09-261334475

ဘီစီစီမကျသေးတဲ့ တိုက်ခန်း ဝယ်ယူငှားရမ်းနေထိုင်သူကို အရေးယူလို့ မရ

နေထိုင်ခွင့် ဘီစီစီ (BCC) မကျသေးတဲ့ တိုက်ခန်းတွေကို ငှားရမ်းနေ ထိုင်နေကြတဲ့ သူတွေကို ဥပဒေအရ အရေးယူလို့ မရနိုင်ဘူးလို့ သိရပါ တယ် ။

အရင်တုန်းကတော နေထိုင်ခွင့်မကျသေးတဲ့ တိုက်ခန်းတွေမှာ နေထိုင်လို့ လုံးဝမရနိုင်သလို ငှားရမ်းခွင့် ရောင်းချခွင့်တွေလည်း မရှိဘူးလို့ သိရပါတယ် ။ သည်လိုနေထိုင်ခွင့်မရှိတဲ့ တိုက်ခန်းတွေကို ငှာနတွေက အတိအကျ ကြေ ညာပေးဖို့ လိုအပ်ပါတယ် ။

‘အိမ်တွေတိုက်ခန်းတွေ ဝယ်တယ်ဆိုတာ နေချင်လို့ ဝယ်ကြတာလေ ၊ သူတို့ တွေကလဲ နေထိုင်ခွင့်ရှိတာတွေ မရှိတာတွေကို မသိဘူး ၊ နေထိုင်ခွင့်ရှိလား ၊ BCC ရှိလားဆိုတာကိုတော့ တော်ရုံတန်ရုံကြည့်ပြီးမှ ငှားကြတာ မဟုတ်ေ တာ့ဘူး ၊ ဌာနဆိုင်ရာတွေကလဲ တိတိကျကျ အရေးယူတာတွေ ကို ပြုလုပ် သင့်တယ် ၊ တာဝန်ရှိသူတွေက ဆောက်လုပ်ခွင့်တွေ ချပေးလိုက်တာနဲ့ အ တူ နေထိုင်ခွင့်မကျရင် တက်ရောက်နေထိုင်ရင် အရေးယူမယ်ဆိုတာတွေ ကို သေသေချာချာ ထုတ်ပြန်သင့်တယ်’ လို့ ရှေ့နေ ဦးတင်သန်းဦးက ပြော ပါတယ် ။ 

သည်လိုနေထိုင်ခွင့်တွေကို ကန်ထရိုက်တွေ ၊ မြေရှင်တွေက လုပ်ရမယ့် ကိစ္စတွေဖြစ်ပြီး အိမ်ငှားသူတွေ ၊ ဝယ်ယူသူတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိ ရပါတယ် ။ နေထိုင်ခွင့်မရှိတဲ့ တိုက်ခန်းတွေမှာ ငှားရမ်းဝယ်ယူနေထိုင်မိမယ် ဆိုရင် ဖယ်ရှားတာတွေလုပ်ပေမဲ့ ငှားရမ်းနေထိုင်သူတွေနဲ့ တစ်ဆင့် ဝယ်ယူ သူတွေကို အရေးယူလို့ မရနိုင်ဘူးလို့ သိရပါတယ် ။


Source: The Kumudra

Facebook comments