09-261334475

အစိုးရသစ်က ရောင်းချသည့်တန်ဖိုးနည်းအိမ်ရာများတွင် အခန်းပို ၁၆၀ ကျော် ကျန်ရှိနေ

လက်ရှိရောင်းချနေ သော ကနောင်၊ ရွှေလင်ဗန်းနှင့် ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း  တို့တွင် ထပ်မံရောင်းချရန်အခန်း များပိုနေသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်း ရရှိသည်။

ရွှေလင်ဗန်းအိမ်ရာတွင် အ ခန်းပေါင်း ၂၄၀ရောင်းချရန်စီစဉ် ထားရာ ဘဏ်မှတစ်ဆင့်လျှောက် ထားသူ ၁၀၁ဦးသာရှိသည်။ ယုဇ နတန်ဖိုးနည်းအိမ်ရာတွင် အခန်း ပေါင်း ၅၇၁ခန်းရောင်းရန်စီစဉ် ထားရာ အခန်း ၁၆ခန်းသည် လျှောက်ထားမည့်သူမရှိသေး ကြောင်းနှင့် ကနောင်တန်ဖိုးနည်း အိမ်ရာတွင် အခန်း ၈၀ရောင်းချ ရန်စီစဉ်ထားရာ ၁၀ခန်းပိုနေသေး ကြောင်းသတင်းရရှိသည်။ ထို့ ကြောင့်အဆိုပါအိမ်ရာစီမံကိန်း သုံးခုရှိ အခန်းပေါင်း ၁၆၀ကျော်ပို နေခြင်းဖြစ်သည်။

‘‘အများစုက မြေညီထပ်ကို လိုချင်တာများတော့ အပေါ်ထပ် တွေကို သိပ်မလျှောက်ကြဘူး။ ဒါ ကြောင့် အခန်းတချို့ပိုနေတာ’’ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး မောင်မောင်လွင်က 7Day Daily အား ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင်ငွေကျပ်သိန်း ၃၀ ပြည့်သောကြောင့် ဘဏ်စာ ရင်း ဖွင့်လှစ်ထားသူများအား အိမ် ရာချေးငွေများ ထုတ်ပေးပြီးအဆို ပါအခန်းများကို ရောင်းချနေခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်ပထ မဆုံးအကြိမ်အဖြစ် ဘဏ်ချေးငွေ ဖြင့် ရောင်းချသော အိမ်ရာစီမံကိန်းများအနက် တောင်ဒဂုံမြို့ နယ်ရှိ ယုဇနအိမ်ရာစီမံကိန်းကို အများဆုံးလျှောက်ထားဝယ်ယူ ကြကြောင်း ဦးမောင်မောင်လွင် ကပြောသည်။

ပိုနေသော အခန်းများကို ဘဏ်စာရင်းအကောင့်ဖွင့်ထားသူများထဲမှအလှည့်ကျ စီနီယာအလိုက်ထပ်မံ ရောင်းချမည့် အစီအစဉ်များရှိကြောင်း သတင်းရရှိသည်။

ရောင်းချရာတွင် ကုမ္ပဏီဝန် ထမ်း၊ အစိုးရဝန်ထမ်းနှင့် သာမန်ပြည်သူအငြိမ်းစားများဟူ၍ အုပ်စုအလိုက် ခွဲခြားရောင်းချနေသည်။

တန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူများအနေဖြင့် ဘဏ်သို့ နှစ်ပတ်အတွင်းလာရောက်ဆက် သွယ်ရန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်တွင် ရွှေလင်ဗန်း အပိုင်း (၁)နှင့် အပိုင်း(၂)၊ ကျန်စစ်သား၊ ယုဇန၊ ကနောင်တန်ဖိုးနည်းအိမ် ရာစီမံကိန်းငါးခုတည်ဆောက်ခဲ့ သည်။ သို့သော် ရွှေလင်ဗန်းအိမ် ရာစီမံကိန်းမှ အခန်းပေါင်းခြောက် ရာကျော်ကိုသာ ယခင်အစိုးရ လက်ထက်တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရောင်းချနိုင်ခဲ့ ကြောင်း ဦးမောင်မောင်လွင်က ပြောသည်။

ယခုရောင်းချနေသော အိမ် ရာစီမံကိန်းများမှာ ပြီးခဲ့သည့်အစိုး  ရလက်ထက်က စတင်တည် ဆောက်ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်ရောက်မှ ပြီးစီးသော ကြောင့် ယခုနှစ်တွင် ရောင်းချနိုင် ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်က မဲနှိုက်သည့်စနစ်ဖြင့် ရောင်းချခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ဘဏ်၌ ငွေစု ထားသူများကိုသာ ဦးစားပေး ရောင်းချသည့်စနစ်ကို ကျင့်သုံး နေကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးမှုဦးစီးဌာနက တည် ဆောက်ပြီးစီးသမျှ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ စုစုပေါင်း အခန်းပေါင်း ၂,၀၀၀ကို ကနဦး ရောင်းချနေခြင်းဖြစ်သည်။

Source : 7day Daily News

Facebook comments