09-261334475

တောင်ကြီးမြို့မဈေးကြီးတွင် ပျံကျဈေးသည်များအတွက် ဆေးအဖြူဖြင့် နေရာသတ်မှတ်

 တောင်ကြီးမြို့မဈေး ကြီးအတွင်း ပျံကျဈေးသည်များ စနစ်တကျရောင်းချနိုင်ရန် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနက သတ်မှတ်စည်းမျဉ်းများ ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။


ဒီဇင်ဘာဒုတိယပတ်မှစ၍  မြို့မဈေးကြီးအတွင်း ကားသွားလာရန် ကားတစ်စီးစာ လမ်းမြေအကျယ်ချန်လှပ်၍ ဈေးရောင်းချရန် သတ်မှတ်နေရာများ အတွက် ဆေးအဖြူဖြင့် ရေးဆွဲပေးခြင်းဖြစ်သည်ဟု တောင်ကြီးမြို့မဈေးကြီး တာဝန်ခံ ဦးခင်အေးက ပြောသည်။

‘‘မီးရေး၊ ထင်းရေးအတွက် ကားဝင်ထွက်သွားလာနိုင်အောင် ရယ်၊ ပျံကျဈေးသည်တွေ ရောင်း ချနေတာတွေ စနစ်တကျရှိစေဖို့ ရည်ရွယ်ပြီးတော့ သင်္ဘောဆေးနဲ့ စည်းအဖြူတွေ ဆွဲပေးတာဖြစ်ပါ တယ်’’ဟု ဦးခင်အေးက ပြော သည်။

သတ်မှတ်စည်းမျဉ်းအတွင်း ဈေးရောင်းချရန်နှင့် လိုက်နာမှုမရှိ သည့်ဈေးသည်များအား ပထမ အကြိမ် သတိပေးခြင်း၊ ဒုတိယ အကြိမ်တွင် စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူခြင်းတို့ ဆောင်ရွက်မည်ဟု တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘ဒီလို သတ်မှတ်ပေးတာ ကောင်းပါတယ်။ ပျံကျဈေးသည် တွေက ပိတ်နေတာတွေ၊ လမ်း ပေါ်ဈေးခင်းတာတွေကြောင့် လူ သွားလမ်းကို မရှိသလောက်ဖြစ် နေတယ်’’ဟု တောင်ကြီးမြို့မဈေး ကြီးမှ ဈေးဆိုင်ခန်းရှင် ဦးတင် သိန်းက ပြောသည်။

တောင်ကြီးမြို့မဈေးကြီးအ တွင်း ပျံကျဈေးသည် ၃၀၀ ကျော် ရှိသည်ဟု တောင်ကြီးမြို့ စည် ပင်သာယာရေးဦးစီးဌာနမှ သိရ သည်။

ှSource : 7day Daily

Facebook comments