားပြီး အခွန်ကောက်ခံရတာက စီးပွားဖြစ် အိမ်ငှားရမ်းနေသူများအတွက်ရည်ရွယ်ကာ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တချို့က အိမ်ငှားတဲ့လုပ်ငန်းကိုစီးပွားရေး လုပ်ငန်းကြီးတစ်ခုအနေနဲ့ လုပ်နေ ကြတဲ့သူတွေ ရှိတယ်။ အိမ်ငှားလုပ်ငန်းလိုင်စင်ဆိုတာကလည်း အခုမှ ဖြစ် လာတာ မဟုတ်ပါဘူး။ အရင်ကတည်းက ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ကျွန်ေ တ်ာတို့က အခွန်ရှောင်နေတဲ့သူတွေကို ပြန်လိုက်တဲ့သဘောပေါ့”လို့ ဦးလှမျိုး က ရှင်းပြပါတယ်။
ပြည်တွင်းအိမ်ငှားလုပ်ငန်းက မိရိုးဖလာလုပ်ငန်းအဖြစ်သာ ရှိနေသေးပြီး မြို့ေ တ်ာစည်ပင်သာယာရေး ကော်မတီက လုပ်ငန်းလိုင်စင်လျှောက်ထားစေပြီး အခွန်ကောက်ခံတာက ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဒီလို အခွန်ကောက်ခံနေတာတွေကို အိမ်ရှင်များအနေနဲ့ လက်ခံရမှာဖြစ်ပြီး စည်ပင်အနေနဲ့လည်း အိမ်ရှင်နဲ့အိမ်ငှားတွေအကြား အငြင်းပွားဖွယ်ကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးဖို့လိုတယ်လို့ မန္တလေးမြို့ ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်ဦးဝဏ္ဏစိုးက ပြောပါတယ်။
အိမ်ငှားရမ်းခြင်း လုပ်ငန်းလိုင်စင်လျှောက်ထားတာနဲ့ပတ်သက်ပြီး အများပြည်သူသိရှိစေဖို့ ပညာပေး ကာလအဖြစ် ၂၀၁၇ ဧပြီလကနေ ဇွန်လအထိသတ်မှတ်ထားပြီး ပညာပေးကာလ ပြည့်ပြီးနောက်မှာ အိမ်ငှားရမ်းခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားတာမရှိရင် ဥပဒေအတိုင်း အရေးယူခံရမှာဖြစ်ပြီး အိမ်ငှားရမ်းခြင်း၊ လုပ်ငန်းလိုင်စင်အရ ငှားရမ်းခရဲ့ ငါးရာခိုင်နှုန်းကို အခွန်ကောက်ခံမယ်လို့ ဆိုပါတယ်။
Source: The Voice