09-261334475


မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း လုံးချင်းနှင့်တိုက်ခန်းများ ပိုမိုငှားရမ်းလာ

 

ရန်ကုန်တိုင်းမြို့နယ်များ အိမ်ခြံမြေဈေးကွက်များအတွင်း အငှားဈေးကွက်ပိုမို

အားကောင်းနေသည့်နည်းတူ အထက်မြန်မာပြည် မန ္တလေးမြို့၌လည်း စီးပွားရေး

အလုပ်အကိုင်များနှင့် ဆိုင်ခန်း၊ ပြခန်းများဖွင့်လှစ်ရန် နေရာရှာဖွေ ငှားရမ်းမှုများနှင့်

အခန်းပိုင်အိမ်ပိုင် အပိုရှိသူများအနေဖြင့်လည်း ဝါကျွတ်ကာလအမှီ အိမ်ငှားလိုသူ

များနှင့် အငှားခေါ်ဆိုမှုများ ပိုမိုတွေ့လာရကြောင်း ဒေသခံအကျိုးဆောင်များမှ

ပြောကြားချက်အရ သိရသည်။

 

မန္တလေးမြို့နှင့်အနီးပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက် အခြေများနှင့် ပတ်သက်၍

ဒေသခံများအား Property.com.mm သတင်းမီဒီယာမှ ဆက်သွယ်မေးမြန်းရာတွင်

 

"မန ္တလေးဈေးကွက်အခြေအနေပြောရရင် အငှားတွေကတော့ တောက်လျှောက်ဖြစ်

ပါတယ်ခင်ဗျ အငှားတွေဆိုရင်တော့ မြို့ထဲဘက်တွေမှာ ပိုတွေ့ရပါတယ် အရောင်း

အဝယ်အခြေအနေမှာဆိုရင် ဈေးအမြင့်ပိုင်းတွေကတော့ အရောင်းအဝယ်နည်းတယ်

သာမန်ပေါက်ဈေးထက် အနည်းငယ်ပြင်ဆင်လျှော့ရောင်းကြတဲ့ မြေကွက်တွေ

အိမ်ခန်းတွေ အရောင်းဖြစ်ကြပါတယ် နေရာစုံပါပဲ မြရည်နန္ဒာဘက်တွေ 'စ'/'ဆ'

ဘက်တွေ ရောင်းဝယ်ငှားဈေးကွက် ကောင်းမွန်ပါတယ်" ဟု မန ္တလေး၊ ချမ်းမြသာစည်

မြို့နယ်ရှိ ဖိုးလမင်းအိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင်လုပ်ငန်းမှ ကိုဝဏ္ဏစိုးက

Property.com.mmသို့ ပြောကြားသည်။

 

"ဈေးကွက်အခြေအနေက ခုလဆန်းပိုင်းလောက်ကနေစပြီး အငှားတွေပိုဖြစ်တာ

တွေ့ရပါတယ် အိမ်ငှားခတွေကအနေနဲ့ တချို့လည်းဈေးတတ်တယ်ပြောပေမယ့်

ပုံမှန်နှုန်းထားနဲ့ပဲ အငှားအရမ်းဖြစ်ကြတာတွေလည်းရှိပါတယ်ခင်ဗျ အရောင်း

အဝယ်အခြေအနေက ရောင်းချင်တဲ့သူတွေကတော့များတယ် ဈေးအမြင့်တွေလည်း

ရှိပေမယ့် အဝယ်မလိုက်သေးဘူးပေ့ါ တန်ဖိုးသင့် မြေကွက်တွေတော့ အရောင်း

အဝယ်ဖြစ်ပါတယ် မဆိုးမကောင်းပေ့ါ မြရည်နန္ဒာဘက်တွေ မြို့သစ်ဘက် မှာဆို

အခေါ်ဈေးကတော့ လမ်းအနေအထားကောင်းရင် သိန်း ၁၀၀၀ ပတ်ဝန်းကျင် ၊

သာမန်ပတ်ဝန်းကျင်နဲ့လမ်းအနေအထားဆိုရင် ၁၀၀၀ အောက်ပေ့ါ ၅၀၀ ကျော်

၆၀၀/၇၀၀ စသဖြင့် ရှိကြပါတယ် " ဟု ဒေသခံ အကျိုးဆောင်တစ်ဦးဖြစ်သူ

ကိုနေဝင်းမှ ပြောကြားသည်။

 

မန ္တလေးမြို့တွင်းတွင် ဈေးအမြင့်ပိုင်း လုံးချင်းများလည်း ရောင်းလိုသူများရှိကြပြီး

၃၅ လမ်း ပတ်ဝန်းကျင် လုံးချင်းအရောင်းခေါ်ဆိုမှုများတွင် ပေ ၄၄x၈၀ 2RC ဆိုလျှင်

သိန်း ၁၇၀၀၀ ဝန်းကျင်ရှိပြီး ပေ ၂၂x၆၀ ဝန်းကျင် အကျယ်အဝန်းဆိုလျှင် သိန်း

၁၀၀၀၀ နှင့်အထက်ဝန်းကျင်ဖြင့် အရောင်းခေါ်ဆိုမှုများ ရှိကြောင်း သိရသည်။

 

Property Media Team

www.Property.com.mm

 

Facebook comments