09-261334475

ဒလဘက်ခြမ်းမြေကွက်များ အရောင်းအ၀ယ်မရှိသလောက်အေးနေပြီး တတ်ဈေးစောင့်မျှော်

ဒလဘက်ခြမ်းမြေကွက်များ အရောင်းအ၀ယ်မရှိသလောက်အေးနေပြီး

တတ်ဈေးစောင့်မျှော်

 

ရန်ကုန် - ဒလပေါင်းကူးဆက်သွယ်ပေးမယ့် တံတားသစ်စီမံကိန်းစတင်ရန်

နီးကပ်လာသည်နှင့်အမျှ ဒလဘက်ခြမ်းရှိ လမ်းမတန်းနှင့်အနီးဝန်းကျင်

မြေကွက်များ အရောင်းအ၀ယ်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

ဒလဘက်ခြမ်း တံတားဆင်းမည့်နေရာ ပတ်ဝန်းကျင်များ၌ ယခင်နှစ်များက

သိန်းထောင်ကျော်ထိခေါ်ဆိုမှုများရှိခဲ့သော်လည်း တံတားသစ်စီမံကိန်း

စတင်ရန် သေချာသည့် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း အရောင်း

အ၀ယ်များ သိသိသာသာလျော့သွားကြောင်း စုံစမ်းသိရှိရသည်။

 

ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကတောင် ဈေးတွေက တချို့ဆို သိန်း

နှစ်ထောင်သုံးထောင်မက အော်တာတွေရှိတယ် တချို့ကျတော့လည်း ထုတ်

မရောင်းသေးဘူးပေါ့ လမ်းမတန်းနဲ့နည်းနည်းလှမ်းတဲ့ဘက်က အိမ်ခြံလေး

တွေတော့ လမ်းသွယ်အတွင်းပိုင်းဘက်တွေပေါ့ ပေ ၄၀x၆၀ လောက်ကိုပဲ

သိန်း လေးငါးရာကနေ ခုနှစ်ရာရှစ်ရာ ခေါ်ကြတယ် အရောင်းအ၀ယ်နည်းနည်း

ဖြစ်တယ်ပေါ့ နေရာကောင်းတွေကတော့ ရောင်းတာသိပ်မတွေ့ရဘူး

တံတားပြီးသွားရင် ဒီထက်မက ဈေးရမယ်ဆိုတာ သိကြတော့ အချိန်အခါ

စောင့်နေကြတာပေါ့ တွံတေး ကော့မှူးသွားတဲ့ဘက်တွေက မြေကွက်တွေ

တော့ အရောင်းအ၀ယ်မကြာခဏဖြစ်ပါတယ် အဲဒီဘက်တွေလည်း နောက်ပိုင်း

ဆို စည်လာမှာပဲ  တံတားထိုးပြီးသွားရင် လမ်းပန်းဆက်သွယ်ရေးကအစ

အရင်နဲ့ခြားနားသွားမယ် ဖွံ့ဖြိုးလာမှာပေါ့ နေရာကောင်းလာရင် ဈေးကွက်

လည်း ကောင်းလာမှာပဲ တော်ရုံသင့်ရုံဈေးနဲ့ပဲ ဒီဘက် မြေကွက်ရှာရင်တော့

ဒလဘက်ကမ်းနား အကွက်တွေတွေ မြို့နယ်ချင်းဆက်လမ်းဘေးတွေက

အကွက်တွေက ပိုသင့်တော်တဲ့ အနေအထားရှိပါတယ် ဟု ဒလမြို့ခံတစ်ဦးက

ပြောကြားသည်။

 

ရန်ကုန်နှင့် ဒလဆက်သွယ်သွားလာရေးအနေဖြင့် လက်ရှိတွင် ပန်းဆိုးတန်း

ဆိပ်ကမ်းမှနေ၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီ ( ၁ ) ၊ ( ၂ ) ၊

( ၃ ) သင်္ဘောများ နေ့စဉ်ပြေးဆွဲပေးလျက်ရှိနေပြီး ဒလဘက်ကမ်းရှိဒေသခံ

အများစုမှာ ကမာကဆစ်၊ ကမာသွယ်၊ ကမာအောင် စသည့် သမ္ဗာန်ဆိပ်များမှ

နေ၍ လုပ်ငန်းခွင်ရှိရာ ရန်ကုန်တဘက်ကမ်းအနေအထားအပေါ် မူတည်ပြီး

သမ္ဗာန်ကို အဓိကအားထားသွားလာကြကြောင်း သိရသည်။


ရန်ကုန်ဘက်ကမ်းမှနေ၍ တံတားဦးစတင်ဆောက်လုပ်မည့်နေရာအား ဘုန်းကြီး

လမ်းထိပ်၊ ၀ါးတန်းလမ်းထိပ်နှင့် လမ်းမတော်လမ်းထိပ်များအား လျာထား

သတ်မှတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက်မှုအနည်းဆုံးနှင့် ဒလဘက်ကမ်းနှင့်

ဆက်သွယ်မည့်နေရာ အကောင်းဆုံးအဖြစ် ဘုန်းကြီးလမ်းထိပ်ကို ရွေးချယ်

သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သို့ရာတွင် ယခုအောက်တိုဘာ နောက်ဆုံးပတ်အတွင်း ကြားသိရသော သတင်း

များအရ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းဝန်းကျင်ရှိ ပြည်သူများက တံတား

ဆောက်လုပ်စဉ်အတွင်ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောပိတ်ဆိုမှုများနှင့် အခြား

သော ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဘုန်းကြီးလမ်းထိပ်မှ တံတား

သစ်ဆောက်လုပ်ရန် ရွေးချယ်ထားမှုအား ကန့်ကွက်ထားကြောင်း သိရသည်။

 

Property Media Team

www.Property.com.mm

 

 

Facebook comments