09-261334475

ပြည်သူပိုင်လမ်းပေါ် ပုဂ္ဂလိကပိုင်သဖွယ် လုပ်ဆောင်နေမှုများကို ဆက်တိုက်ဖယ်ရှားမည်ဟု စည်ပင်တာဝန်ရှိသူပြော

အများပြည်သူပိုင်လမ်း များပေါ်တွင် ပုဂ္ဂလိကပိုင်သဖွယ် လုပ်ဆောင်နေမှုများကို ဖယ်ရှား ရှင်းလင်း၍ အများပြည်သူသွား လာနိုင်ရန် ဆက်တိုက်အကောင် အထည်ဖော်လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

ရန်ကုန်မြို့လယ်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်ရှေ့ အများ ပြည်သူပိုင်လမ်းအား ကားပါကင် ပြုလုပ်ထားမှုကို ယခုလ ၁၃ ရက် ကစတင်ကာ ပြည်သူများသွားလာ နိုင်ရန် ရှင်းလင်းနေပြီး ယင်းကဲ့သို့ ပုဂ္ဂလိကပိုင်သဖွယ် လုပ်ဆောင် ထားမှုများကို အများပြည်သူပိုင် လမ်းဖြစ်ရန်ပြန်လည်လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

‘‘အဲဒီကိစ္စတွေကို ပြင်းပြင်း ထန်ထန် လုပ်နေတယ်။ လမ်းတံ တားဌာနကလည်း ခွင့်မပြုဘူး။ ဟိုတယ်တွေ၊ ပေါ်တီကိုတွေ ဆောက်လုပ်ဖို့ တောင်းဆိုထား တာတွေ ရှိတယ်။ ဆောက်လုပ်ခွင့် မပေးဘဲ လုပ်ပြီးသားဆိုလည်း ပြည်သူပိုင်လမ်းဖြစ်ဖို့ ဆက်လုပ် သွားမယ်’’ဟု အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျစေရန်နှင့် အများပြည်သူသွားလာနိုင်ရန် ဆူးလေရှန်ဂရီလာဟိုတယ်မှ ကားပါကင်ပြုလုပ်ထားသော ပြည်သူပိုင်လမ်းနေရာကို နှစ်လမ်းသွားအဖြစ် ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်မည့်နေရာများကို မသိရှိသေး ကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဒုတိယဌာနမှူးတစ်ဦးက ပြောသည်။

အများပြည်သူပိုင်နေရာများ အား ဌာနဆိုင်ရာများက ကျူးကျော်ခြင်း၊ ငှားရမ်းခြင်း၊ ဂရန်ထုတ် ရောင်းချခြင်း ဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန်နှင့် ရှိခဲ့ ပြီးသော ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှဖော်ထုတ်ပေးရန် အဆို ကို ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်က အတည်ပြုပေးခဲ့ပြီးနောက် မြို့နယ်အချို့တွင် အများပြည်သူ ပိုင်နေရာအဖြစ် ပြန်လည်ရရှိနေ သည်ဟု ယင်းအဆိုကို တင်သွင်းခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က  ပြောကြားသည်။

‘‘အများပြည်သူပိုင် အဖြစ် ပြောင်းလဲလာတာ တချို့ကိုလည်း တွေ့ရတယ်။ ဘာမှမထူးခြားသေး တာလည်း ရှိသေးတာပေါ့။ ရှေ့ ပြေးစီမံချက်အနေနဲ့ မြို့တွင်းမြို့ နယ်တွေမှာ လမ်းဘေးကျူးထား တာတွေကို ဖြေရှင်းလုပ်ဆောင်နေ တာ တွေ့ရတယ်။ ဒါကကောင်းပါ တယ်။ ဒါပေမဲ့ အားလုံးတစ်ပြေး ညီဖြစ်ဖို့တော့ လိုအပ်တယ်’’ ဟု ဦးနေဘုန်းလတ်က ထောက်ပြ သည်။

လွှတ်တော်၌အထက်ပါအ ဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ် ဒေါ်ကြည်ပြာကလည်း ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့တွင် နှစ်လမ်းသွားလုပ်ဆောင်နေ မှုကို မည်သည့်အတိုင်းအတာအ ထိ လုပ်ဆောင်မည်ကို စည်ပင်သာယာရေးအား မေးမြန်းသွားမည်ဖြစ်ပြီး မြို့တွင်း၌ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန် အခြားနေရာများ၌လည်း လုပ်ဆောင်မှုရှိ၊ မရှိ စောင့်ကြည့်သွားမည်ဟု 7DayDaily သတင်းစာအား ပြောကြား သည်။

Source: 7Daily 

Facebook comments