09-261334475

တန်ဖိုးနည်းအိမ်ရာ အခန်း ၂,၀၀၀ ကို မဲစနစ်ထက် ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးနေဟုဆို

တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းများကို ယခင်အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်အစား အခြား စနစ်တစ်ခုဖြင့် ရောင်းချမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘အခန်းနှစ်ထောင်ကျော်ကို စတင်ရောင်းချဖို့ တိုင်းဒေသကြီး အစိုးရကို ကျွန်တော်တို့ လွှဲပြောင်းပေးလိုက်ပါပြီ။ မဲဖောက်ရောင်း တဲ့စနစ်ထက် ကောင်းတဲ့တစ်ခုနဲ့ ရောင်းဖို့ ရှိပါတယ်။ အခုထက် အထိတော့ ဆွေးနွေးနေဆဲပါ’’ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမင်းအောင်အေးက ပြောသည်။

 ပြီးခဲ့သည့် အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်သည် အမှန် တကယ် ဝယ်ယူလိုသူလက်ထဲ မရောက်ရှိဘဲ ပြန်လည်ရောင်းချ သူ၊ ဈေးတင်ရောင်းချသူများထံ ရောက်ရှိခဲ့၍ တန်ဖိုးနည်းအိမ်ရာ များ ရောင်းချသည့်စနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ရွှေလင်ဗန်းနှင့် ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ အခန်း ပေါင်း နှစ်ထောင်ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ ဩဂုတ်အစောပိုင်းက  လွှဲပြောင်းပေးခဲ့ ပြီးဖြစ်သော်လည်း  ယနေ့အထိ အဆိုပါအခန်းများကို  မည်သည့် အစီအစဉ်ဖြင့် ရောင်းချရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်  ပြန်ခြင်းမရှိသေးပေ။

ယခင်အစိုးရလက်ထက်က တည်ဆောက်သည့် အိမ်ရာစီမံ ကိန်းသည် ထင်သလောက် မအောင်မြင်ခဲ့ဘဲ အမှန်တကယ် လိုအပ်သူများ ဝယ်ယူနိုင်သည့်အ ခြေအနေမရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောကြားသည်။

‘‘မအောင်မြင်တာကတော့ အမှန်ပဲ။ ဥပမာ ရတနာတို့၊ ဧရာ ဝဏ်တို့ပဲကြည့်၊ စဆောက်ဖို့ရည် ရွယ်တုန်းက သိန်းတစ်ရာကျော်။ အခု တကယ်ရောင်းတော့ သိန်း ခြောက်ရာကျော်နဲ့ ရောင်းနေပြီ။တချို့စီမံကိန်းတွေက အမှားအယွင်းတွေ တော်တော်များခဲ့တယ်’’ ဟု မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း များ မတည်ဆောက်မီက ကြိုတင် ၍ မြို့ပြပညာရှင်များက မှားယွင်း နေသော အချက်အလက်များကို ထောက်ပြ ပြောကြားခဲ့သော် လည်း အစိုးရတာဝန်ရှိသူများက လက်မခံခဲ့ကြောင်း မြို့ပြစီမံကိန်း ပညာရှင်များက ဆိုသည်။

ယခုအစိုးရလက်ထက်တွင် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိတိုက်ခန်းနှစ်ထောင်ကျော် ရောင်းချရန်ပြင်ဆင်ပြီး ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်း ရှစ်ထောင် ကျော် တည်ဆောက်ရန် အစိုးရကရည်ရွယ်ထားသည်။

Source : 7day Daily

Facebook comments