လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ အငှားအိမ်ရာ တည်ဆောက်ဖို့အတွက် ဘတ်ဂျက်သီးသန့် ချပေးတာမျိုး မရှိသေးဘူး လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ် ။
ဆောက်လုပ်ရေး ဝန်းကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန် ဖိုးမြင့် ၊ တန်ဖိုးသင့် ၊ တန်ဖိုးနည်း စတဲ့ အိမ်ရာတွေ တည်ဆောက်ြ ပီး ရောင်းချပေးနေသလို အငှားအိမ်ရာတွေ တည်ဆောက်ပြီး နှစ်ရှည် ငှား ရမ်းတာတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုး ရတွေကို ပြည်ထောင်စုဘတ်ဂျက်ကျပ် ၄၆ ဘီလျံနဲ့ အငှားအိမ်ရာတွေ တည်ဆောက်ဖို့အတွက် ဘတ်ဂျက်ချပေးခဲ့ပြီး စုစုပေါင်း အိပ်ခန်းပေါင်း ၄၀၀၀ ကျော် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးမြင့် က ‘၂၀၁၅ - ၂၀၁၆ က ၄၆ ဘီလျံက တစ်တိုင်းပြည်လုံးအတွက် ချပေးခဲ့ တာပါ ၊ အကြမ်းဖျင်းပြောရရင် အခန်း ၄၀၀၀ ကျော် သိန်း ၁၀၀ ဝန်းကျင်မျိုး လုပ်ခဲ့တာ ၊ ဒီနှစ်အတွက်က အငှားအိမ်ရာ အတွက် သီးခြားချပေး တာ လောလောဆယ်တော့ မရှိသေးပါဘူး’ လို့ ပြောပါတယ် ။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အငှားအိမ် ရာ အဖြစ် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဗန္ဓုလအငှားအိမ်ရာကို တည်ဆောက်ခဲ့ ပါတယ် ။ သည်အငှားအိမ်ရာက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းထောင့်က မြေ ၁၂ ဧကပေါ်မှာ တည်ေ ဆာက်ထားတာ ဖြစ်ပါတယ် ။ ဗန္ဓုလအိမ်ရာကို တစ်လ ကျပ် ၃၀,၀၀၀ နဲ့ ငှားရမ်းဖို့ စီစဉ်ထားတာဖြစ်ပါတယ် ။
မန္တလေးမြို့မှာ အောင်မြေသာစံမြို့နယ် ၁၂ လမ်းနဲ့ ၂၁ လမ်းကြားမှာလည်း အိမ်ခန်းပေါင်း ၁၅၀၀ ကျော်ပါဝင်တဲ့ အငှားအိမ်ရာကို တည်ဆောက်ခဲ့ပြီး အခန်းငှားခတွေကို ကျပ် ၃၅,၀၀၀ ကနေကျပ် ၁၅,၀၀၀ နဲ့ ငှားရမ်းဖို့ စီစဉ် ထားတာဖြစ်ပါတယ် ။
လက်ရှိအစိုးရလက်ထက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငါးနှစ်စီမံကိန်းနဲ့ အငှားအိမ်ရာ စုစုပေါင်း ရန် ကုန်တိုင်းဒေသကြီးမှာ အိမ်ခန်းပေါင်း ၄၆၀၀ ခန့် ၊ မန္တလေးတိုင်းဒေသကြီး မှာ အိမ်ခန်းပေါင်း ၂၆၀၀ ခန့်တည်ဆောက်ဖို့ကိုလည်း လျာထားတယ်လို့ သိ ရပါတယ် ။ ငါးနှစ်အတွင်း အငှားချအိမ်ရာစုစုပေါင်း ၇၀၀၀ ခန့်တည်ေ ဆာက်ဖို့ လျာထားတာဖြစ်ပါတယ် ။
Source: The Kumudra