ကွန်ဒို တိုက်ခန်းများ ရောင်းအား တက်လာ

javascript
အိမ်ခြံမြေဈေးကွက်အတွင်း အရောင်း၊ အငှားဈေးကွက် ကျဆင်းနေချိန်တွင် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်ဈေးကွက် ပုံမှန်ထက် အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရကြောင်း အိမ်ခြံမြေအကျိုးဆောင်အသိုင်း အဝိုင်းမှ သိရသည်။ ''ကွန်ဒိုဈေးကွက်က အိမ်ခြံမြေဈေးကွက် ကောင်းနေချိန်မှာတောင် ပုံမှန်အဝယ်လိုက် တာမဟုတ်ဘူး။ ဒါပေမဲ့ အခုအချိန်မှာ အထပ် မြင့်ပြဿနာကလဲ ဂယက်ရိုက်ခဲ့တာကြောင့် လူတွေက ကွန်ဒိုဘက် လှည့်လာကြတယ် ဆောက်လုပ်ရေးလုပ်ငန်း ပြီးသလောက်ရှိနေ တဲ့ကွန်ဒိုတွေ အရောင်းအဝယ်ဖြစ်နေပါတယ်'' ဟု အိမ်ခြံမြေအကျိုးဆောင် ဒေါ်သက်သက် ဆွေက ပြောသည်။

ပြီးခဲ့သည့်နှစ်မှစတင်၍ တိုက်ခန်းဈေးနှုန်းများမကျဆင်းခဲ့သော်လည်း ဆောက်လုပ် ပြီးစီးခဲ့သည့် ကွန်ဒိုတိုက်ခန်းဈေးနှုန်းများကျ ဆင်းလျက်ရှိကာ လက်ရှိအရောင်းအဝယ်ဖြစ် ထွန်းသည်ဆိုသည်မှာလည်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များဘက်မှ ကွန်ဒိုတိုက်ခန်းများအား ငါးနှစ်၊ ရှစ်နှစ် စသည်ဖြင့် အရစ်ကျ စနစ်နှင့်ရောင်းချပေးသောကြောင့်ဖြစ်ကြောင်းလည်း သိရသည်။ ''ကွန်ဒိုကိုအဓိကဝယ်ယူတာက ရုံးခန်းတွေအတွက်များပါတယ်။ တချို့ကျတော့လဲ အိမ်ခြံမြေမှာ အငှားဈေးကွက်ရှိနေတုန်းပဲဆို တော့ ကွန်ဒိုက ငှားရင်လဲ ဈေးကွာတယ်လေ။ ဒါကိုမှန်းပြီး ပြန်ငှားဖို့ ဝယ်တာလဲရှိတယ်ပေါ့'' ဟု မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ကွန်ဒိုဝယ်ယူသူများအနေဖြင့် မြေအချိုး ကျပိုင်ဆိုင်ခွင့်ရရှိသော်လည်း အချို့ကွန်ဒိုများမှာ ခွင့်ပြုချက်ရထားသည့် သက်တမ်းနည်းသဖြင့် ကွန်ဒို၏သက်တမ်းကာလကို သေချာစစ်ဆေးပြီးမှဝယ်ယူသင့်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

Source: Yangon Media Group

Facebook comments