09-261334475

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မြေနေရာ အခြားစီမံကိန်း ကမ်းလှမ်းမှုတွေရှိ

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကြီးရဲ့ မြေနေရာမှာ အခြားမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့ကမ်းလှမ်းတာတွေရှိနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရပါတယ်။

လက်ရှိအခြေအနေအရ သည်လို ကမ်းလှမ်းမှုတွေ ရှိနေပေမဲ့လည်း ပြည်သူတွေ အပန်းပြေဖို့ ရည်ရွယ်ချက်ကြောင့် အခြားစီမံကိန်းတွေကို လက် ခံဆောင်ရွက်ခြင်း မရှိတာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပြောပါတယ်။

သူက အဲဒီမြေနေရာအကျယ်ကြီးကို နောက်ဆုံးငှားထားဦး ဝင်ငွေ ဒီထက် များတယ် ဆိုတာတွေပြောတယ်၊ ဒီထက် မြတ်နိုင်တဲ့ စီမံကိန်းကြီးတွေ လုပ် ပါဆိုပြီး ပြောတာတွေရှိတယ်၊ သို့ပေမဲ့ ဒီလိုတိရစ္ဆာန် ဥယျာဉ်တွေ ဖွင့်တယ် ဆိုတာ ပြည်သူတွေ အပန်းပြေဖို့သက်သက်၊ ဗဟုသုတရဖို့ သက်သက် အတွက်ကိုပဲ ရည်ရွယ်ပြီးဖွင့်ပေးနေတာ၊ ရှုံးတယ်မြတ်တယ်ဆိုတာ တွက်လို့ မရဘူးလို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တိရစ္ဆာန် ဥယျာဉ်လေးခုရှိပါတယ်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၊ မန္တလေးတိရစ္ဆာနန်ဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာ ရီ တို့ကို ဖွင့်လှစ်ထားတာဖြစ်ပြီး တိရစ္ဆာန်ရုံအားလုံးကို ထူးကုမ္မဏီက တာဝန်ယူ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
အရှုံးအမြတ်တွေအတွက်လည်း သည်ကုမ္မဏီကပဲ တာဝန်ယူဆောင်ရွက်နေ တာဖြစ်ပြီး ဝန်ကြီးဌာနကတော့ မူဝါဒပိုင်း ဆိုင်ရာတွေကိုပဲ ထိန်းချုပ်ဆောင် ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိရစ္ဆာန် ဥယျာဉ်များဌာနညွှန်ကြားရေးမှူး ဦးပြည့် စုံမျိုးက တိရစ္ဆာန်အစာဖိုး ရှိတယ် ၊ ဆေးဖိုးရှိတယ်၊ နောက်တစ်ခါ အဆောက်အအုံ အသစ်ဆောက်ရတဲ့ အ တွက် ကုန်ကျစရိတ်တွေ ရှိတယ်၊ နောက်တိရစ္ဆာန် ဝယ်ဖြည့်ရတာတွေ ရှိတယ်၊ နေပြည်တော်မှာပဲ တိရစ္ဆာန်အစာဖိုးက တစ်နေ့ကို ကျပ်ခုနစ်သိန်း ကုန်တယ်လို့ ပြောပါတယ်။

တိရစ္ဆာန်ဥယျာဉ်လေးခုအနက် နေပြည်တော်တိရစ္ဆာန် ဥယျာဉ်ကတော့ အများဆုံး အရှုံးခံဆောင်ရွက်နေရတာဖြစ် တယ်လို့လည်း သိရပါတယ်။


Source: Kumudra

Facebook comments