တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာများ ပိုမိုအကောင်အထည်ဖော်လာစေဖို့
နေပြည်တော်ဒေသခံများ မျှော်လင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှနေ၍ နေပြည်တော်မြို့နယ်များအတွင်း တန်ဖိုး
နည်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်သွားမည့် အစီအစဉ်များကြောင့် အိမ်ရာများ
ဆောက်လုပ်ပေးမည့် သတင်းများအပေါ် ဒေသခံပြည်သူများက ကြိုဆိုလက်ခံ
ကြသော်လည်း ကနဦးပေးသွင်းငွေ မတတ်နိုင်သည့် အခြေခံလူတန်းစားများအဖို့
အိမ်ရာပိုင်ဆိုင်ရေးအတွက် အခွင့်အလမ်းများ အားနည်းမှု ရှိနေကြောင်း ဒေသခံ
များနှင့် အကျိုးဆောင်များအား ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
လက်ရှိတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာများ
အတွက် တစ်ခန်းလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် စတင်ရောင်းချပေးနေပြီ
ဖြစ်သည်။ တိုက်ခန်းစုစုပေါင်း ၄၇၆ ခန်းပါဝင်သည့် အဆိုပါအိမ်ရာအား
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တဆင့် ဆက်သွယ်၍ ဝယ်ယူခွင့်
လျှောက်ထားရမည်ဖြစ်သည်။ အိမ်ရာအတွင်းတွင် ၈ ခန်းတွဲ ငါးထပ်တိုက် ၂ လုံး
စတင်ဆောက်လုပ်လျက်ရှိပြီး တိုက် ၁လုံးတွင် အခန်း ၄၀ ပါဝင်ကြောင်း
သိရသည်။
သိန်း ၁၀၀ မှ သိန်း ၃၀၀ အထိ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများအား နေပြည်တော်
ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ဆောက်မည်ဖြစ်ကာ အိမ်ရာတိုက်ခန်း ပိုင်ဆိုင်မှု
မရှိသေးသူများအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်
စာရင်းဖွင့်က ကနေဦးသွင်းငွေအဖြစ် ငွေကျပ် သိန်း ၃၀ ပေးသွင်းရမည်ဖြစ်ပြီး
ကျန်ငွေကို ၁၅ နှစ် အရစ်ကျပေးသွင်းစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကာ သိန်း ၁၀၀
တန် အိမ်ရာတိုက်ခန်းတစ်ခန်းတွင် အိပ်ခန်း ၁ ခန်း၊ သိန်း ၂၀၀ တန် တိုက်ခန်းတွင်
အိပ်ခန်း ၂ ခန်း၊ သိန်း ၃၀၀ တန် တိုက်ခန်းတွင် အိပ်ခန်း ၃ ခန်းပါဝင်မည်ကာ
အိမ်ရာများအတွင်းတွင် ကျောင်း၊ ဈေးစသည့် အခြေခံလူမှု အဆောက်အအုံများပါ
ထည့်သွင်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်ကနေ အိမ်ရာသစ်တွေ ဖော်ဆောင်
ပေးမှုအပေါ် ကြိုဆိုပါတယ် အိမ်ပိုင်မရှိသူတွေအတွက်လည်း ဒါကအခွင့်အရေး
တစ်ခုဖြစ်လာမယ် အရောင်းအဝယ်အငှားတွေလည်း ဈေးကွက်ပိုဖြစ်လာနိုင်
တယ်လေ နေပြည်တော်ဘက်မှာက ခြံမြေကွက်တွေ၊ လုံးချင်းတွေကများတယ်
တိုက်ခန်းတွဲတွေက နည်းတယ် ရှိတဲ့တိုက်ခန်းတွေကလည်း ဝန်ထမ်းအိမ်ရာတွေ
များတယ်လေ နယ်မြို့တွေမှာက တန်ဖိုးနည်းတိုက်ခန်းအိမ်ရာတွေကို စိတ်ဝင်စား
ကြသူများပါတယ်
တချို့ကျတော့ ပျဉ်းမနားမြို့ထဲလို နေရာတွေမှာ ဈေးတွေမှာ အရောင်းအဝယ်
စီးပွားရေးလုပ်ရင်းတိုက်ခန်းအငှား စုံစမ်းကြတာတွေရှိတယ် ပျဉ်းမနားကလည်း
နယ်မြို့ဆိုတော့ မြေကွက်လုံးချင်းတစ်ထပ်လေးတွေကလည်း များတော့ သူ့ဟာနဲ့သူ
အဆင်ပြေသလို ငှားရမ်းနေထိုင်ကြတာပါပဲ သို့ပေမယ့် တိုက်ခန်းတွေ ဆောက်ဖြစ်
လာတဲ့အခါလည်း ဝယ်ချင်တဲ့သူကများမယ်လို့ ထင်ပါတယ် ခုဟာကတော့ ပင်စင်
စားတွေကို ဦးစားပေးရောင်းမယ်လို့ထင်တယ် ကနဦးသွင်းငွေက သိန်း ၃၀ ပေ့ါ
နောက်ပိုင်းတော့ လစဉ်အရစ်ကျနဲ့ ပေးသွားရမယ်လို့ သိရတယ် တဆင့်ပြန်လည်
ရောင်းချတာမျိုးတွေကို ခွင့်ပြု မပြုတော့ မသိသေးပါဘူး ရန်ကုန်မှာတော့ တချို့
တန်ဖိုးနည်းအိမ်ရာတွေမှာ၅ နှစ်အတွင်း ပြန်မရောင်းရ စသဖြင့် တားမြစ်ကန့်သတ်
ချက်တွေ ရှိတော့ ဒါလည်းဈေးကွက်အခြေအနေအတွက် ထည့်စဉ်းစားစရာပါ” ဟု
နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောကြားသည်။
“တန်ဖိုးနည်းဆိုပေမယ့် ကနဦးသွင်းငွေက သိန်းသုံးဆယ်ဆိုတော့ မတတ်နိုင်ပါဘူး
တစ်နေ့ဝင်ငွေ တစ်သောင်းရအောင်တောင် မနည်းကြိုးစားရှာရတဲ့ အခြေအနေမှာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး အခြေခံလူတန်းစားတွေအနေနဲ့တော့ တန်ဖိုးနည်းအိမ်ရာ
တွေကို ဒီလို ကနဦးသွင်းငွေ တစ်လုံးတစ်ခဲအများကြီးပေးနိုင်မှဆိုရင် အိမ်ပိုင်မရှိ
သူတွေအတွက် သိပ်အားကိုးလို့မရတဲ့ စီမံကိန်းတွေပါပဲ ကနဦးငွေပေးနိုင်တဲ့
လူလတ်တန်းစားတွေနဲ့ အလုပ်အကိုင်ဝင်ငွေကောင်းသူတွေအတွက်လောက်ပဲ
အဆင်ပြေမယ့် အခြေအနေရှိပါတယ် ကျွန်တော်တို့အနေနဲ့ကတော့ ကနဦးပေး
သွင်းငွေကို ဒီထက်အဆများများ လျော့စေချင်တယ်ပေ့ါ တန်ဖိုးနည်းအိမ်ရာတွေ
ဆောက်တာလည်း ကောင်းပါတယ် ပြီးတော့ အများပြည်သူအတွက် ပိုအဆင်ပြေ
မယ့် အငှားအိမ်ရာတွေကိုလည်း များများဆောက်စေချင်ပါတယ်” ဟု ပျဉ်းမနား
ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ခန်းအတွက် ကနဦးသွင်းငွေကိုလည်းသွင်းနိုင်မယ် လစဉ်အရစ်ကျပေးချေ
ရမယ့်ငွေလည်း ပေးသွင်းနိုင်မယ်ဆိုရင် ချေးငွေလျှောက်တဲ့အခါ ဘဏ်ကကနေ
ချေးငွေထုတ်ပေးမယ်လို့တော့ သိရပါတယ် အကယ်၍ လစဉ်သွင်းငွေ ပေးသွင်းဖို့
အခက်အခဲတစ်စုံတစ်ခု ဖြစ်ခဲ့ရင် ဘဏ်အနေနဲ့ ချေးငွေ မထုတ်ပေးနိုင်တာမျိုး
ကြုံလာတဲ့အခါ ကနဦးသွင်းငွေတွေအတွက် ဖြေရှင်းလုပ်ဆောင်ပေးမှုတွေလည်း
ကောင်းမွန်ဖို့လိုပါတယ်” ဟုတ် နေပြည်တော် အိမ်ခြံမြေ အရောင်းအဝယ်သမား
တစ်ဦးမှ ပြောသည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် နိုင်ငံအနှံ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌
တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၈၀၀၀၀ ခန့် တည်ဆောက်ပေးသွားမည်ဖြစ်ဟု
ပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပပြူလုပ်သော ရန်ကုန်မြို့
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲ အခမ်းအနား
သို့ တတ်ရောက်ခဲ့သော နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း
အိမ်ရာတန်ဖိုးမြင့်သလို အဆင့်အတန်းမြင့်ဖို့လည်း လိုမည်ဖြစ်ပြီး အိမ်ရာများအနေဖြင့်
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိမရှိ အခြေအနေများကိုလည်း တွက်ချက်
ထည့်သွင်း ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Propert Media Team
www.Property.com.mm