09-261334475

မော်လမြိုင်ဒေသအတွင်းရှိ ဥယျာဉ်ခြံမြေများနှင့်မြေကွက်အရောင်းခေါ်ဆိုမှုများ များပြားလာ

 

မော်လမြိုင်ဒေသအတွင်းရှိ ဥယျာဉ်ခြံမြေများနှင့်မြေကွက်အရောင်းခေါ်ဆိုမှုများ များပြားလာ

 

မော်လမြိုင်မြို့အနီးဝန်းကျင် အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်များအတွင်း

မြေကွက်များနှင့် မော်လမြိုင် မုဒုံကားလမ်းမတလျှောက် ခြံမြေအရောင်းခေါ်

ဆိုမှုများ ပိုမိုအတွေ့ရများလာပြီး ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု၊ ခရီးသွား

လုပ်ငန်း လမ်းပန်းဆက်သွယ်ရေးနှင့် လမ်းတံတားအဆောက်အအုံ စီမံကိန်း

သစ်များကြောင့် ဒေသခံများသာမက အခြားနယ်များမှ ၀ယ်လက်များပါ

လာရောက်လေ့လာစုံစမ်းမှုများ ရှိနေကြောင်း Property.com.mm သတင်း

မီဒီယာအဖွဲ့မှ လေ့လာစုံစမ်းသိရှိရသည်။

 

မော်လမြိုင်မြို့နှင့် ပတ်ဝန်းကျင် ခြံမြေဈေးကွက်အခြေအနေများအား ဒေသခံ

အိမ်ခြံမြေ အရောင်းအ၀ယ်သမားတစ်ဦးဖြစ်သူ ဦးစိုးမြင့်အား မေးမြန်းရာတွင်

“မော်လမြိုင်ဘက်မှာဆို မုပွန်တိုးချဲ့ဘက်တွေနဲ့ သီရိမင်္ဂလာတိုးချဲ့ဘက်တွေမှာ

မြေကွက်နေရာကောင်းလေးတွေ အရောင်းခေါ်တာတွေရှိတယ် သိန်း ၁၀၀

ဝန်းကျင်ကနေ သိန်းလေးရာ ငါးရာဝန်းကျင်အထိ ဈေးခေါ်ကြတယ် တချို့လည်း

အိမ်ပါတာပေါ့ ဒီဘက်မှာက မြေကွက်တွေဆိုပေမယ့်လည်း အကွက်တွေက

အုံနဲ့ကျင်းနဲ့ ရှိတာမျိုးမဟုတ်ဘူးလေ တချို့လည်း ခြံခတ်ထား တချို့လည်း

အိမ်ဆောက်ထားတယ် ဈေးကောင်းရရင် တခြားပြောင်းရွှေ့နေတာတို့ ထပ်ဝယ်

တာတို့ လုပ်ကြတယ် ဈေးနှုန်းအမြင့်တွေကတော့ စီးပွားရေးလုပ်ဖို့နဲ့ ငွေပိုရှိတဲ့

သူတွေလောက်ပဲ ၀ယ်ကြတာတွေ့ရတယ် မြေကွက်ကျယ်တွေပေါ့ သာမန်

အိမ်ပိုင်မရှိသေးတဲ့သူတွေ ကတော့ စုမိဆောင်းမိတာလေးနဲ့ သိန်း ၁၀၀

အောက် ၀န်းကျင်လေးတွေလောက်ပဲ ကြည့်ကြတာပေါ့ တချို့တွေက တန်ဖိုး

နည်းအိမ်ရာ စီမံကိန်းတွေက အခန်းတွေကို မျှော်လင့်နေကြတာတွေလည်း

ရှိကြတယ် တန်ဖိုးနည်းအိမ်ရာကတော့ ၀ယ်ယူခွင့်ရဖို့ အခြေအနေကတော့

မသေချာဘူး ကံ ပေါ့ ဒါပေမယ့်ချပေးနိုင်မယ့် အိမ်ရာတိုက်ခန်း အရေအတွက်နဲ့

ဝယ်လိုအားက ရန်ကုန် မန္တလေးတို့ကလို အုံနဲ့ကျင်းနဲ့ ကွာဟတာမျိုး နည်းမယ်

လို့ထင်တယ် အနည်းနဲ့အများတော့ ရှိမှာပေါ့လေ ချောင်းဆုံ သံဖြူဇရပ်ဘက်

တွေမှာလည်း တန်ဖိုးနည်းအိမ်ရာတွေလုပ်ဖို့ရှိတယ်လေ သတင်းကြားမိတာ

တော့ အခန်းတွေကို သိန်း ၅၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားတယ်ပြောပါတယ်

အိမ်ရာသစ်တွေ ထပ်လုပ်ဖို့ စီမံချက်ရှိတယ်ပြောပါတယ် ဘာပဲဖြစ်ဖြစ် အိမ်ရာ

သစ်တွေဖော်ဆောင်မှုများလာတဲ့အခါ ဒေသခံတွေလည်း အခန်းပိုင်အိမ်ပိုင်

ဖြစ်ကြမယ်ကောင်းတာပေါ့ မြေဈေး အိမ်ဈေးတွေလည်း ဈေးကျတာပေါ့” ဟု

ဦးစိုးမြင့်က ပြောကြားသည်။

 

လတ်တလောတွင် မော်လမြိုင် - မုဒုံ အဝေးပြေးလမ်းမဘေး ရော်ဘာခြံများ၊

ဥယျာဉ်ခြံများနှင့် မော်လမြိုင်မြို့စွန်မြေကွက်များအပါအ၀င် ဖားအောက်တောရ

ပတ်ဝန်းကျင် မြေကွက်များပါ အရောင်းခေါ်ဆိုမှုများရှိနေပြီး ဥယျာဉ်ခြံမြေမှာမှာ

အကျယ်အ၀န်းနှင့် စိုက်ပျိုးပင်အရေအတွက် နှစ်သားအလိုက် သိန်း ၄၀၀ မှ ၈၀၀

ကြား အရောင်ခေါ်ဆိုမှုများရှိပြီး မြို့စွန်ရပ်ကွက်များအတွင်း မြေကွက်လွတ်များ

အနေဖြင့်လည်း သိန်း ၁၀၀ အောက်ဝန်းကျင်မှ သိန်း ၅၀၀ ကြား အရောင်းခေါ်ဆို

မှုများ ရှိကြကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြားသည်။

မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားသော ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်

တွင်လည်း စုဆောင်းသူများ များလာကာ အရစ်ကျရောင်းချပေးလာမည့် တန်ဖိုးနည်း

အိမ်ရာများ ၀ယ်ယူပိုင်ဆိုင်ခွင့်ရရေးအတွက် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် 

မျှော်လင့်အားထားလျက်ရှိနေကြကြောင်းလည်း သိရသည်။

 

Property Media Team

www.Property.com.mm

 

Facebook comments