တောင်ကြီးမြို့ရဲ့ အဆင့်မြင့်စီးပွားရေးစင်တာ စတင်ရောင်းချမည်

javascript
တောင်ကြီးမြို့မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ Taunggyi Business Center စီမံကိန်းအတွင်း အဆောက်အအုံတွေကို ခြောက်လကနေ ၂၄ လအထိ ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျ ပုံစံနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းမှာ မြေဧက ၄၀.၅၂၉ ဧက ကျယ်ဝန်းပြီး မာစတာပလန်ကို သြစတြေးလျား အခြေစိုက် IDR ကုမ္ပဏီက ရေးဆွဲပြီး စီမံကိန်းအပိုင်းကိုတော့ Vietnam TBS & Ranbuild ကုမ္ပဏီက ဆောက်လုပ်မှာ ဖြစ်ပါတယ်။

စီမံကိန်းအတွင်းမှာတော့ ဈေးဆိုင်ခန်း ၇၁ ခန်း၊ သီးသန့် အဆောက်အအုံ ၃၂၄ လုံး၊ ဘတ်စ်ကားဂိတ် ၂၄ ခု၊ Ware House အလုံး ၅၀၊ Private Villa House ကြယ်သုံးပွင့်အဆင့်ရှိ မိုတယ်နဲ့ စီးတီးမတ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ဇုန် ၁မှာ ဈေးဆိုင်ခန်းများ၊ ဇုန် ၂ မှာ Executive Apartments၊ ဇုန် ၃ မှာ Bus Terminal၊ ဇုန် ၄ မှာ Ware House နဲ့ ဇုန် ၅ မှာ Villa စတာတွေ ပါဝင်ပါတယ်။

ဇုန် ၁ မှာ ဈေးဆိုင်ခန်းတွေကတော့ နှစ်ထပ်ဈေးဆိုင်ခန်း ၃၉ လုံးနဲ့ သုံးထပ် ဈေးဆိုင်ခန်း ၃၂ လုံး ပါဝင်ပါတယ်။နှစ်ထပ်ဆိုင်ခန်းတွေကတော့ ၃၀၀၀ စတုရန်း ပေ ကျယ်ဝန်းပြီး သုံးထပ်ဈေးဆိုင်ခန်းတွေကတော့ ၂၇၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ကားပါကင်တွေ ပါဝင်ပါတယ်။

လက်ရှိ ဆိုင်ခန်းအားလုံးက ၉၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်ပါတယ်။
ဇုန် ၂ Executive Apartments မှာ ငွေကြေးဆိုင်ရာ ဘဏ်များ၊ ရှော့ပင်းစင်တာနဲ့ ရုပ်ရှင်ရုံများ၊ အပန်းဖြေအနားယူနိုင်တဲ့ မြေနေရာတွေပါဝင်ပါတယ်။

Executive Apartments 1Nos မှာ ၇၆၀ စတုရန်းပေစီ ကျယ်ဝန်းတဲ့ တိုက်ခန်းပေါင်း ၁၆ခန်း ပါဝင်ပြီး ၁၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ပန့်ဟောက်စ်နှစ်လုံးလည်း ပါဝင်မှာဖြစ်ပါတယ်။ဇုန် ၂ တစ်ခုလုံးအနေနဲ့ လက်ရှိမှာ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပါတယ်။

ဇုန် ၃မှာတော့ အဝေးပြေး ယာဉ်လိုင်းတွေအတွက် နိုင်ငံတကာအဆင့်မှ အဝေးပြေးယာဉ်ရပ်နားစခန်း ၂၄ ဂိတ်ပါဝင်ပါတယ်။ကားဂိတ် တစ်ခုမှာ ၂၅၇၄ စတုရန်းပေ ကျယ်ဝန်းတဲ့ လမ်းမကြီးနဲ့ ပေ ၃၀ စီကျယ်ဝန်းတဲ့ ပတ်လမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ကားဂိတ်အတွင်းမှာ တခြား Taxi Parking, Convenience Store နဲ့ Public Toilet ကိုလည်း ထည့်သွင်းဆောက်လုပ်ထားတယ်။

ဇုန် ၄ မှာတော့ ကုန်သိုလှောင်ရုံတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။၄၃၅၇ စတုရန်းပေ ကျယ်ဝန်းတဲ့ ကုန်သိုလှောင်ရုံ ၃၇လုံး ပါဝင်ပါတယ်။၄၇ ပေ x ၈၁ ပေ ကျယ်ဝန်းတဲ့ ကုန်သိုလှောင်ရုံ အတွင်းမှာ ပေ ၂၀ x ၂၃ ပေ ကျယ်တဲ့ နှစ်ထပ်ရုံးခန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။အဆိုပါအိမ်တွေကတော့ ၉၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဇုန် ၅ မှာတော့ ဇုန်တစ်ခုလုံးရဲ့ အမြင့်ဆုံးနဲ့ ရှုခင်းအကောင်းဆုံးဗီလာတွေ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ဗီလာတွေကိုတော့ ၂၀၁၆ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်ပြီး နှစ်ထပ်ခွဲ အဆောက်အအုံတွေနဲ့ အိပ်ခန်းသုံးခန်းပါ အဆောက်အအုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့ ဇုန် ၁ ရဲ့ ဆိုင်ခန်းတွေက ကျပ်သိန်း ၂၂၀၀ ဝန်းကျင်မှ ၃၀၀၀ ဝန်းကျင်၊ ဇုန် Executive Apartments တွေက ကျပ် ၄၁၈ သိန်းမှ ၆၀၈ သိန်း ဝန်းကျင်၊ ဇုန် ၄ ဂိုဒေါင်တွေက ကျပ်သိန်း ၃၆၆၉ သိန်းမှ ၄၇၆၃ သိန်း ဝန်းကျင်တို့ ဖြစ်ပြီး နေရာပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိပါတယ်။

အဆိုပါစီမံကိန်းကိုတော့ ရှမ်းပြည်နယ် တောင်ကြီးလေးမိုင်၊ ဟိုပုံးလမ်းမှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာ
ဖြစ်ပါတယ်။

Source: The Modern

Facebook comments