09-261334475

သစ်တောမြေ အကွက်ရိုက် ရောင်းချတာ၊ လွှဲပြောင်း ရောင်းချတာတွေ အရေးယူဖို့ စာရင်းကောက်ပြီ

သစ်တောမြေတွေကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်စိုက် ဧကကြီးတွေ ဆောင်ရွက်ဖို့ဆိုပြီး ပုဂ္ဂလိကကို ဧက များစွာ ချထားပေးခဲ့ပေမဲ့ အကွက်ရိုက်ရောင်းချတာတွေ၊ လွှဲပြောင်းရောင်းချတာတွေရှိလို့ ထိထိရောက် ရောက် အရေးယူဖို့ စတင် စာရင်းကောက်ယူနေပြီလို့ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။

အဲသည်အဆိုကို အခုလ ၂၃ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်း အ ဝေးမှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက တင်သွင်းခဲ့ တာဖြစ်ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်၊ ငါန်းဇွန်မြို့နယ်မှ ဒေါ်သဲ စုဝေ၊ နွားထိုး
ကြီးမြို့နယ်မှ ဒေါ်ငြိမ်းသက်နွယ်၊ ပုသိမ်ကြီးမြို့နယ်မှ ဦးရဲမင်းဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ တာဖြစ်ပြီး အကောင်အထည်ဖော်ဖို့ လွှတ်တော်က အတည်ပြုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “အဆိုကို အကော်အထည်ဖော်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးပါဝင်တဲ့ အဖွဲ့ကိုဖွဲ့လိုက်ပြီ၊ မကြာခင်မှာ စတင်တော့မယ်၊ အခုနယ်မြေ စာရင်းတွေ ကောက်နေပြီ၊ အခုကောက်ထားတဲ့ စာရင်းတွေအရဆိုရင် မြေကွက်တွေကို အစုအစပ်ချထားတာ ၃၇၀ ဦး တွေ့ရှိရတယ်၊ ကော်ဖီစိုက်ခင်း ၁၈၆ ဧက လဲ အကွက်တွေ မနည်းဘူး” လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ရဲ့ မြေဧရိယာအကျယ်ဟာ ၄၈၈.၇၉၄ ဧက ရှိပြီး လေးပုံသုံးပုံဟာဆိုရင် သစ်တောမြေ ဖြစ် တယ်။ စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးတဲ့ မြေကွက်တွေကို ကွက်ရိုက်ရောင်းချထားတာတွေ၊ လွှဲပြောင်း ရောင်းချတာတွေနဲ့ လုံးဝစိုက်ပျိုးခြင်းမရှိတာတွေကို စိစစ်တွေ့ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး အတွင်းက မြို့နယ်အသီးသီးမှာ သစ်တောဦးစီးဌာနက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိုက် ပျိုးလုပ်ကိုင်ခွင့် ချထားပေးတဲ့ ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက်ခင်းဧကကြီးတွေမှာ ပြဋ္ဌာန်းထားတဲ့ စိုက်ပျိုး ဥပဒေစည်းကမ်းတွေနဲ့ မညီဘဲ လုပ်ဆောင်နေမှုတွေကို လက်ရှိ တည်ဆဲ သစ်တောဥပဒေနဲ့အညီ ကွင်း ဆင်းစစ်ဆေးအရေးယူမှာ ဖြစ်ပါတယ်။

Source: The Modern

Facebook comments