၂၀၁၂ လယ်ယာမြေ ဥ ပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများပြုလုပ်နိုင်ရန် တိုင်းနှင့် ပြည်နယ် ငါးခုမှ တောင်သူလယ် သမားကိုယ်စားလှယ်များ ပါဝင် သည့် တွေ့ဆုံဆွေးနွေးပွဲကို မကွေးမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်။
မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့မှ တောင်သူကိုယ်စား လှယ် ၇၀ ကျော် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
‘‘အဓိကပြင်ဆင်ရမယ့်၊ ဖြည့်စွက်ရမယ့် ဥပဒေက ၃၀ ကျော်လောက် တွေ့ရှိဆွေးနွေး ထားတယ်။ ဥပဒေတွေက အာ ဏာသက်ရောက်မှုရှိနေရမယ်။ ဥပ ဒေကပေါ်လာပြီး အာဏာသက် ရောက်မှုမရှိတာတွေရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့က ဥပဒေ က အာဏာသက်ရောက်ဖို့ ပေါ် လာတဲ့ဥပဒေက တကယ့်တောင် သူလယ်သမားဘဝကို ဖွံ့ဖြိုးတိုး တက်စေတဲ့၊ တရားမျှတတဲ့ ဥပဒေဖြစ်ဖို့ တောင်သူလယ်သမား ခေါင်းဆောင်တွေနဲ့ ပြင်ပပညာ ရှင်တွေနဲ့ အစဉ်တစိုက် ကြိုးစား သွားသင့်တယ်လို့ယူဆပါတယ်’’ ဟု ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေး နွေးခဲ့သည့် လယ်ယာမြေဥပဒေ ကျွမ်းကျင်သူ ဦးအောင်ကျော် ကျော်ကပြောသည်။
ချင်းပြည်နယ်တွင်နေထိုင် သည့် တောင်သူလယ်သမား အများစုသည် တောင်သူလယ်သ မားအခွင့်အရေးနှင့် လယ်ယာ မြေဥပဒေများကို နားမလည်ကြ ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ တောင်သူလယ်သမားများ၏ လယ်ယာမြေဥပဒေနှင့် ပတ်သက် သည့် ဆွေးနွေးပွဲကို တက် ရောက်၍ ချင်းတောင်သူများအား ပြန်လည်ဝေမျှနိုင်ရန် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ချင်းပြည်နယ်တီးတိန်မှ လျာကျိန်ကွပ်ကိမ်ကဆိုသည်။
‘‘ကျွန်တော်တို့ဆီမှာ အများ ဆုံးကြုံနေရတာက စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပဲ။ အသုံးမပြုလို့ပြန်လည်စွန့် လွှတ်တဲ့အခါ သူတို့သိမ်းထားချိန် က နီးစပ်ရာသီးစားချပေးခဲ့တဲ့ သူတွေက အဲဒီလယ်ယာမြေကို ပိုင်ဆိုင်နေတယ်။ နဂိုမူလပိုင်ရှင် ဆီကို ပြန်မရတော့ဘူး။ အဲဒါ ကြောင့် တောင်သူတွေအချင်း ချင်း ပြဿနာတွေ အများကြီးဖြစ် ကြရတယ်’’ဟု မကွေးတိုင်း ဂန့် ဂေါခရိုင်တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ် ဦးလှမျိုး အောင်ကပြောသည်။
တောင်သူအများစု ရင်ဆိုင် နေရသည်မှာ သိမ်းဆည်းခံလယ် ယာမြေများ ထိုက်တန်သည့်လျော်ကြေးမရရှိခြင်း၊ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများတွင်လည်း မူလပိုင်ရှင်များ ပြန်လည်မရရှိဘဲ သီးစားချ ားသူများပိုင်ဆိုင်ခွင့်ရနေခြင်းနှင့် ပုံစံ(၇) ပြုလုပ်ရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းများဖြစ်ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်သူ တောင်သူအများစုက ပြော ကြားသည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံ တွေ့ဆုံပွဲမှာပြော ခဲ့တဲ့စကားကို ယုံကြည်သလို ထောက်လည်းထောက်ခံပါ တယ်။ တောင်သူလယ်သမား တွေနဲ့ပတ်သက်ပြီး ဥပဒေကိုသေ ချာလေ့လာပြီးရင် ပြင်ဆင်ချင်တဲ့ အချက်တွေကို ပြည်ထောင်စု လွှတ်တော်ကိုတင်ပြပါ၊ ချက်ချင်း လုပ်ပါဆိုတာကိုပေါ့။ အများကြီး မဟုတ်တောင် ဒီအစိုးရလက် ထက်မှာ တောင်သူတွေရဲ့ အခွင့် အရေးအတွက် ၃၅ ရာခိုင်နှုန်း လောက် အောင်မြင်လိမ့် မယ်လို့ မြင်ပါတယ်’’ဟု ပဲခူးတိုင်းမှ လာ ရောက်သည့်လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူ များအဖွဲ့ဒါရိုက်တာ ဦးဂျင်မီကပြောသည်။
Source : 7day Daily News