09-261334475

မြရည်နန္ဒာအိမ်ရာများအတွင်း ရောင်းဝယ်ငှား ဈေးကွက်ဖွံ့ဖြိုးကောင်းမွန်လျက်ရှိ

 

 

 

မြရည်နန္ဒာအိမ်ရာများအတွင်း ရောင်းဝယ်ငှား ဈေးကွက်ဖွံ့ဖြိုးကောင်းမွန်လျက်ရှိ

 

မန္တလေးမြို့  ၄၅ လမ်းမှ ၄၉ လမ်းပတ်ဝန်းကျင်၊ မင်းကြီးရန်နောင်လမ်းနှင့်

ဂန္ဓာမာလမ်းအကြား မြရည်နန္ဒာအိမ်ရာတိုက်ခန်းများ ရောင်းဝယ်ငှားရမ်းမှု

ဈေးကွက် ကောင်းမွန်နေကြောင်း Property.com.mm သတင်းမီဒီယာ

အဖွဲ့မှ လေ့လာစုံစမ်း သိရှိရပါသည်။

တန်ဖိုးနည်း တိုက်ဖိုးသင့်တိုက်ခန်းများဖြစ်ပြီး ရောင်းဝယ်ငှားရမ်းမှု ဈေး

ခေါ်ဆိုမှုအနေဖြင့် မတိမ်းမယိမ်းရှိပြီး အငှားဈေးကွက် ပိုမိုကောင်းမွန်လျက်

ရှိကာ အရောင်းခေါ်ဆိုမှုများနှင့် ၀ယ်လိုများလည်း များပြားလျက်ရှိကြောင်း

သိရသည်။

အငှားအတွက်လာမေးကြတာများတယ်ဗျ ဈေးတွေကတော့ အစားစား

အနိမ့်ဆုံး ၈ သောင်းလောက်ကနေ ၂ သိန်းထိရှိတယ် မြေညီဆိုရင်

တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲ၊ နှစ်သိန်းရှိမယ် ပထမထပ်ဆို တစ်သိန်း/

တစ်သိန်းနှစ်သောင်း၊ ဒုတိယထပ် ကိုးသောင်း/၁သိန်း၊ တတိယထပ်

ရှစ်သောင်း/ကိုးသောင်း စသဖြင့်ပေါ့ စပေါ်နဲ့ နှစ်ချုပ်၊ ခြောက်လချုပ်စသဖြင့်

ညှိုနှိုင်းပြီး အငှားဈေးလျှော့ပေးတတ်ကြပါတယ် အရောင်းအနေနဲ့ကတော့

ဖြစ်တော့ဖြစ်တယ် ဝေးဝေးတစ်ခါပေါ့ တခြားအကျိုးဆောင်တွေကနေဖြစ်

တာလည်း ရှိမှာပါ ဒါက ကျွန်တော့်အနေနဲ့ပြောတာ အရောင်းဈေးတွေဆိုရင်

မြေညီထပ်ကို သိန်း ၂၅၀ ၀န်းကျင်ကနေ၃၀၀ ကျော်၊ ပထမထပ်တွေဆိုရင်

သိန်း ၂၃၀ အထက် နေရာအကွက်ကွင်းအပေါ်မူတည်ပြီး ခေါ်တယ် အပေါ်

ထပ်တွေကတော့ သိန်း ၁၅၀ ကနေ ၂၀၀ စွန်းစွန်းထိအရောင်းတွေရှိပါတယ်

ဟု ဒေသခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုကျော်မြင့်ဦးက

Property.com.mm သတင်းမီဒီယာသို့ ပြောကြားသည်။

 

မြရည်နန္ဒာအိမ်ရာ တိုက်ခန်းများမှ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းအချို့ကို

ငွေအကျေပေးသွင်းမှုစနစ်ဖြင့် ၀ယ်ယူသူများအား ၂၀၁၅ နှစ်ဆန်းပိုင်း

ကတည်းက လွှဲပြောင်းအပ်နှံပေးခဲ့ပြီး မတ်လအတွင်း၌လည်း အရစ်ကျ

ပေးသွင်းမှု စနစ်အဖြစ် တိုက်ခန်း၄၀၀ ခန့်ကို မန္တလေးတိုင်းဒေသကြီး

အိုးအိမ်ဦးစီးဌာနမှ မဲနှိုက်ရောင်းချပေးခဲ့ပြီး လုပ်သက် ၂၅ နှစ်နှင့်အထက်ရှိ

နိုင်ငံ့ဝန်ထမ်းများအား အောင်ဘာလေစနစ်ဖြင့် မဲနှိုက်ရောင်းချပေးခဲ့ခြင်း

ဖြစ်သည်။ အိမ်ရာဝယ်ယူနေထိုင်ခွင့်အတွက် လျှောက်လွှာဝယ်ယူသူပေါင်း

၁၇၄၁၇ ဦးရှိခဲ့ကာ စည်းကမ်းချက်နှင့် မညီသော လျှောက်လွှာများအား ပြန်လည်

စိစစ်ပယ်ဖျက်ခဲ့ပြီးနောက် ကျန်ရှိသော ၁၂၇၉၀ ဦးတို့အား မဲစနစ်ဖြင့်

ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။


Property Media Team

www.Property.com.mm

 

 

 

 

 

 

 

 

 

 

Facebook comments