09-261334475

ကွန်ဒိုတိုက်ခန်း အရောင်းထက် အငှားပိုဖြစ်

ကွန်ဒိုတိုက်ခန်းတွေကို အခုနောက်ပိုင်းမှာ ဝယ်ယူတာထက် ငှားရမ်းနေ ထိုင်တာတွေက ပိုမိုများပြားလာတာကို တွေ့ရပါတယ် ။

‘ကွန်ဒိုတွေကို ငှားတာတွေလုပ်ကြတာ များတယ် ၊ ဝယ်တာ ကျတော့ ဆောက်လက်စတွေကိုဆိုရင် ကြိုပွိုင့်စနစ်တွေနဲ့ ဝယ်လာကြ တာများတယ် ၊ ပြီးရင် ဆောက်ခွင့်ပိတ်တယ်ဆိုရင် ဆက်ဆောက်မရတော့ ဝယ်ထားတာတွေ ဆုံးရှုံးတယ် ၊ အဲဒီတော့ နိုင်ငံခြားသားတွေရော လုပ်ငန်း လုပ်တဲ့သူတွေရောက ကွန်ဒိုတွေဆိုရင် ငှားနေကြတာ များတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ် ။
နိုင်ငံခြားက လာရောက်နေထိုင်သူတွေနဲ့ လုပ်ငန်းကြီးလုပ်ကိုင်သူတွေက ကွန်ဒိုတိက်ခန်းတွေကို လုပ်ငန်းအတွက် ရုံးခန်းတွေဖွင့်ဖို့ အများဆုံး ငှားရမ်း တာတွေ ၊ ဝယ်ယူတာတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ် ။

အခုနောက်ပိုင်းမှာတော့ ဝယ်ယူတာတွေထက် ငှားရမ်းတာတွေ ပိုများပြားနေပါတယ် ။ ငှားရမ်းတဲ့ အခါမှာလည်း ဒေါ်လာနဲ့ ငှားရမ်းတာတွေ အခုနောက်ပိုင်းမှာ အများပြားလုပ်ကိုင်လာတာကို တွေ့ရပါတယ် ။နိုင်ငံခြား သား ငှားရမ်းတာတွေ အများဆုံးဖြစ်ပြီး ဝယ်ယူတာတော့ နည်းပါးနေ ပါသေးတယ် ။ ငှားရမ်းရာမှာလည်း လချုပ်တွေနဲ့ အဓိက ငှားရမ်းနေ တာဖြစ်ပြီး လချင်းရှင်းစနစ်နဲ့ ငှားရမ်းတာ နည်းတယ် ။

Source: The Modern

Facebook comments