နောက်တစ်ချက်ကတော့ ကားတွေကို တင်သွင်းတဲ့အခါမှာလည်း စနစ်တကျ တင်သွင်းဖို့ ဆောင်ရွက်ပါမယ်။ ဒီလို ကားသစ်တွေကို တင်သွင်းနိုင်ဖို့နဲ့ မြန်မာ နိုင်ငံမှာ
ထုတ်လုပ်တဲ့ကားတွေကို မြန်မာ နိုင်ငံတွင်းက လူတွေအသုံးပြုနိုင်ဖို့ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါတွေအားလုံး ကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် တိုင်း ဒေသကြီးအစိုးရက
ကြိုးစားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားသည်။
အဆိုပါစီမံကိန်းများ ဆောင်ရွက် ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးမှုကို ရန်ကုန်မြို့၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်အားလုံးသို့ မျှတအောင် တည်ဆောက်သွားမည်ဖြစ်
ပြီး ရန်ကုန် မြစ်သည် မြို့၏အလယ်၌ရှိသည့် မြစ်ကြီးဖြစ်သည်အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ရန်ကုန်စီးပွားရေးစကြံ င်္ နှစ်ခု ရှိပါတယ်။ သီလဝါ၊ ရန်ကုန်ကနေ ဟံသာဝတီ လေဆိပ်အသစ်တည်ဆောက်မယ့် စင်္ကြံ တစ်ခုနဲ့ တွံတေး-
ကွမ်းခြံကုန်း-ကော့မှူး ဘက်ကနေ ဟံသာဝတီဘက်အထိ သွားမယ့် စီးပွားရေးစင်္ကြံရှိပါတယ်။ ဒီနှစ်ခုစလုံးကို ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းကို တကယ်ကို ရှေးမူမပျက်ဘဲ Tourist Attraction ရှိဖို့၊ ဆိပ်ကမ်းတွေကို စနစ်တကျဖြစ်စေဖို့၊ ဆိပ်ကမ်းတွေမှာ လည်း အများပြည်သူအ
တွက် အပန်းဖြေ နိုင်မယ့်နေရာတွေဖြစ်ဖို့ ကြိုးပမ်းပါမယ်။
မြို့သစ်ရဲ့ ပုံသဏ္ဍန်တွေကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ပုံစံနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့JICA၊ KOICA၊ ပြင်သစ်နဲ့ အင်္ဂလန်က ပညာရှင်တွေ
ပူးပေါင်းပြီး တိုင်းဒေသကြီး အစိုးရက စီမံကိန်းရေးဆွဲသွားမှာဖြစ်ပါ တယ်။ ဒါကို မြို့တော်စည်ပင်က လွှတ်တော်မှာတင်ပြမှာပါ။ ပိုမိုကောင်း မွန်တဲ့ ရန်ကုန်မြို့ပြစီမံကိန်း
အသစ် တစ်ခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစား သွားဖို့ ရှိပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်မြို့၏ လူဦးရေသည် ၂ဝ၄ဝ တွင် ၁၂ သန်းခန့်အထိ တိုးတက်လာမည် ဖြစ်သည့်အတွက် ယခုကတည်းက ကြိုတင်၍ မြို့တိုးချဲ့မှုနှင့် မြို့သစ်တည်ရန် ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့စီမံကိန်းများတွင် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကိစ္စများ အဆင်ပြေ စေရေး၊ လမ်းလူနေမှုစနစ်နှင့် အများ ပြည်သူ အလုပ်လုပ်သည့်နေရာများ သွားလာရေးအတိုဆုံးဖြစ်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ငါးနှစ် ခန့်အတွင်း မြို့နေလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးရန် ဟန်ချက် ညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ဆေးရုံ ၅ဝဝ ခန့် တိုးချဲ့တည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိ
ပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်ဖြတ် တံတားများကိုလည်း ဖော်ဆောင်နေ ကြောင်း၊ သီလဝါမှတစ်ဆင့် တနင်္သာရီ- မွန်-သနပ်ပင်-သုံးခွမြို့များအထိ သွား ရောက်နိုင်ရေး ငါးနှစ်နှင့် ခုနစ်နှစ်ခန့် အတွင်း အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
''ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ ပါဝင်တာကတော့ ပြည်သူ့အိမ်ရာတွေ တည်ဆောက်မှု ဖြစ်ပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဌာနက အိမ်ရာတွေကို အဓိကဖော်ထုတ် ဖို့ဖြစ်ပါတယ်။ အစိုးရရဲ့ သက်တမ်းနှစ်နှစ် အတွင်းမှာ အိမ်ခန်းရှစ်ထောင် ဖော်ထုတ် ပေးမယ်။ ဒီအိမ်ခန်းတွေကလည်း သိန်းတစ်ရာအောက်မှာပဲ ရှိရမယ်။ အဲဒီ အတွက် ဆောင်ရွက်တဲ့အခါမှာ ပြည်သူ လူထုအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အိမ်ရာ ပိုင်ဆိုင်တဲ့စနစ်ကို ရောက်သွားအောင် ပါ။ အဲဒီလိုဖြစ်ဖို့က အိမ်ရာဝယ်ယူတဲ့ အခါမှာ ရာခိုင်နှုန်းတစ်ခုကိုတော့ ပထမ ပေးရမှာပေါ့။ အိမ်ရာကို အရစ်ကျနဲ့ပေးရ မှာဖြစ်တဲ့အတွက် အနည်းဆုံးတော့ နေလို့ထိုင်လို့ သင့်တင့်လျောက်ပတ်တဲ့ အိမ်တစ်
ခုဖြစ်သွားအောင်ပေါ့။
ရှေ့နှစ် လောက်ကစပြီး နောက် ၁၅ နှစ်လောက် အတွင်း အိမ်ဆိုပြီးရောမဟုတ်ဘဲ လူ တစ်ယောက်အတွက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးဖြစ်
အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ပထမတော့ နှစ်နှစ်အတွင်း ရှစ်ထောင်၊ တခြားပုဂ္ဂလိကအဖွဲ့တွေနဲ့ ဆောင်ရွက်တာနဲ့ဆို ငါးနှစ်အတွင်း အိမ်ရာနှစ်သိန်း ဖော်ဆောင်ပေးမှာ ဖြစ်ပါ တယ်။ ၂ဝ၃ဝ စီမံချက်ကတော့ တစ်သန်း ရည်မှန်းထားပါတယ်။ ဒီတစ်သန်း ကတော့ ရန်ကုန်၊ မ္တလေးနဲ့ မြို့ကြီးတွေ အပါအဝင်ဖြစ်ပါတယ်''ဟု
ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
Source:MOI Webportal Myanmar