09-261334475

အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများကို အစဉ်လိုက် အိမ်ရာ ရောင်းချခြင်းက အမှန်တကယ် နေထိုင်လိုသူထံ ရောက်သည့်နည်းလမ်းဖြစ်ဟုဆို

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးတွင် ဘဏ်စာ ရင်း ဖွင့်လှစ်ထားသူများကို စီနီ ယာနံပါတ်အလိုက် တန်ဖိုးနည်း အိမ်ရာများရောင်းချခြင်းက အိမ်ခန်း အမှန်တကယ် ၀ယ်လိုသူ လက်ထဲ ရောက်ရှိသည့်နည်းလမ်း ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က ပြောသည်။

‘‘ဒီစနစ်က အဂတိလိုက်စား မှုမရှိနိုင်ဘူး။ ဘဏ်မှာအရင်ဆုံး ငွေစာရင်းလာဖွင့်တဲ့သူတွေ စီနီ ယာအလိုက်စီပြီး နံပါတ်စဉ်အ လိုက် ရောင်းပေးတယ်။ ဘဏ်က နေစာရင်းကို သေချာပြုစု လုပ် ကိုင်တာဖြစ်တဲ့အတွက် အမှားအ  ယွင်းမရှိဘူး။ ပိုပြီးသေချာခိုင်မာတယ်’’ဟု ဦးမင်းထိန်က ပြော သည်။

 ပြီးခဲ့သည့် အစိုးရလက် လက်က အိမ်ရာဝယ်ယူလိုသူများ ကို မဲဖောက်ရောင်းချသည့်စနစ် သည် အမှန်တကယ်ဝယ်ယူလိုသူ  နေထိုင်လိုသူများအတွက် အခန်း ရရှိရန် မသေချာသောကြောင့် ယခုစနစ်သည် ပိုမိုအားသာပြည့်စုံ ကြောင်း ဇန်န၀ါရီ ၁၂ ရက်က ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် ကနောင် နှင့် ယုဇနတိုက်ခန်းဝယ်ယူခွင့်ရရှိ သူများနှင့် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘ဒီစနစ်က ပြည်သူတွေအ နေနဲ့ ငွေကိုစနစ်တကျစုဆောင်း တတ်တဲ့ အကျင့်ဖြစ်သွားတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။ ဇန်န၀ါရီ ၁၁ ရက်က လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းအိမ် ရာ ၀ယ်ယူခွင့်ရရှိသူများနှင့် မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး အိမ်ရာများနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ အိမ်ရာဝယ်ယူခွင့်စာအုပ် (Housing Saving) အတွက် အ ကောင့်ဖွင့်လှစ်မှုကို ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့သည့် သြဂုတ် ၁ ရက်က စတင်ပြုလုပ်ပေးခဲ့ရာ ငွေစုစာအုပ် ငါးထောင်ခန့်အထိရှိပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ ဘဏ်စာရင်းများထဲ မှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင် သည့် ငွေစာရင်း ၃၀ ရာခိုင်နှုန်း စုဆောင်းထားနိုင်သူ ၁,၃၀၀ ကျော်အား အသုတ်လိုက်ခွဲပြီး စတင်ရောင်းချပေးခြင်း ဖြစ်သည်။

ရောင်းချရာတွင်လည်း အ စိုးရ၀န်ထမ်း၊ အငြိမ်းစား၊ ပုဂ္ဂလိ က ကုမ္ပဏီဝန်ထမ်း၊ သာမန်ပြည် သူဟူ၍ ခွဲခြားကာ ၎င်းတို့ရရှိသည့် ၀င်ငွေအပေါ်မူတည်ပြီး လစဉ်ငွေ ပေးသွင်းရမည့် ပမာဏကိုတွက် ချက်ကာ အရစ်ကျရောင်းချပေး နေခြင်း ဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက် လုပ်ပြီးစီးသော ယုဇနအိမ်ရာမှ ၂၀၅ ခန်း၊ ကနောင်အိမ်ရာမှ အခန်း ၈၀ နှင့် ရွှေလင်ဗန်းအိမ်ရာမှ အခန်း ၂၄၀ ကျော်ကို ဘဏ်စာရင်းဖွင့်လှစ်ထားသူများအား စတင်ရောင်းချနေပြီ ဖြစ်သည်။

Source:7Daily

Facebook comments