09-261334475

မကွေးတိုင်းဒေသကြီး မကွေးမြို့အိမ်ခြံမြေ အရောင်းဈေးကွက်မှာ အရောင်းအ၀ယ်ရပ်ဆိုင်းလုနီးပါးအေးနေပြီး အငှားသာ တွယ်ကျယ်နေ

မကွေးတိုင်းဒေသကြီး မကွေးမြို့အိမ်ခြံမြေ အရောင်းဈေးကွက်မှာ အရောင်းအ၀ယ်ရပ်ဆိုင်းလုနီးပါးအေးနေပြီး အငှားသာ တွယ်ကျယ်နေပါတယ်။
မကွေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ ငါးနှစ်တာ ကာလအတွင်း မကြုံခဲ့တဲ့ ဈေးနှုန်းတွေနဲ့ အရောင်းအ၀ယ်သွက်ပြီး အမြတ်အစွန်းဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်၊နှစ်လယ်ပိုင်းမှ စ၍ အရောင်းအ၀ယ်ထိုင်းလာဖြစ်ကြောင်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အခုလောလောဆယ်မှာလဲ အရောင်းသာရှိပြီး ၀ယ်လက်မရှိဘူး ဈေးတန်းကတော့ ပြုတ်ကျမသွားဘဲနဲ့ ခေါ်ဈေးတွေမြင့်နေတယ်၊သိန်း ၅၀၀ အောက်ပိုင်း တချို့ပဲ အရောင်းအ၀ယ်ဖြစ်တာရှိလို့ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအသင်း အတွင်းရေးမှူး ဦးကိုကိုကြီးကပြောပါတယ်။

တက္ကသိုလ်ပေါင်းစုံရှိတဲ့ မကွေးမြို့မှာ ဘောဒါဆောင်တွေ လုံးချင်းအိမ်တွေ ၊တိုက်ခန်းတွေ ငှားရမ်းမှုအတွက်ရှာဖွေရခက်ခဲတဲ့ အထိ ကြုံတွေရတက်ပြီး ကုမ္ပဏီလုပ်ငန်းတွေ တိုးပွားလာနေမှုတွေလည်း ရှိတာကြောင့် အငှားလုပ်ငန်းမှာ ပိုမိုတွင်ကြယ်နေတယ်လို့ သိရပါတယ်။

လက်ရှိအဝေးသင် ရာသီဖြစ်လို့ တချို့ကျောင်းသားတွေဆိုရင် အခန်းကျဉ်းလေးထဲမှာ လေးငါးယောက်စုပြီး ငှားနေကြရတယ်၊ဘော်ဒါဆောင်တွေမှာ နေရာမရကြလို့ လူနေအိမ်တွေမှာတောင် အဝေးသင်ကာလအတွက် တစ်ဦးကို လေးငါးသောင်းပေးပြီး ဖြစ်သလိုစုနေကြရတယ် လို့ တောင်တွင်းမြို့မှ အဝေးသင်တက်ရောက်လာသူ ကိုဖြိုးကပြောပါတယ်။

မကွေးမြို့အိမ်ခြံမြေဈေးကွက် လက်ရှိပေါက်ဈေးတွေအနေနဲ့ ပြည်တော်သာလမ်း သိန်း ၃၅၀၀ ၀န်းကျင်၊အထက (၁)လမ်း သိန်း ၁၅၀၀ နဲ့အထက်၊သစ္စာလမ်း သိန်း ၁၅၀၀ နဲ့အောက် ၊အောင်စေတနာ ရပ်ကွက်အပါအ၀င် တိုးချဲ့ကွက်သစ်တွေ ကြားလမ်း သိန်း ၂၀၀ ၀န်းကျင် အဝေရာလမ်း သိန်း၇၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရပါတယ်။

Source: The Modern

Facebook comments