09-261334475

ထားဝယ်မြို့ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်လျှောက်လွှာ ရောင်းချမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ၊ စုပေါင်းရုံးအနီး ဆောက်လုပ်နေတဲ့ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်လျှောက်လွှာတွေကို မတ်လအ တွင်း ရောင်းချမှာဖြစ်ပါတယ် ။

အခန်း ၇၂ ခန်းပါဝင်တဲ့ လေးထပ်အဆောက်အအုံလေးလုံး တည်ဆောက် မှုပြီးစီးတော့မှာ ဖြစ်တယ် ။ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးရောင်းချ မှာပါ ။ လုပ်သက်နုဝန်ထမ်းနဲ့ နေစရာအခက်အခဲရှိတဲ့ ပြည်သူတွေကို ဒုတိယ ဦးစားပေးရောင်းချမယ်လို့ သိရပါတယ် ။

တိုင်းဒေသကြီး အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးသိန်းအောင်က ‘တန်ဖိုးထဲ မှာတော့ မြေပိုင်ဆိုင်မှုနဲ့ မြေတန်ဖိုးမပါဘူး ၊ တိုက်ခန်းတန်ဖိုး ကိုတော့ ဈေးနှုန်း စိစစ်ရေးကော်မတီဖွဲ့ပြီး တွက်ချက်နေတာရှိတယ် ၊ လောလောဆယ်တော့ တက်မလာသေးဘူး’ လို့ ပြောတယ် ။
လက်ငင်းစနစ်နဲ့ ရောင်းမှာလား ၊ အရစ်ကျရောင်းမှာလားမသိရသေးပါဘူး ။ တိုက်ခန်းရောင်းချရငွေကို တန်ဖိုးနည်းအိမ်ရာတွေ ပြန်လည်ဆောက် မှာဖြစ်လို့ အရစ်ကျစနစ်နဲ့ ရောင်းရင်လည်း နှစ်ရှည်စနစ်တော့ မဟုတ်နိုင် ဘူးလို့ ဆိုပါတယ် ။

ထားဝယ်မြို့က အငြိမ်းစားဝန်ထမ်းတစ်ဦးက ‘ဝန်ထမ်းအတွက်တော့ တစ်လုံး တစ်ခဲတည်းအပြီးသွင်းဝယ်နိုင်ဖို့ဆိုတာက မလွယ်ပါဘူး ။ အရစ်ကျ စနစ်မှာလဲ ရေရှည်ငွေပေးသွင်းလို့ရတဲ့ စနစ်မရနိုင်ဘူးဆိုတော့ အစိုးရ အနေနဲ့ ဝန်ထမ်းတွေ တတ်နိုင်တဲ့ ငွေပမာဏကို တွက်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အရစ်ကျစနစ်မျိုးနဲ့ ရောင်းချပေးနိုင်ဖို့ လိုတယ်’ လို့ ပြော ပါတယ် ။


Source: The Modern

Facebook comments