09-261334475

၂၀၁၇ ရန်ကုန်အိမ်ခြံမြေဈေး အတက်အကျမကြမ်းပဲ ပုံမှန်ဈေးကွက်ရှိမည်ဟု မျှော်လင့်

၂၀၁၇ ရန်ကုန်အိမ်ခြံမြေဈေး အတက်အကျမကြမ်းပဲ ပုံမှန်ဈေးကွက်ရှိမည်ဟု မျှော်လင့်

၂၀၁၇ ခုနှစ်အတွင်း အိမ်ရာတည်ဆောက်ရေး စီမံချက်သစ်များကြောင့် အိမ်ရာ
ပိုင်ဆိုင်မှု မရှိသေးသူ ရန်ကုန်မြို့နေ ပြည်သူများအတွက် အိမ်ရာတိုက်ခန်း
ပိုင်ဆိုင်ရေး အခွင့်အလမ်းများ အနည်းနှင့်အများ ပေါ်ပေါက်လာဦးမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနဆိုင်ရာ သတင်းများအရလည်း ရန်ကုန်မြို့နှင့်
စပ်ဆက်ရာ ပတ်ဝန်းကျင်ဒေသများအတွင်း ရေနက်ဆိပ်ကမ်စီမံကိန်းသစ်၊ စီးပွား
ရေးဇုန်များနှင့် မြို့သစ်စီမံကိန်းများလည်းဆက်လက်အကောင်အထည်ပေါ်လာ
ဖွယ် ရှိနေသည်ကို တွေ့ရပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကိုလည်း
ဆက်လက် တည်ဆောက်လုပ်ကိုင်သွားမည်ဟု သိရသည်။

နေထိုင်လူဦးရေနှင့် အိမ်ရာပိုင်ဆိုင်မှု အချိုးအစားကွာဟချက် မြင့်မားလှသည့်
ရန်ကုန်မြို့အတွက် တန်ဖိုးနည်း တန်ဖိုးသည့် အိမ်ရာများ တည်ဆောက်ပေးနိုင်
မှုသည် အိမ်ရာမဲ့ပြည်သူများအတွက် တစ်ခုတည်းသော အဖြေမဟုတ်သေးပဲ
တစ်နှစ်တစ်နှစ်များပြားလာသော မြို့ပြသို့ ပြောင်းရွှေ့အခြေချ အလုပ်လုပ်ကိုင်
သူများ၊ တိုးပွားလာသောအရွယ်ရောက် လူဦးရေများကြောင့်လည်း အိမ်ရာ
တိုက်ခန်းလိုအပ်ချက်မှာလည်း နှစ်စဉ်နှစ်တိုင်း တိုးလာနေဦးမည်ဖြစ်သည်။
အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပြသို့ တတ်ရောက် အလုပ်အကိုင်ရှာဖွေမှုများ
တွင် မြန်မာပြည်အရပ်အရပ်မှ လာရောက်ကြသူများရှိသလို အဓိက ရွှေ့ပြောင်း
အလုပ်လုပ်ကိုင်သူများအနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး
နှင့် ရွှေ့ပြောင်းနေထိုင် အလုပ်သမားအများစုမှာ ဧရာဝတီတိုင်းဒေသကြီးမှ
အများဆုံးဖြစ်နေပြီး စက်မှုဇုန်များနှင့်အနီး အကွက်ရိုက်ခြံခတ်၍ နေထိုင်သူများ၊
စက်မှုဇုန်များတွင် ၀င်ရောက်အလုပ်လုပ်ကိုင်၍ နီးစပ်ရာ အိမ်မှား၌ စုဖွဲ့ငှားရမ်း
နေထိုင်မှုများဖြင့် တွေ့ရှိရတတ်ကာ အချို့မှာလည်းး ရာဇ၀တ်မှုများနှင့် ဆက်စပ်
နှီးနွယ်၍ လုပ်ကိုင်နေမှုများလည်း ရှိလာကြသည့်အတွက် အိမ်ယာမဲ့ပြဿ နာ
များနှင့် ကျူးကျော်ပြဿ နာများမှာ အစိုးရအတွက် ဖြေရှင်းလုပ်ဆောင်ရမည့်
အဓိကတာဝန်တရပ်အနေဖြင့်လည်း ရှိနေဆဲဖြစ်သည်။

တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရောင်းချပေးခြင်း၊ ဆက်လက်
တည်ဆောက်ရန် စီမံချက်များလည်း နှစ်စဉ်ရှိနေသော်လည်း မူလရန်ကုန်ဇာတိ
အခြေခံလူတန်းစား အိမ်ရာမဲ့ ပြည်သူများကပင် မ၀ယ်နိုင်သည့် အခြေအနေရှိ
နေဆဲဖြစ်ကာဝင်ငွေအသင့်အတင့်ရှိ၍ စုဆောင်းငွေအတန်အသင့်ရှိကြသော
လူလတ်တန်းစားများအတွက်နှင့် တဆင့်ဝယ်ရောင်းများကသာ ပိုင်ဆိုင်မှုအခွင့်
အလမ်းများနေဆဲဖြစ်သည်။

အစိုးရပိုင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အိမ်ရာ
သစ်များအား ပိုမိုတန်ဖိုးလျော့ချပေးနိုင်သော တန်ဖိုးနည်းအိမ်ရာများ၊ အငှား
အိမ်ရာများ တည်ဆောက်ပေးမှုများအား တိုးချဲ့လုပ်ဆောင်လာမည်မှာ မှန်သော်
လည်း တချိန်ထဲတွင် ကျေးလက်ဗဟိုပြု စီးပွားရေးအခွင့်အလမ်း အလုပ်အကိုင်များ
မြင့်မားတိုးတက်ရေးနှင့် ပြည်နယ်တိုင်းဒေသကြီးများအလိုက် တန်ဖိုးနည်း၊
တန်ဖိုးသင့်နှင့်အငှားအိမ်ရာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်
အကောင်အထည်ဖော်သွားရန် လိုအပ်ပါသည်။

ယခု ၂၀၁၆ နှစ်ကုန်ပိုင်းကာလအထိ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အခြေအနေ
မှာ ၀ယ်ရောင်းများ ဈေးကွက် အေးနေဆဲ ဖြစ်သည့် အခြေအနေတွေ့ရပြီး မူလ
ရင်းနှီးမြှုပ်နှံထားသူများ ပြန်လည်အရောင်းခေါ်ဆိုမှုများ ပိုမိုတွေ့လာနေရသည်။
ငွေကြေးအတန်အသင့်ရှိသည့် အိမ်ရာပိုင်ဆိုင်မှု လိုအပ်သူများအတွက်မူ လက်ရှိ
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အနေအထားအရ ရောင်းလိုအားများပြားနေသည့်
အတွက် ငွေရှိပါက စိတ်ကြိုက်ရှာဖွေ ၀ယ်ယူထားနိုင်သည့် အခြေအနေဖြစ်နေကာ
အိမ်ပိုင်များအနေဖြင့်လည်း ခေါ်ဆိုဈေးများ လျော့ပေါ့လာခြင်းများကြောင့် အရောင်း
အ၀ယ်ဈေးကွက်အတွင်း ညှိုနှိုင်းအရောင်းအ၀ယ်များ အဖြစ်များသည်ကို တွေ့ရကာ
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်ထိန်းသည့်အနေဖြင့်
အိမ်ခြံမြေ အရောင်းပြပွဲများတွင်း ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျငွေသွင်းစနစ်
များ အရောင်းမြှင့်တင်လာကြပြီး ပြပွဲများ ပြုလုပ်ကျင်းပသည့်အခါတိုင်း ၀ယ်လိုများ
လာရောက်ကြည့်ရှုလေ့လာ၍ အရောင်းအ၀ယ်ဖြစ်သည်ကိုလည်း တွေ့ရသည်။

စက်မှုဇုန်မြေကွက်များအနေဖြင့်မူ အိမ်ရာတိုက်ခန်းများထက် ရောင်းဝယ်ငှား
ဈေးကွက် ကောင်းမွန်လျက်ရှိသည်ကို တွေ့ရပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များ
ကောင်းမွန်လာသည်နှင့်အမျှ လုပ်ငန်းလုပ်ဆောင်လိုမှုများ အားကောင်း
လာသောကြောင့် လာမည့်နှစ်အတွင်း၌လည်း ဈေးကွက် ဆက်လက်ကောင်းမွန်
နေဦးမည်ဟု ယူဆရသည်။
တိုက်ခန်းများအနေဖြင့် ရပ်နားဆိုင်းငံ့ထားသည့် ဆောက်လက်စ အထပ်မြင့်
ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့်လည်း ပြန်လည်စိစစ်ခွင့်ပြုချက်
အရ ဆက်လက်ဆောက်လုပ်လျက်ရှိနေပြီး တိုက်ခန်းသစ်များလည်း မြို့နယ်များ
အလိုက် ပိုမို ပေါ်ထွက်လာဖွယ်ရှိသည်။
အိမ်ရာပိုင်ဆိုင်မှုအတွက် အမှန်တကယ် ၀ယ်လိုများမှာ အများအပြားရှိနေပြီး ကြီးမြင့်
နေသည့် အိမ်ရာတိုက်ခန်းဈေးများအား အထိုက်အလျောက် လက်ခံဝယ်ယူနိုင်သော
ကိုယ်ပိုင်ငွေအားနှင့် ၀ယ်ယူမည့် အိမ်ရာတိုက်ခန်း တန်ဖိုးမျှခြေ အခြေအနေတစ်ခုသို့
စောင့်ကြည့်ဝယ်ယူမှုများမှာ ရှိနေသည်ကို တွေ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း၌လည်း ခြံမြေ
ဈေးများ သိသိသာသာ အတက်အကျ ပြောင်းလဲမှု ဖြစ်မလာနိုင်သေးပဲ အရောင်းခေါ်
ဆိုမှုများနှင့် အမှန်တကယ် အိမ်ဝယ်လက်များအကြား ပုံမှန်အရောင်းအ၀ယ်ဈေးကွက်
များ ရှိနေဦးမည်ဟု မျှော်လင့်ရပါသည်။

Property Media Team
www.Property.com.mm

Facebook comments