ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ ကောက်ယူတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျူးကျော်နေထိုင်သူစာရင်းကောက်ယူနေမှုမှာ နည်းပညာချို့ယွင်းချက်တွေရှိနေတယ်လို့ ဒဂုံမြို့သစ် (တောင်ပိုင် ) မဲဆန္ဒနယ် အမှတ် (၁) ကလွှတ်တော်ကိုယ်စာလှယ် ဦးညီးညီးက ပြောပါတယ်။
ကျုးကျော်စာရင်းတွေကို ဒဂုံမြို့သစ်( တောင်ပိုင်း ) မြို့နယ်မှာ စတင်ကောက်ယူနေတာဖြစ်ပြီး နည်းပညာနဲ့ လက်ဗွေရာကို ( Scan )
စကန်ဖတ် ၊ စာရွက်ထုတ်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်တဲ့ စနစ်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
လက်ဗွေပုံစံ (Finger print ) ယူတဲ့နေရာမှာ စက်မှာမပေါ်လို့ ဒုတိယအကြိမ် ထပ်နှိပ်ရာမှာ တော့ ပထမအကြိမ်နှိပ်ပြီးသားဖြစ်လို့စက်က (system error ) ဖြစ်ပြီးမဖတ်တော့ဘူးလို့သိရပါတယ်။ဓာတ်ပုံရိုက်တဲ့နေရာမှာလည်းလူပုံသဏ္ဍန်မည်းမည်းပုံရိပ်ပဲ ပေါ်တာတွေဖြစ်
နေပြီး နောက်တစ်ကြိမ်ထပ်ရိုက်ရင် ပထမ အကြိမ်ရိုက်ပြီးသားဖြစ်လို့စက်က ထပ်ရိုက်မခံတော့ တာတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။
နည်းပညာချို့ယွင်းချက်ကြောင့် ကျူးကျော်စာရင်းကောက်ယူရာမှာကြန့်ကြာနေပြီး လိုချင်တဲ့အတိုင်းအတာရဲ့ ထက်ဝက်တောင် မရသေးဘူးလို့ သိရပါတယ်။ ဥပမာ လိုချင်တဲ့ ပမာဏက ၁၀၀ ရာခိုင်နှုန်း မှန်းထားရင် ၃၀ ရာခိုင်နှုန်းတောင်မရသေးတဲ့ အခြေအနေရှိနေပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်) မဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်ကိုယ်စာလှယ်ဦးညီညီက ‘ System error တွေကို ဖြေရှင်းနိုင်ရင် ဒီ့ထက်
ပိုပြီး မြန်သွားမယ်၊ အားလုံးရဲ့သဘောဆန္ဒက မကြာခဏတက်နေတဲ့ error တွေကို အရင်ပြင်ပြီးတော့ ပြင်တဲ့ အချိန်တစ်ရက်တန်သည်
နှစ်ရက်တစ်ပတ်စသည်ဖြင့် ယူပြီး ပြင်ဆင်ရင်ဒီထက်ပိုမြန်သွားမယ်၊ ပြည်သူတွေလဲ နေ့တိုင်းလာစရားမလို့တော့ဘူး ' လို့ပြောပါတယ်။
နည်းပညာချို့ယွင်းချက်ကြောင့် စာရင်ပေးဖို့စောင့်ဆိုင်းတဲ့ မြေရာမဲ့ ပြည်သူတွေအလုပ်
အကိုင်ပျက်တာ၊ ကလေးငယ်တွေမိုးမိပြီးဖျားတာစတဲ့ အခက်အခဲတွေကြုံတွေ့နေရလို့ တိုင်းဒေသကြီး အစိုးရကို နည်းပညားပြန်
လည်ပြုပြင်ပြီးမှ ပြန်လည်းကောက်ခံဖို့တင်ပြထားတယ်လို့ သိရပါတယ်။လက်ရှိ ကျုးကျော်စာရင်း ကောက်ခံတာတွေကို နည်းပညာချို့
ယွင်းချက်တွေရှိပေမဲ့ ဆက်လက်ကောက်ခံပေးနေပါတယ်။
ဒဂြုံမို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ပထမဆုံး (Pilot Project) အနေနဲ့ ရပ်ကွက် ၂၀ကို စတင်ကောက်ခံမှာ ဖြစ်ပြီး သည်လ ၂ရက်
နေ့က စပြီး ၁၇ ရပ်ကွက်မှာ ကောက်ခံပေးနေတာဖြစ်ပါတယ်။
ကျုးကျော်စာရင်းကောက်ခံတဲ့ ပုံကတော့ အုပ်ချုပ်ရေးပိုင်းက ကျူးကျော်တွေကို စုပေးပြီး စာရင်ကောက်ခံတဲ့ အဖွဲ့က လက်ဗွေရာ စစ်ဆေး အသိအမှတ်ပြုသက်သေခံလက်မှတ် ထုတ်ပေးတာဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းကပေးတဲ့ စာရင်းက ဘယ်လောက်အထိ မှန်မှန်ကန်ကန်တင်ပြနိုင်မလဲဆိုတာ လွှတ်တော်ကိုယ်စာလှယ်တွေက မေမြန်းထားပြီး အုပ်ချုပ်ရေးပိုင်းက စာရင်းပေးဖို့ကျန်ခဲ့တာတွေကို ထပ်မံ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နည်းပညာအကူအညီနဲ့ ကျူးကျော်စာရင်းကောက်ခံတာကို ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်နဲ့ ဆောာင်ရွက်မှာဖြစ်ပြီး
လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်းရံအနေနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ကျူးကျော်စာရင်းတွေကို စာရင်းကောက်သူ ၃၀ ဦး ၊ ကွန်ပျူတာပညာရှင် ၁၈ ဦးနဲ့ ဝန်းရံအင်အား ၃၀ စုစုပေါင်း ၇၈ ဦးနဲ့ ကောက်ခံနေတာဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူတွေဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို တစ်ဆင့် ရောင်းချတာမျိုးဆောင်ရွက်လို့မရဘူးလို့ သိရပါတယ်။
သည်လက်မှတ်တွေက လက်ဗွေရာပါပြီးသားဖြစ်လို့ လက်ဗွေရာကွဲလွဲနေရင် ဥပဒေအကြောင်း အရ အရေးယူခံရမှာဖြစ်ပါတယ်။
သည်အစီအစဉ်ကို မေလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို ချပြခဲ့တာဖြစ်ပြီး သုံးလ
အကြာ စက်တင်ဘာလ ၂ရက်နေ့မှာ ပထမဆုံး စီမံကိန်းအဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်) မြို့နယ်က ရပ်ကွက် ၂၀ကို ပထမဆုံးစီမံကိန်း
အဖြစ်နဲ့စတင်ကောက်ခံခဲ့တာဖြစ်ပါတယ်။
Source: The Modern