စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဌာနဆိုင်ရာ အိမ်ရာများရရှိ၍ အဆင်ပြေစွာ နေထိုင် ရသည့်အတွက် အိမ်လခ ကြီးမြင့်စွာ ငှါးရမ်းနေထိုင်ရသူ ဝန်ထမ်း များက ဝမ်းသာ နေကြောင်း သိရသည်။
ယင်းမာပင်မြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ယာ သုံးထပ် (၃) ဆောင် (၃၆) ခန်း / မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ဝန်ထမ်း အိမ်ရာ လေးထပ် (၂) ဆောင် (၃၂)ခန်း / လမ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ သုံးထပ် (၁) ဆောင် (၁၂) ခန်း / မီးသတ်ဝန်ထမ်းအိမ်ရာ နှစ်ထပ် (၁) ဆောင် (၈)ခန်း / ကျန်းမာရေး ဌာနဝန်ထမ်း အိမ်ရာ လေးထပ် (၂) ဆောင် (၄၀) ခန်း နှင့် ခရိုင်ရဲတပ်ဖွဲ့စခန်း ဝန်ထမ်း အိမ်ရာ နှစ်ထပ် (၁) ဆောင် ( ၈ ) ခန်း တို့တွင် ဝန်ထမ်းမိသားစုများ နေထိုင် လျက်ရှိကြသည်။
အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် မြေစာရင်းဦးစီးဌာနမှ လ/ထ ဦးစီးမှူး ဦးဇော်မင်းက " ဝန်ထမ်း အိမ်ရာမှာ နေထိုင်ရတာ အဆင်ပြေပါတယ် ကျွန်တော်ပြောင်းရွေ့လာစဉ်က အပြင်မှာ အိမ်ငှါးနေရတာပါ အိမ်ငှါးခ တစ်လကို (၃၅၀၀၀ိ/-) ပေးရပါတယ် ။ အခုဆိုရင် အိုးအိမ်ဦးစီးဌာနက ဝန်ထမ်းအိမ်ရာမှာ နေထိုင် ခွင့်ရရှိပြီး အခန်းငှါးခက လစာရဲ့ ၃% သာ ပေးဆောင်ရတဲ့အတွက် သက်သာပါတယ် အခန်းဖွဲ့စည်းပုံကအစ အလင်းရောင်ရရှိပြီး လေဝင်/လေထွက် လည်းကောင်းတယ် ကျယ်ကျယ်ဝန်းဝန်း ရှိတယ် မိသားစုနေရတာ အဆင်ပြေပါ တယ် " ဟု ပြောကြားခဲ့ကြောင်း
သိရသည်။
Source: MOI Webportal Myanmar