09-261334475

ရန်ကင်းတွင် ယခုနှစ်အတွင်း စီးပွားရေးအချက်အချာ ဗဟိုနယ်မြေ ဖော်ထုတ်မည်

စီးပွားရေးအချက်အချာ ဗဟိုနယ်မြေတစ်ခုကို ယခုနှစ်အ တွင်း စတင်ဖော်ထုတ်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာန မှူး ဦးတိုးအောင်က ပြောသည်။

‘‘အခု ဖော်ဆောင်နေတဲ့ မရမ်းကုန်းက မင်းဓမ္မစီးပွားရေး အချက်အချာနယ်မြေလိုမျိုး ရန် ကင်းမှာ ဒီနှစ်အတွင်းစနိုင်အောင် လုပ်သွားဖို့ရှိတယ်’’ ဟု ဦးတိုး အောင်က ပြောသည်။

ရန်ကုန်မြို့တွင်း၌ စီးပွားရေး လုပ်ငန်းများ၊ဈေးဆိုင်များ၊ကုမ္ပဏီ ရုံးခန်းများ များပြားနေမှုကို ဖြေ လျှော့ရေး စီးပွးရေးအချက်အချာ နယ်မြေများ ဖော်ထုတ်ရန် နေရာ ငါးခုကို လတ်တလော ရည်ရွယ် ထားသည်ဟု ဆိုသည်။

လက်ရှိတွင် မရမ်းကုန်းမြို့ နယ် မင်းဓမ္မနယ်မြေ၌ ဒုတိယ စီး ပွားရေးအချက်အချာနယ်မြေကို တည်ဆောက်နေပြီး ၂၀၁၈ တွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်။

တတိယမြောက် စီးပွားရေး အချက်အချာနယ်မြေအဖြစ် ဖော် ထုတ်မည့် ရန်ကင်းမြို့နယ်တွင် လက်ရှိ၌ ဗီယက်နမ်နိုင်ငံ၏ ရင်း နှီးမြှုပ်နှံမှုဖြစ်သော ဟောင်အင်းဂ ရီလာအဆင့်မြင့်စီးပွားရေး အ ဆောက်အအုံများ၊ ဟိုတယ်များ ဖွင့်လှစ်ထားပြီးဖြစ်ရာ စီးပွားရေး အချက်အချာနယ်မြေအဖြစ် ဖော် ထုတ်ရန် သင့်တော်သည်ဟု မြို့ပြ စီမံကိန်း ပညာရှင်များကအကြံပြု ထားကြပြီး ဆောက်လုပ်ရေးဝန်  ကြီးဌာနနှင့် ဂျပန်အစိုးရတို့ ပူး ပေါင်းလုပ်ဆောင်နေသော စီမံ ကိန်းများလည်းရှိသည်။

စီးပွားရေးအချက်အချာနယ် မြေများကို လက်ရှိ၌ မရမ်းကုန်း မင်းဓမ္မတွင်ဖော်ထုတ်မည့် ရန်ကုန် မြို့၏ ဒုတိယမြောက် စီးပွားရေးအ ချက်အချာနယ်မြေနှင့် ဆက်စပ်မှု ရှိစေရန် Sub-Centre ငယ်လေး များအဖြစ် ထပ်မံဖော်ထုတ်ရန် စီ စဉ်ထားကြောင်း ဦးတိုးအောင်က ဆိုသည်။

Sub-Centre ဆိုသည်မှာ ပြဇာတ်ရုံများ၊ စီးပွားရေး အ ဆောက်အအုံများ၊ ရုံးခန်းများ၊ ရှော့ပင်းမောလ်များ၊ ရောင်းဝယ် ရေးလုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်သည်။

အဆိုပါနယ်မြေများကို ထပ် မံပြီး ထောက်ကြန့်၊ မင်္ဂလာဒုံ၊လှိုင် သာယာကဲ့သို့ မြို့နယ်များတွင် လတ်တလောလျာထားပြီး လုပ် ကိုင်လိုသည့် လုပ်ငန်းရှင်များက မြေနေရာကို အဆိုပြု တင်ပြ လျှောက်ထားနိုင်ရန် စီစဉ်ပေး မည်ဟု ဦးတိုးအောင်က ပြော သည်။

 ရန်ကုန်မြို့လယ်၌ စီးပွား ရေးအဆောက်အအုံများ၊ လူနေ အိမ်ရာများ၊ ရုံးလုပ်ငန်းများဖြင့် ကျပ်တည်းလာမှုကို ဖြေရှင်းရန် ၂၀၁၄ က မရမ်းကုန်းမြို့နယ် မင်း ဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့် ရှိ မြေ ၃၆ ဧကတွင် စီးပွားရေးအဆောက်အအုံများ အကောင်အထည်ဖော်ရန်  The First Myanmar ဆောက်လုပ်ရေး ကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့သည်။

ှSource : 7daydaily

Facebook comments