09-261334475

ရန်ကုန် ဆောက်လုပ်ရေး လောကမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ထွက်ခွာဟုဆို

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းမှုကြောင့် ဆောက်လုပ်ရေး လောကထဲမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် 
ရပ်နားမှုများ ရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

လက်ရှိ ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေ တိုက်ခန်း အရောင်းအဝယ် ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါး အေးစက်လျက်ရှိပြီး တိုက်ခန်းကြိုပွိုင့် ဝယ်ယူသူများလည်း မရှိသောကြောင့် အမှန်တကယ် ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည့် ငွေကြေး အရင်းအနှီး တတ်နိုင်သည့် လုပ်ငန်းရှင်များသာ ဆက်လက် လုပ်ကိုင်လျက်ရှိနေကြောင်း
 ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။

“အခုက ဆောက်လုပ်ရေး ဈေးကွက် ကျနေတယ်။ မြေစရိတ်ကကြီးတော့ ဆောက်လုပ်မှု စရိတ်နဲ့ ပေါင်းလိုက်တော့ အခန်းဈေးတွေက ကြီးလာတယ်။ လူတွေ မဝယ်နိုင်တဲ့ ဈေးနှုန်း တစ်ခုဖြစ်လာတော့ ဆောက်လုပ်ရေး လုပ်ငန်း ရပ်သွားတယ်။ ကန်ထရိုက်တာထဲမှာ ကတိပျက်သူရှိတော့ အယုံအကြည် မဲ့ပြီး အရောင်းအဝယ် ထိခိုက်သွားတယ်”ဟု ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် Capital Construction Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ လိုင်စင် ထုတ်ပေးထားသော လိုင်စင်ရ ကန်ထရိုက်တာ ၁၂ဝဝ ခန့် ရှိသည်။

“ကန်ထရိုက်တာ လိုင်စင် မရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပေါ်ပင် လုပ်တဲ့သူတွေ၊ အရင်းအနှီး နည်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ထက်ဝက်ကျော်လောက် ဒီလောကထဲက ထွက်ခွာ သွားကြတယ်။ ကြိုပွိုင့်တွေရောင်း၊ ဘဏ်မှာ ချေးငွေယူပြီး လုပ်တဲ့ လုပ်ငန်းရှင်တွေလည်း အရောင်းအဝယ် မရှိတော့ ရပ်နားကုန်ကြတယ်”ဟု ဝေယံထွန်း
လင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ကန်ထရိုက်တာ ဦးထွန်းထွန်းလင်းက ဆိုသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးစက်ပြီး ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းနေမှုကြောင့် ကန်ထရိုက်တိုက် အဆောက်အအုံ ဆောက်လုပ်မှုလျော့ကျ လာကြောင်း 
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။

တရားဝင် အဆောက်အအုံများကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်က အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ အဆောက်အအုံ အလုံး ၆ဝဝဝ ကျော် ခွင့်ပြုပေးခဲ့ပြီး ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလအထိ အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ စုစုပေါင်း အလုံး ၄ဝဝ ခန့်သာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ဆက်စပ်မြို့နယ်များတွင် ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒိုများကို ကာလ ပေါက်ဈေးထက် ထက်ဝက်ခန့် လျှော့ပြီး ရောင်းချနေသော်
လည်း ရောင်းသူများ ပြားကာ ဝယ်ယူသူ အနည်းငယ်သာ ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ စုံစမ်း သိရှိရသည်။

“လက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ရှိ ၁၂ ပေခွဲ ပေ ၅ဝ တိုက်ခန်းကို သိန်း၎ဝဝ၊ မြို့တွင်း ဆက်စပ် မြို့နယ်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာမှာ သိန်း၂ဝဝ
 ကျော်လောက်နဲ့ ရောင်းပါတယ်။ ကွန်ဒိုကတော့ မြို့တွင်း မြို့နယ်မှာ သိန်းတစ်ထောင်ကျော်လောက် ပေါက်ဈေးရှိပေမယ့် နေရာ လိုအပ်နေသူ အချို့သာ ဝယ်ယူမှုရှိပါ
တယ်”ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ကိုနေဇော်က ဆိုသည်။

Source: The Voice

Facebook comments