မန်းအိမ်ခြံမြေဈေးကွက် စုံစမ်းမေးမြန်းတာတွေ ယခင်ကထက်ပိုများလာ

javascript
မန္တလေးအိမ်ခြံမြေဈေးကွက်မှာရှိတဲ့ မြေကွက်တွေကိုအခုရက်ပိုင်းမှာလာရောက်ကြည့်ရှုစုံစမ်းမေးမြန်းတာတွေအရင်ကထက်ပိုများလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေဆီကသိရပါတယ် ။

ပင်လုံညီလာခံပြီးတဲ့အခါနိုင်ငံရေးတွေတည်ငြိမ်လာပြီးနိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့အရင်ကထက်စာရင်တော့မြေကွက်နဲ
ပတ်သတ်ပြီးအမေးအမြန်းတွေပိုများလာတယ်လို့ ဖိုးလမင်းအိမ်ခြံမြေနဲ့အထွေထွေရောင်းဝယ်ရေးကကိုဝဏ္ဏစိုးကပြောပါတယ် ။

လာရောက်ကြည့်ရှုသူအများဆုံးကတော့မြို့သစ်ဘက်ကမြေကွက်တွေဖြစ်ပြီးလက်တွေ့ဝယ်ယူမှုမှာတော့အေးနေဆဲပဲဖြစ်တယ်လို့ဆိုပါတယ် ။

လတ်တလောမှာမန္တလေးမြို့သစ်(စ)နဲ့(ဆ)ကြားလမ်းကြားကွက်တွေမှာကျပ်သိန်း ၂၅၀၀ခန့် ၊ထန်းကိုးပင်လမ်းကြားအကွက်တွေက ကျပ်သိန်း ၁၅၀၀ခန့်နဲ့ထွန်တုံးရပ်ကြားလမ်းအကွက်တွေက သိန်း၇၅၀ခန့်ရှိတယ်လို့ မန္တလေးကအိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေဆီကသိရပါတယ် ။

‘နိုင်ငံရေးကောင်းရင်အိမ်ခြံမြေအရောင်းအဝယ်နဲ့အတူအခြားစီးပွားရေးလုပ်ငန်းတွေလည်းကောင်းလာမှာပါ’လို့မန္တလေးကဝါရင့်အိမ်ခြံမြေရောင်းဝယ်ရေးသမားတစ်ဦးကဆိုပါတယ် ။

Source: Kumudra

Facebook comments