09-261334475

ဝါကျွတ်ကာလ အိမ်ခြံမြေငှားရမ်းမှု အရင်နှစ်ထက် ဈေးသက်သာ

ဝါကျွတ်ကာလအတွက် အိမ်ခြံမြေငှားရမ်းမှုဈေးနှုန်းကတော့ အရင်နှစ်တွေကထက် ဈေးနှုန်းသက်သာပြီး ကျပ် တစ်သိန်းဝန်းကျင် တိုက်ခန်းရွှေးချယ်စရာတွေ ရှိနေတယ်လို့ သိရပါတယ် ။

‘ပုံမှန်ဆိုရင် ဝါကျွတ်ရင် အနည်းနဲ့အများဈေးက တက်ကြတာများတယ် ၊ အခုကျတော့ ကန်ထရိုက်တိုက်တွေများလာလို့ အရင်ထက် သက်သာတာတွေတောင်ရှီပြီး 
ဝါကျွတ်အကြိုငှားဖို့ ပြင်ဆင်ထားတဲ့ အခန်းတွေတောင်ရှိလာတယ်’ လို့ ကျော်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးကျော်မြင့်က ပြောပါတယ် ။

သည်လိုတိုက်ခန်းအများစုကတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်းဆောက်လုပ်လာကြတဲ့ ကန်ထရိုက်တိုက်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေက လုံးချင်းအိမ်တွေ အဓိကဈေးသက်သာလာကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သည်လိုအခန်းတွေကို ကြားကပွဲစားမပါဝင်ဘဲ အိမ်ရှင်အိမ်ငှားတိုက်ရိုက်ငှားရမ်းနိုင်တဲ့ ပေ့ခ်ျတွေ ၊ ဖေ့ဘုတ်ခ် ဂရု(ပ်) တွေကနေ ရှာဖွေငှားကြတာတွေလည်း ရှိလာပါတယ် ။

ပုံမှန်အိမ်ငှားခတွေ ကတော့ ဝါကျွတ်ကာလတိုင်း ဈေးနှုန်း ၁၀ ရာခိုင်းနှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ တက်တာတွေရှိပေမဲ့ ယခုနှစ်အတွင်း ဝါကျွတ်ချိန်မှာတော့ ပုံမှန်အတိုင်းဈေးနဲ့ ရွှေးချယ်စရာတွေ များနေပါတယ်။ ရပ်ကွက်အတွင်း လုံးချင်းတိုက်ဈေးတွေကတော့ ကျပ် ၉၀,၀၀၀ ဝန်းကျင်ကနေ ၁၅၀,၀၀၀ ဝန်းကျင်လောက်ရှိပြီး
တိုက်ခန်းဈေးတွေကတော့ ပထမထပ်ကနေစပြီး ကျပ် ၁၅၀,၀၀၀ ဝန်းကျင်နဲ့ ကျပ် ၈၀,၀၀၀ ဝန်းကျင်ဒါဘာတွေအထိ ဈေးတွေ သတ်မှတ်ထားကြတာဖြစ်ပါတယ်။

ကန်ထရိုက်တိုက်ဈေးသက်သာတာ အများစုကတော့ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း ၊ သာကေတနဲ့ ဒေါပုံမြို့နယ်က တိုက်တွေများပြီး စပေါ် ၊ နှစ်ချုပ်နဲ့ရှိသလို လချင်းပေး တိုက်ခန်းတွေလည်း ရှိပါတယ် ။ တချို့အခန်းတွေကတော့ မိသားစုတစ်စုချင်း နေထိုင်ကြတာ ရှိသလို မိသားစု နှစ်စုလောက် ပူးပေါင်းငှားနေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ် ။

အရင်က အငှားဈေးကွက်က အိမ်ရှင်နဲ့ အငှားမညီမျှတာတွေ ရှီပေမဲ့ နောက်ပိုင်းမှာတော့ အလယ်အလတ်လူတန်းစားတွေ အဓိကနေထိုင်နိုင်တဲ့ ကျပ်တစ်သိန်းဝန်းကျင်အခန်းတွေ များပြားလာပြီး အိမ်ငှားအတွက် ရွှေးချယ်စရာတွေများလာလို့ အခန်းဈေျးွှေလည်း တည်ငြိမ်လာတယ်လို့ သိရပါတယ် ။

Source: The Modern

Facebook comments