တန်ဖိုးနည်းအိမ်ရာများ တန်ဖိုးများနေသေးဟုဆို
ယခုလတ်တလော
အရောင်းချထားပေးမယ့် တန်ဖိုးနည်းအိမ်ရာများနှင့်
ပတ်သက်၍
ပြည်သူတို့၏ ဝေဖန်မှုများတွင် တန်ဖိုးနည်း တိုက်ခန်းများ
ဈေးနှုန်းမြင့်မားနေဆဲဖြစ်ပြီး
ကနဦး သွင်းငွေပင် ပေးသွင်းရန်မတတ်နိုင်
သော ပြည်သူများက
ပုံမှန်အရစ်ကျစနစ်ဖြင့်သာ ချထားပေးစေလိုမှုများ၊
တိုက်ခန်းတန်ဖိုး
ယခုထက်မက လျော့ကျရောင်းချပေးစေလိုမှုများ ရှိကြ
ကြောင်း
သိရသည်။
ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနတို့မှ
ပူးပေါင်းစီစဉ်ဆောက်လုပ်ထားသော လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း
အိမ်ရာ
အပိုင်း ၂ /၃ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာများနှင့်
ကနောင်
တန်ဖိုးနည်းအိမ်ရာများမှ တိုက်ခန်းပေါင်း ၂၂၀၀ ကျော်အား အရစ်ကျ
စနစ်ဖြင့်
ရောင်းချပေးမည်ဖြစ်ရာ ကနဦးပေးသွင်းငွေ သိန်း ၃၀ ကျပ်နှင့် လစဉ်
၈ နှစ်
အရစ်ကျ ပေးသွင်းဝယ်ယူရမည်ဖြစ်ကြောင်းသတင်း ထွက်ပေါ်လာပြီး
နောက်
အခြေခံလူတန်းစား ပြည်သူများမှ ၎င်းတို့၏ ဆန္ဒများအား ထုတ်ဖော်
ပြောကြားလာကြခြင်းများဖြစ်သည်။
ကျွန်တော်က
အိမ်ငှားနေတာ ၅ နှစ်ကျော်ပါပြီ တစ်လ ၈ သောင်းနဲ့
မိသားစု
လေးဦးနေကြတယ် တန်ဖိုးနည်းလျှောက်လွှာတွေ ခေါ်တော့လည်း
လျှောက်ဖြစ်ပါတယ်
မပါတာကတော့ ကိုယ့်ကံပေါ့ တကယ်တမ်း ကိုယ့်
လျှောက်လွှာမဲပေါက်လို့
ဝယ်ခွင့်ရရင်တော့ သိန်း ၃၀ ဘယ်လိုရှာရမလဲ
မသိပါဘူး
တချို့ဆို ကြားမိတာ မဲတော့ပေါက်တယ် သိန်း ၃၀ ကို မဖြစ်မနေ
ဖြစ်ညှစ်ရှာပြီးမှ
နောက်ပိုင်း ဆက်မသွင်းနိုင်တာတွေလည်း ရှိတယ်တဲ့
မန္တလေးဘက်က
အိမ်ရာတွေဆိုရင်လည်း ရတဲ့သူတွေက ပြန်ရောင်းနေကြ
တာပဲ အဲဒီတော့
ဘယ်လိုစနစ်နဲ့ စိစစ်သလဲဆိုတာတော့ မသိဘူးပေါ့
မဲပေါက်တဲ့
သူတွေက အကျိုးအမြတ်ရလို့ ရောင်းတာတွေလည်း ရှိမှာပေါ့
ရောင်းပြီးတခြား
တနေရာရာဖြစ်ဖြစ် ပြန်ဝယ်တာတွေ ရှိတာပဲ ကျွန်တော့်
အနေနဲ့ကတော့
ကနဦးသွင်းငွေဖယ်ပြီး လစဉ်အရစ်ကျပေးသွင်းတာမျိုးက
ပိုအဆင်ပြေတယ်ထင်ပါတယ်
ဟု ဒဂုံဆိပ်ကမ်းမြို့နယ်နေ အငှားယာဉ်မောင်း
တစ်ဦးက
ပြောသည်။
ယူပြီးတော့
လူမနေတဲ့အခန်းတွေကို အစိုးရက ငွေပြန်မပေးတဲ့နည်းနဲ့
ထိန်းချုပ်ရင်ရော
ဖြစ်နိုင်မလား စဉ်းစားကြည့်စရာပေါ့ အခုက မန္တလေးဘက်
တန်ဖိုးနည်းတွေဆိုလည်း
ဒီလိုပဲ အခန်းရပြီး ပြန်ရောင်းနေကြတာတွေ
ရှိတာပဲ
ဒီလိုအခြေအနေတွေကို ထိန်းပေးနိုင်ရင်လည်း အမှန်တကယ်
အိမ်ရာလိုအပ်တဲ့သူတွေအတွက်
ပိုပြီးအကျိုးရှိမယ်လို့ မြင်ပါတယ်ဟု
တပ်မတော်ခန်းမတွင်
ပြလုပ်ခဲ့သည့် အိမ်ရာပြပွဲသို့ လာရောက်လေ့လာသူ
တစ်ဦးက
ပြောသည်။
ပြည်သူအချို့ကမူ
တန်ဖိုးနည်းအိမ်ရာများဝယ်ယူပိုင်ဆိုင်နိုင်ခွင့် အခွင့်အရေးထက်
အချိန်နှင့်ငွေကြေး
ရင်းနှီးရမှု ပိုမိုအားသာချက်ရှိသော အငှားအိမ်ရာများကို ပိုမိုဖြစ်ထွန်း
စေလိုသည့်
ဆန္ဒများလည်း ရှိကြသည်ကို တွေ့ရသည်။
"အိမ်ရာတွေကတော့ ထပ်ပေါ်လာဦးမှာပါ ခုလည်း အစိုးရအဖွဲ့ကနေပြီး မြေနေရာတွေ
ထပ်ရှာနေကြတယ် တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ လောက်ထပ်ဆောက်ဖို့ မြေနေရာ
ရှိတယ်လို့ သိရတယ် ကျွန်တော့်အမြင်ကတော့ ဒီ ၈၀၀၀ ဆိုတာကလည်း အတိုင်းတာ
တစ်ခုထိတော့ အိမ်ရာလိုအပ်ချက်ကို ထိန်းပေးနိုင်မယ် ဈေးနှုန်းကိုလည်း အထိုက်
အလျောက် ပြင်ဆင်လျော့ချပေးနိုင်ရင် ပြည်သူတွေလည်း တန်ဖိုးနည်းအိမ်ရာဆိုတဲ့
အတိုင်း ဈေးနည်းနည်းနဲ့ လုပ်ပေးနိုင်ရင် ပိုအသက်ရှုချောင်တာပေါ့ အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်မှာ စုဆောင်းတာကလည်း ဘာပဲဖြစ်ဖြစ် လက်ရှိ အစိုးရစီမံချက်တွေအရဆို
ကောင်းမွန်ပါတယ် ငွေလည်း တတ်နိုင်သလောက် စုဆောင်းထားကြတာ မမှားဘူးပေါ့"
ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောကြားသည်။
“အငှားအိမ်ရာစနစ်က ကောင်းပါတယ်
ဒါပေမယ့်သူက ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ
ဆောက်လုပ်သူတွေက
နှစ်ရှည်စောင့်ပေးနိုင်ဖို့ဆိုတာက နည်းနည်းအခက်အခဲရှိတယ်
အငှားအိမ်ရာတွေကို
အဓိကဖော်ဆောင်ပေးသင့်တာက အစိုးရအနေနဲ့ ပိုပြီး ငွေအား
စိုက်ထုတ်ပေးနိုင်မှ
ပိုဖြစ်ထွန်းလာနိုင်မယ် အငှားအိမ်ရာတွေ နောက်ပိုင်း ပိုဖြစ်ထွန်း
လာမယ်လို့
ထင်ပါတယ် ဘာလို့လည်းဆိုတော့ အစိုးရကလည်း အိမ်ရာဖွံ့ဖြိုးရေးအပိုင်း
ကို အဓိက
ဆောင်ရွက်သွားမယ်ဆိုတာလည်း ပြောထားတယ် ခုလတ်တလောမှာလည်း
လုပ်သင့်လုပ်နိုင်သလောက်
အငှားအိမ်ရာတွေရော တန်ဖိုးနည်းတွေပါ ဆောက်နေတာပဲ
အချိန်တစ်ခုတော့
ပေးရမှာပေါ့ အဓိက ကတော့ အမှန်တကယ် နေထိုင်လိုတဲ့သူတွေနဲ့
အိမ်ရာမဲ့တွေလက်ထဲ
ပိုင်ပိုင်နိုင်နိုင် ရောက်ရှိဖို့လိုပါတယ် အိမ်ရာမဲ့တွေကလည်း အမှန်
တကယ် အိမ်ရာမဲ့တွေလား
အနေချောင် အခွင့်ရေးလိုချင်လို့ တမင်ကျူးကျော်
နေတာလား
ဒါတွေလည်း စစ်ဆေးဖို့လိုတာပေါ့ ကျူးကျော်တွေမှာက တချို့ဆို ကျူး
ကျော်နေတဲ့အိမ်မှာတင်
ကိုယ်ပိုင်လုပ်ငန်းနဲ့ဘာနဲ့ စလောင်းနဲ့ ဆိုတာမျိုးတွေတောင်
ရှိနေကြတယ်
ကျူးကျော်တွေကိုတော့ ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့က စာရင်းပြုစု
ကောက်နေတာတွေတော့
ရှိပါတယ် ရှေ့ကကောက်ပြီး နောက်ပိုင်း တိုးလာတာတွေ
လည်း ရှိလာနေတယ်လို့
ပြောတယ် အဲဒီလိုပေါ့ ဥပဒေနဲ့ရော စစ်ဆေးလုပ်ဆောင်ချက်
အတွေနဲ့ပါ
သေချာကိုင်တွယ်ဖို့ လိုပါတယ် ဒီလိုမှ မဟုတ်ရင် တန်ဖိုးနည်းတွေ
အငှားအိမ်ရာတွေ
ဆောက်တော့ ဆောက်တာပဲ ပြည်သူတွေအတွက် အိမ်ရာလိုအပ်ချက်
တွေကို
ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးနိုင်ဖို့အခြေအနေ လမ်းကြောင်းမှန် စနစ်မှန်
မလုပ်ပေးရင်
လိုအပ်ချက်တွေက ရှိနေဦးမယ်လို့ထင်ပါတယ်” ဟု သံလွင်လမ်းရှိ
Estate
Myanmar Enterprise အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ကိုမျိုးထိုက်က
ပြောကြားသည်။
အငှားအိမ်ရာစနစ်ကို
အခြေခံလူတန်းစား အိမ်ရာမဲ့များ အများစု သဘောကျကြပြီး
ယခင်အစိုးရလက်ထက်တွင်
တစ်နိုင်ငံလုံးအတွက် အငှားအိမ်ရာအခန်းများ ဖော်
ဆောင်ရန်
ငွေကျပ် ၄၆ ဘီလျံ ချထားပေးခဲ့ပြီး အိမ်ရာအခန်းလိုအပ်ချက် မြင့်မားမှု
အများဆုံးဒေသဖြစ်သော
ရန်ကုန်တိုင်းဒေသကြီးတစ်ခုအတွင်း အငှားအိမ်ရာ အခန်း
ပေါင်း၁၂၀၀
ခန့်အား အကောင်အထည်ဖော်တည်ဆောက်ပေးနိုင်ခဲ့သည်။
ယခုအောက်တိုဘာလအတွင်း
အငှားအိမ်ရာများနှင့် ပတ်သက်၍ ဥပဒေအကြံပြုအဖွဲ့များ
နှင့်
ပြည်ထောင်စုအစိုးရတို့ ညှိုနှိုင်းတိုင်ပင်၍ သဘောတူညီချက်များအရ ဆိုင်ရာ
ပြည်နယ်နှင့်တိုင်းဒေသများရှိ
အငှားအိမ်ရာတည်ဆောက်နေသည့် စီမံကိန်းများတွင်
တင်ပြထားရာ
ဧရာဝတီတိုင်းဒေသအတွင်းရှိ အငှားအိမ်ရာများတွင် ၃ သောင်းနှုန်းဖြင့်
ငှားရမ်းနေထိုင်ခွင့်ပြုမည့်
အခန်းများအား ငါးနှစ်အထိနေထိုင်ခွင့်ပြုမည့် သတ်မှတ်ချက်
ဖြစ်ပေါ်လာသည်ဟု
သိရသည်။
အငှားအိမ်ရာများသည်
အခြေခံလူတန်းစား ၀င်ငွေနည်းပြည်သူများအတွက် တိုက်ရိုက်
အကျိုးပြုနိုင်ပြီး
လက်ရှိအစိုးရသစ်လက်ထက် ဖြေရှင်းနေရဆဲဖြစ်သော ကျုးကျော်
ပြဿ နာများကိုလည်း
တစ်နည်းတစ်ဖုံ ပပျောက်စေရန်အတွက် ဆက်စပ်စဉ်းစားစရာ
အခြေခံလိုအပ်ချက်တစ်ခု
ဖြစ်သည်။ တည်ဆောက်ခဲ့သမျှ တန်ဖိုးနည်းအိမ်ရာများအနေဖြင့်
လည်း သာမန်ပြည်သူတို့အတွက်
အလှမ်းကျယ်နေသေးသည့်အခြေအနေကို ထိန်းညှိ
ပေးနိုင်ရန်
လိုအပ်နေသေးပြီး ဈေးနှုန်းလျော့ချပေးနိုင်ရန်အတွက် အဓိကလိုအပ်သလို
ချေးငွေအဆင့်
မြှင့်တင်ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာစီမံချက်ကောင်းများနှင့် အိမ်ခြံမြေ
ဖွံ့ဖြိုးရေးအတွင်
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဆွဲဆောင်စည်းရုံး၍ ဘက်စုံထောင်စုံမှ
အားပြု
အကောင်အထည်ဖော်ပေးရန်လိုအပ်နေပေသည်။
လက်ရှိတွင်
အစိုးရသစ်အနေဖြင့် အငှားအိမ်ရာများကို နေရာအခက်အခဲကြောင့် ဘတ်ဂျက်
ချထားခြင်း
မပြုရသေးသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်များမှလွဲ၍ ပြည်နယ်နှင့်
တိုင်းဒေသကြီးများအတွင်း
အကောင်အထည်ဖော်ဆောင် ဆောက်လုပ်ပေးလျက် ရှိသည်။
Property
Media Team
www.Property.com.mm