ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူသောပုံစံပြောင်းမည်ဟုဆို
အစိုးရသစ်လက်ထက် လုပ်ဆောင်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ပြီးမှ သာ ကုမ္ပဏီများအား တင်ဒါခေါ် ၍ ကန်ထရိုက်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။စီးပွားရေးလုပ်ငန်းရှင်များ သည် ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေး ဆွဲပြီး ၎င်းတို့၏အကျိုးအတွက် သာ လုပ်ဆောင်သောကြောင့် အစိုးရလက်ထက်တွင် မြို့သစ် စီမံကိန်းကို ပြည်သူလူထုအကျိုးဖြစ်စေရန် အစိုးရအဖွဲ့က ကြီးကြပ် ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်၍ အကောင်အထည်ဖော် မည်ဟု ပြောကြားထားကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ပြောသည်။‘‘မြို့သစ်စီမံကိန်းဆိုတာက အစိုးရက အကောင်အထည်ဖော် ရမယ်။ အစီအစဉ်တွေ ရေးဆွဲချ မှတ်ရမယ်။ ဒီဇိုင်းဆွဲမယ်။ ပြီးမှ ကိုယ်လိုချင်တဲ့နေရာတွေကို ကန်ထရိုက်ပေးပြီးတော့ အကောင် အထည်ဖော်ခိုင်းတယ်ဆိုတာ သဘာဝကျပါတယ်’’ဟု၎င်းက ပြောသည်။အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက် ကမ်းမှစတင်၍ တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေကြောင်း ဒေါ်စန္ဒာမင်းက စက်တင်ဘာ ၂၉ ရက်လွှတ်တော်အပြီးတွင်သတင်းထောက်များအား ပြောကြားသည်။‘‘တစ်နှစ်အတွင်းလောက် စတင်အကောင်အထည်ဖော်မယ်။ ၂၀၁၄-၃၀ ဆိုတာ တွက်ထားပြီး ဖြစ်တဲ့အတွက် ဒီတစ်နှစ်အတွင်း မှာ အကောင်အထည်ဖော်ဖို့ရှိ တယ်။ ရန်ကုန်တိုင်းအစိုးရဘက် က အားလုံးအစီအစဉ်ဆွဲပြီးပြီ။ ဒီဇိုင်းဆွဲပြီးပြီဆိုရင် ကျွန်မတို့ လွှတ်တော်ကို လာတင်ပြမယ်။ ပညာရှင်တွေနဲ့ ပြန်ပြီး လွှတ် တော်က မေးခွန်းတွေမေးမယ်။ လွှတ်တော်က အတည်ပြုလိုက် တာနဲ့ တင်ဒါခေါ်ယူလို့ရပြီ’’ဟု ၎င်းက ဆိုသည်။ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကုမ္ပဏီသုံးခုက လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့သော်လည်း အစိုးရ အပြောင်းအလဲဖြစ်ပေါ်ခဲ့၍ ယင်း စီမံကိန်းမှာ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။ အစိုးရသစ်လက်ထက် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းအတွက် ယခင်တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီသုံးခုသာမက အခြားကုမ္ပဏီများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ပြန်လည်ရွေးချယ်မည်ဟု ၎င်းကဆိုသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော် လုပ်ဆောင်မည့် စီမံကိန်း ၂၄ ခုရှိသည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကအသိပေးထားပြီး လက်ရှိ တွင် စီမံကိန်း ၁၁ ခုကို စတင် လုပ်ဆောင်နေကြောင်းနှင့် ယင်းစီမံကိန်း ၁၁ ခုတွင် ကျူးကျော်အရေး၊မြို့သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်းစီမံကိန်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ဘတ်စ်ကားလမ်းအသစ် စီမံကိန်း၊ စက်မှုဇုန် ပြန်လည်လုပ် ဆောင်မည့်စီမံကိန်း၊ ဆိပ်ကမ်း ရွှေ့ပြောင်းမည့် စီမံကိန်း စသည်တို့ပါဝင်ကြောင်း သတင်းရရှိသည်။Source: 7Daydaily
Facebook comments