09-261334475

အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးလာနိုင်သည့် ပြည်တွင်းဒေသတစ်ခု

အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးလာနိုင်သည့် ပြည်တွင်းဒေသတစ်ခု

 

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ဟိုတယ်နှင့်

စီးပွားရေး အဆောက်အအုံ စီမံကိန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ငါးနှစ်အတွင်း

သုံးဆမြင့်တတ်လာခဲ့ကာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သော ပုဂံဒေသ

သို့ ၂၀၁၅ ခုနှစ်အတွင်းခရီးသွားလာမှု ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခရီးသွားများ

ပိုမိုဝင်ရောက်လာ၍ တစ်နှစ်ထက်တစ်နှစ်များပြားလာနိုင်မည့် အခြေအနေရှိနေကြောင်း

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းများနှင့် အိမ်ခြံမြေဈေးကွက်များသည်လည်း ဒေသ

ခရီးသွားလုပ်ငန်းအပေါ် အမှီပြု၍ စိတ်ဝင်တစား လာရောက်လေ့လာသူများများပြား

လျက် ရှိသည့်အတွက် ပုဂံညောင်ဦးဒေသ အိမ်ခြံမြေဈေးကွက်များနှင့် ဒေသဆိုင်ရာ

လတ်တလောအခြေအနေများအား Property.com.mmသတင်းမီဒီယာအဖွဲ့မှ လေ့လာ

စုံစမ်း တင်ပြလိုက်ပါသည်။

 

ပုဂံညောင်ဦးဒေသများအတွင်း လတ်တလော အိမ်ခြံမြေဈေးကွက် အခြေအနေ

များအား ဒေသခံများသို့ ဆက်သွယ်မေးမြန်းရာတွင်

"ပြီးခဲ့တဲ့ ၂၀၁၃ လောက်က အရောင်းအ၀ယ်တော်တော်လေး ကောင်းခဲ့တယ်ဗျ

၂၀၁၄ နှစ်လည်လောက်နေ ၂၀၁၅ အထိ အရောင်းအ၀ယ် အေးသွားတယ်

အေးသွားတယ်ဆိုတာ ဈေးတွေ မြောက်လာတာကြောင့်လည်း ပါတာပေါ့ ဈေး

ကောင်းလာတော့ ဒေသခံတွေ အနေနဲ့လည်းပိုမ၀ယ်နိုင် ဖြစ်တာလည်းပါတာပေါ့

မနှစ်ကတော့ အရောင်းအ၀ယ် နည်းနည်း ပြန်ဖြစ်တာတွေ့ရတယ် ဖြစ်တယ်

ဆိုတာက ညောင်ဦးမြို့ထဲမှာပါ မြေကွက်အရောင်းအငှားတွေများလာတယ်

စားသောက်ဆိုင်တွေ ပိုဖွင့်လာကြတယ် ခရီးသွားတွေ ပိုများလာတာကြောင့်လည်း

ဈေးကွက်ရှာတဲ့ သူတွေ၊ ဒီနှစ်ထဲမှာလည်း နေရာကောင်းတဲ့ နေရာတွေ အရောင်း

ခေါ်တာတွေ တွေ့ရပါတယ် ဈေးတွေကတော့ မကျဘူး တမြန်နှစ်တွေကဆို ပုဂံ

- ညောင်ဦးကားလမ်းမဘေးဆိုရင် ၄၀x၆၀ တစ်ကွက်ကို နေရာအပေါ် မူတည်ပြီး

သိန်း ၇၀၀/၈၀၀ ကနေ ထောင်ကျော်အထိဈေးခေါ်ကြတယ် ခုချိန်မှာတော့ 

ဈေးပိုတင်လာကြတာတွေလည်းတွေ့ရတယ် နေရာကောင်းတွေဆို သိန်းထောင်

ကျော်ပေါ့ ၈၀x၁၀၀ / ပေ ၁၀၀ ပတ်လည်လောက် အချက်ခြာ နေရာကောင်းတွေဆို 

သိန်း လေးငါးထောင်ဝန်းကျင်လောက်အထိ ခေါ်တာတွေလည်း ရှိတယ်ခင်ဗျ 

ကြိုက်ရောင်းကြိုက်ဝယ်ပေါ့ နေရာကောင်းတော်တော်များများကတော့ လုပ်ငန်း

ရှင်တွေ ၀ယ်ထားကြတော့ ပြန်ရောင်းတာကခပ်ရှားရှားပါ ဒီနှစ်ထဲမှာ ပုဂံဘက် ဟိုတယ်

သစ်တွေ တိုးချဲ့ဆောက်တာတွေကန့်သတ်မှုတွေရှိလာတော့ လူနေရပ်ကွက် မြို့ထဲတွေမှာ

မြို့ပြင်ဘက်တွေမှာပါ နေရာရှာလာသူတွေ ရှိလာတာတွေ့ရပါတယ် ပြီးတော့ တချို့

ခရီးသည်တွေက ပုဂံပတ်ဝန်းကျင် ကျေးရွာလေးတွေကိုပါ လေ့လာလည်ပတ်ချင်ကြ

တာတွေ ရှိတော့ တချို့ရွာလေးတွေဆို ဒီကနေချည်ထည်လေးတွေ ဒေသထွက်ပစ္စည်း

အရောင်းအ၀ယ်လေးတွေ ပိုဖြစ်လာတယ်ရွာတွေဘက်မှာပါ အရင်ကထက် စည်ကား

လာတာ တွေ့ရပါတယ် ရွာဘက်ကခြံမြေ ဈေးလေးတွေပါ အရင်ထက် ကောင်းလာ

တာပေါ့" ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုဝင်းမင်းကျော်က 

Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။

ပုဂံဒေသသည် မြန်မာနိုင်ငံအတွင်း လေ့လာလည်ပတ်စရာ အထင်ကရ နေရာ

တစ်ခု ဖြစ်သည့်အတွက် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာမည့် ခရီးသွားများကြောင့်

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုကောင်းမွန်သော နေရာဒေသတစ်ခု

အဖြစ် ရှိနေပြီး ရှေးဟောင်းဇုန်များနှင့် ဆက်စပ်၍ ဒေသခံများ နေထိုင်ရေးအတွက်

ဖြေရှင်းဆောင်ရွက်နေရမှုများ ရှိနေကြောင်းလည်း သိရသည်။

ပုဂံညောင်ဦးဒေသသည် အခြားသော မြို့ရွာများနည်းတူ လူဦးရေတိုးပွားလာခြင်း၊

အိမ်ရာအဆောက်အအုံများ တိုးချဲ့များပြားလာခြင်း အခြေအနေများလည်း ရှိနေပြီး

စစ်အစိုးရလက်ထက်တွင် ပုဂံမြို့ဟောင်းနှင့် မြို့သစ်အသွားလမ်း ဖောက်လုပ်စဉ်က

မြေနေရာဖယ်ပေးခဲ့ရသော ဒေသခံများလည်းရှိနေကာ အစားထိုးမြေနေရာများ

ပြန်လည်ချမှတ်ပေးခဲ့ခြင်း ရှိသော်လည်း ယခုအခါ ထိုအစားထိုးမြေနေရာများ၌

အိမ်ရာဆောက်လုပ်နေထိုင်ခြင်းများအား ရှေးဟောင်းသုတေသနဌာနမှ

ကန့်ကွက်မှုများရှိနေသည့်အတွက် နေထိုင်ရေးအခက်အခဲ ဖြစ်နေသည့် ဒေသခံ

များလည်း ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။

ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများဇုန်၊ ရှေးဟောင်းသုတေသနဇုန်နှင့်

ကာကွယ်ထိန်းသိမ်းရေးဇုန် ဟူ၍ ပိုင်းခြားသတ်မှတ်ထားပြီး လူနေရပ်ကွက်ဇုန်

တသီးတသန့် ပိုင်းခြားသတ်မှတ်ထားခြင်း မရှိသည့်အတွက် ထိုပြဿ နာများအား

 ပြေလည်အောင်ဖြေရှင်းပေးစေလိုကြကြောင်း ဒေသခံပြည်သူအချို့မှ ပြောကြား

ချက်အရ သိရသည်။

 

ပုဂံဒေသရှိ အချို့ဟိုတယ် အဆောက်အအုံများမှာရှေးဟောင်းယဉ်ကျေးမှု အမွေ

အနှစ်များနှင့် နီးကပ်စွာ တည်ရှိနေပြီး စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု

မရှိသည့် အခြေအနေများကြောင့် စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်လျက်ရှိသည်။

ပုဂံညောင်ဦးဒေသတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲမှု ကော်မတီမှ

ဟိုတယ်ဇုန်များနေရာချမှတ် ရွေးချယ်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ညှိုနှိုင်းပြီး

ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ၍ ကြပ်မတ်ဆောင်ရွက်လျက်ကာ ပုဂံဒေသ၏

သမိုင်းတန်ဖိုးနှင့် နိုင်ငံ၏ ပုံရိပ်အား မြှင့်တင်မှု ပြုနိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီး

ဌာနမှလည်း ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာနိုင်ရေးအတွက်

ကြိုပမ်းဆောင်ရွက်လျက် ရှိနေသည်။

 

ပုဂံနယ်မြေတွင် ပြည်တွင်းပြည်ပ ခရီးသွားများ ဘုရားဖူးလည်ပတ်ခရီးအနေဖြင့်

လာရောက်လည်ပတ်ကြသကဲ့သို့ ထင်ရှားသော ဘုရားပုထိုးစေတီများ၏

ရာသီကာလအလိုက် ပွဲတော်များမှာလည်း အထူးစည်ကားလှသဖြင့် ခရီးသွား

လုပ်ငန်းအပေါ် မူတည်၍ တိုင်းပြည်၏၀င်ငွေရရှိမှု အကောင်းဆုံးနေရာတစ်ခု

ဖြစ်သလို ဒေသခံများအနေဖြင့်လည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ အလုပ်

အကိုင် အခွင့်အလမ်းများ တိုးတက်လာခဲ့ပြီး ယွန်း၊ ချည်ထည်၊ ပန်းပုကဲ့သို့သော

မြန်မာ့လက်မှု ပညာများ ပိုမိုထွန်းကားပြန့်ပွားခြင်း ထိုလုပ်ငန်းများနှင့် ဆက်စပ်၍

အလုပ်သမားများ ဒေသခံပြည်သူများအတွက်အနေဖြင့်လည်း လူမှုစီးပွားဖွံ့ဖြိုးရေး

အတွက် ကောင်းစွာအထောက်အကူပေးလျက် ရှိနေသည့်အတွက် တိုးတက်လာ

သော ဒေသစီးပွားရေး ဈေးကွက်များ ခရီးသွားလုပ်ငန်းများနှင့်အတူ အိမ်ခြံမြေ

ဈေးကွက်ဖွံ့ဖြိုးမှု အခြေအနေမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာဦး

မည်ဟု ယူဆရမည်သာဖြစ်ပါကြောင်း ပုဂံဒေသအတွင်း အိမ်ခြံမြေ ဈေးကွက်

အခြေအနေများနှင့် ဈေးကွက်အလားအလာများအား Property.com.mm 

သတင်းမီဒီယာမှ ရေးသားတင်ပြလိုက်ပါသည်။


Property Media Team

www.Property.com.mm

Facebook comments