09-261334475

လှည်းကူးမြို့နယ်အတွင်း မြေကွက်အရောင်းခေါ်ဆိုမှုများ များပြားနေ

လှည်းကူးမြို့နယ်အတွင်း မြေကွက်အရောင်းခေါ်ဆိုမှုများ များပြားနေ

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း သိန်း ၃၀ မှ ၁၀၀ ၀န်းကျင်

တန်ဖိုးသင့်တင့်မြေကွက်များ အရောင်းခေါ်ဆိုမှုများ ရှိနေကြောင်း ဒေသခံ

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောကြားချက်အရ သိရသည်။

 

ယခုအခါ မြို့တွင်း လုံးချင်းတိုက်ခန်းများ အရောင်းအ၀ယ်ဈေးကွက်များမှာ

ရောင်းသူဝယ်သူ အဆင်ပြေသော ညှိုနှိုင်းရောင်းဝယ်မှုများသာ အရောင်း

အ၀ယ်ဖြစ်ခြင်းများကို တွေ့ရပြီး ၀ယ်ရောင်း ၀ယ်လိုများအနေဖြင့် ပြန်လည်

ငွေဖော်နိုင်မည့် လူအများစိတ်ဝင်စား၍ ပြန်လည်ရောင်းချရန် အခွင့်အလမ်း

ပိုမိုများသော မြို့နယ်စုံရှိ သင့်တင့်သော တန်ဖိုးဖြင့် ၀ယ်ယူနိုင်သည့် မြေကွက်

များအား ပိုမိုစိတ်ဝင်စားမှု ရှိနေကြကြောင်း သိရသည်။

 

ယခုအခါ လှည်းကူးမြို့နယ်အတွင်း မြေကွက်များအားလည်း စိတ်ဝင်တစား

လာရောက် ကြည့်ရှုဝယ်ယူမှုများ ရှိနေကြောင်း Property.com.mm သတင်း

မီဒီယာအဖွဲ့မှ လေ့လာစုံစမ်း သိရပါသည်။

 

မှော်ဘီဘက် ဥယျာဉ်ခြံတွေနဲ့ ဒီဘက် လှည်းကူးဘက်တွေ လာကြည့်ကြသူ

တွေ ရှိပါတယ် တချို့လည်း ရွာမြေလေးတွေ တတ်နိုင်သလောက် ၀ယ်ချင်ကြ

တာမျိုးတွေလည်း တွေ့ရတယ် ဈေးက သိန်း ငါးဆယ်အောက်လောက်ဆိုတော့

အများစု တတ်နိုင်တဲ့ဈေးပေါ့ အနိမ့်ဆုံးဆိုရင် သိန်း ၃၀ ပတ်ဝန်းကျင်လောက်

တွေလည်း အရောင်းခေါ်ကြတာတွေရတယ် ဒရယ်ဘိုရွာဘက်တွေဆိုရင် ဈေး

ပိုတယ် အရင်ရန်ကုန် - မန္တလေးကားလမ်းမဟောင်းဘေးတွေပေါ့ ကလီထော်

ရွာဘက်တွေဆိုရင်တော့ သိန်း ၃၀ ပတ်ဝန်းကျင်အကွက်တွေ အရောင်းခေါ်တာ

တွေ ရှိတယ် ဥယျာဉ်ခြံတွေလည်း အရောင်းခေါ်တာတွေရှိပါတယ် ဟိုင်းကူးရွာ

ဘက်တွေဆိုရင် ဈေးသက်သာတယ် ရန်ကုန် - ပဲခူးလမ်းမဘေးတွေဆိုရင်တော့

ဈေးပိုခေါ်ကြတယ် ညောင်ကုန်းရွာဘက်တွေမှာလည်း အရောင်းတွေရှိပေမယ့်

လယ်မြေတွေ ပိုတွေ့ရပါတယ် ဟု ဒေသခံတစ်ဦးမှ ပြောကြားသည်။

 

ဥယျာဉ်ခြံများ ရောင်းချရာတွင် ဧကများများပိုင်ဆိုင်သူများအနေဖြင့် ခွဲခြမ်း

ရောင်းချခြင်းများရှိပြီး ဥယျာဉ်ခြံများတွင် ဈေးခေါ်ဆိုမှုများမှာ ခြံမြေအတွင်း

စိုက်ခင်းသီးပင်များ ပါဝင်မှု အနည်းအများ၊ နှစ်သက်တမ်းအနည်းအများပေါ်

မူတည်၍ ဈေးကွာဟကြောင်း သိရသည်။ 

 

Property Media Team

www.Property.com.mm

 

 

 

 

 

Facebook comments