09-261334475

လူမှုဖူလုံရေး အလုပ်သမားများအတွက် တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရန် မြေနေရာ ဆက်လက်တောင်းခံထားဟုဆို

လူမှုဖူလုံရေးအာမခံ ရန်ပုံငွေဖြင့် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ပေးရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မြေနေရာ ဆက်လက်တောင်းခံထားကြောင်း လူမှုဖူလုံရေးအဖွဲ့
ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်း က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေးအာမခံ အလုပ်သမားများအားတန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ အရစ်စနစ်ဖြင့် ရောင်းချပေးရန်ယခင်အစိုးရလက်ထက်ကတည်းက
မြေနေရာ တောင်းထားခြင်းဖြစ်ပြီး အစိုးရ အပြောင်းအလဲရှိခဲ့၍ ပြန်လည်တောင်းခံထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘အရင်အစိုးရလက်ထက်က တော့ မြေကိုးဧကတောင်းထား တာရဖို့ နီးစပ်ခဲ့တယ်။ စက်မှုဇုန်အလုပ်သမားတွေများတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် တွေမှာ တောင်းခဲ့တာပါ။
နောက် အပြောင်းအလဲတွေ ရှိခဲ့တော့ အဲဒါ ဆက်မလုပ်ဖြစ်ဘူး။ အခု အစိုးရသစ်လက်ထက်မှာတော့ ထပ်တောင်းထားတယ်’’ဟု ဦးထွန်းသန်းက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ ဆောက် လုပ်ပေးရန် ယခင်အစိုးရလက် ထက်တွင် လူမှုဖူလုံရေးအဖွဲ့က ကျပ်သန်းနှစ်ထောင် သုံးစွဲရန် ဘဏ္ဍာငွေလျာထားပြီး ဆောက် လုပ်နိုင်ခြင်းမရှိ၍ 
ဘဏ်သို့ ပြန်လည်အပ်နှံထားကြောင်း သတင်းရရှိသည်။

‘‘မြေနေရာရရင်တော့ အဲဒီ ရန်ပုံငွေကို ပြန်ထုတ်သုံးသွားမှာ ပါ’’ဟု ၎င်းက ပြောသည်။

လူမှုဖူလုံရေးအဖွဲ့က ဆောက်လုပ်မည့် တန်ဖိုးနည်း အိမ်ရာသည် တစ်ခန်းလျှင် ကျပ် သိန်းတစ်ရာခန့် ရှိနိုင်မည်ဟု ကန ဦး သတင်းထုတ်ပြန်ထားသည်။

လူမှုဖူလုံရေးအဖွဲ့သည် ကိုယ်ပိုင်ရန်ပုံငွေဖြင့် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ သကဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်အခြားဌာနများက ဆောက်လုပ် မည့်အိမ်ရာများတွင် လူမှုဖူလုံရေး အာမခံ အလုပ်သမားများ ဝယ်ယူ ခွင့်ရရှိနိုင်ရန် ကြိုးစားမည်ဟု ဆို သည်။

လူမှုဖူလုံရေးအလုပ်သမား များ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူ ခွင့်ရရှိရေး ယင်းအဖွဲ့က ကျင့်သုံး ရန် ကျန်ရှိနေသည့် အိမ်ရာဝယ် ယူခွင့် အာမခံကြေး ပေးသွင်းမှုကို ကျင့်သုံးရမည်ဖြစ်ပြီး 
ယင်းစနစ် ကျင့်သုံးပါက လူမှုဖူလုံရေးအာမခံအလုပ်သမားသည် ပုံမှန်ပေးသွင်းနေသည့် အာမခံထည့်ဝင်ကြေးများအပြင် ၎င်းရရှိသည့်လစာ၏၂၅ရာခိုင်နှုန်းထပ်မံ ပေးသွင်းရမည်ဖြစ်
သည်။

Source: 7DayDaily

Facebook comments