နေပြည်တော်ကို နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာ၊ လုံးချင်းတိုက် အငှားသွက်
နေပြည်တော်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ဝင်လာတဲ့အတွက် တန်ဖိုးမြင့်လုံးချင်းတိုက်ခန်းတွေ အငှားပါသွက်နေတယ်လို့ သိရပါတယ်။စက်တင်ဘာလဆန်းကစပြီး နေပြည်တော်ရဲ့အိမ်ခြံမြေဈေးကွက်ဟာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အခြားကုမ္ပဏီတွေ ဝင်လာတာများပြီး ကျပ် ၁၅ သိန်းနဲ့ သိန်း ၂၀ ဝန်းကျင်တွေ အငှားသွက်နေတယ်လို့ သိရပါတယ်။‘အရင်က လှောင်ဖို့ပဲ စီးပွားဖြစ်ငှားကြတာ များတယ်၊ အခုက ကုမ္ပဏီတွေကလာတာ၊ငှားပြီးတာနဲ့ တောက်လျှောက်ဝန် ထမ်းတွေတန်းခန့်တော့တာပဲ’လို့ နေပြည်တော် မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းကအတွင်းရေးမှူးဦးကျော်စွာမြင့်က ပြောပါတယ်။ကုမ္ပဏီတွေဖွင့်ဖို့ အငှားများတဲ့အတွက် အဆောက်အအုံ ခန့်ညားတာတွေပိုပြီးအငှားများလာပါတယ်။ဦးကျော်စွာမြင့်က ‘ များသောအားဖြင့် လုံးချင်းတိုက်ကျယ်ကျယ်တွေ အကြိုက်များတယ်’ လို့ ပြောပါတယ်။ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်ဟာအစိုးရရုံးအခြေစိုက်မြို့တစ်မြို့ဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေနဲ့ နီးကပ်စွာ ဆက်သွယ်လို့ရအောင် ရည်ရွယ်တာဖြစ်ပြီး အများစုဟာ ဆက်သွယ်ရေးကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေနဲ့ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေ ဖြစ်ပါတယ်။လေပြေအေးအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းက ဒေါ်နှင်းဝေဝေအောင်က‘ခုချိန်ရန်ကုန်နဲ့မန္တလေးတွေမှာအိမ်ခြံမြေဈေးကွက် အေးနေပေမဲ့ နေပြည်တော်ကတော့ အရောင်း၊ အဝယ်၊ အငှား မျှမျှတတနဲ့ သွက်နေတယ်’ လို့ ပြောပါတယ်။အငှားအများဆုံး နေရာတွေကတော့ သပြေကုန်း၊ ဥတ္တရမြို့နယ်နဲ့ဒက္ခိဏသီရိမြို့နယ်တို့ ဖြစ်တယ်။ပုဗ္ဗသီရိမြို့နယ်ကတော့ အငှားပိုင်းမှာ အေးတယ်လို့ သိရပါတယ်။ရွှေကြာပင်နဲ့ ပေါင်းလောင်းဘက်တွေမှာအိမ်ပါမြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတယ်။သိန်း ၈၀၀ နဲ့ သိန်း ၁၀၀၀ ဝန်းကျင် မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေတယ်လို့ သိရတယ်။Source: The Modern
Facebook comments