အိမ်ခြံမြေစံနှုန်း တင်ပြထား ခွင့်ပြုချက်မကျသေး
အိမ်ခြံမြေစံနှုန်းထား ၂၀၁၆ ခုနှစ်အတွက် သတ်မှတ်ချက်တွေကို ရန်ကုန်တိုင်းဒေသကြီးကို တင်ပြထားပေမဲ့ ခွင့်ပြုချက်ပြန်မကျသေးဘူးလို့ သိရပါတယ် ။ပြည်တွင်းအခွန်များဥိးစီးဌာနနဲ့ ကျွမ်းကျင်သူတွေ သက်ဆိုင်ရာအသင်းအဖွဲ့တွေ ပူးပေါင်းပြီး တင်ပြထားတာဖြစ်တယ် ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတာ သုံးလကျော်လောက် ရှိပေမဲ့ ခွင့်ပြုချက် ပြန်မကျသေးတာဖြစ်တယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ် ။ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘စံနှုန်းထားတွေကတော့ ပြောင်းမယ် ၊ တိုးထားတယ် ကြားနေတယ် ၊ ဝင်ငွေခွန်ကို အခုသတ်မှတ်ထားတဲ့ နှုန်းထက် ပြန်လျှော့မယ်ဆိုပြီး ပြောနေကြတယ် ၊ အမည်ပေါက် ပြောင်းချင်သူတွေကတော့ အပြောင်းအလဲအခြေအနေတွေကို စောင့်ကြည့်နေကြတယ်’ လို့ပြောပါတယ် ။အိမ်ခြံမြေအရောင်းအဝယ် အတွက် တစ်ပေပတ်လည် စံနှုန်းထားတွေကို သတ်မှတ်တာက အရောင်းအဝယ်ပြုလုပ်တဲ့အခါ ဝင်ငွေခွန်ပေးဆောင်ဖို့အတွက် သတ်မှတ်တာဖြစ်ပါတယ် ။ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဝင်ငွေခွန်ကို ပေးဆောင်ရတာပါ ။ ဒါကြောင့် စံနှုန်းထားသတ်မှတ်ချက်က ဈေးကွက်ကို ထိခိုက်မှုမရှိပေမဲ့ နေဖို့အတွက် ဝယ်တဲ့သူတွေ ၊ ဝင်ငွေခွန်ဆောင်တဲ့သူတွေ အတွက်တော့ လိုအပ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
Source: Modern Journal
Facebook comments