နေပြည်တော်မှာလည်း အိမ်ခြံမြေအရောင်းအဝယ် အခွန်ဆောင်မှုနည်းလာ

javascript
အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့သူဟာ အခုနောက်ပိုင်း အခွန်ဆောင်ပြီး တရားဝင်စာချုပ်ချုပ်ဆိုတာတွေမလုပ်တော့ဘဲ ကိုယ်စားလှယ်လွဲစာနဲ့ ရောင်းချမှုတွေ များလာတယ်လို့ သိရပါတယ် ။

‘အခုနောက်ပိုင်းမှာ အခွန်နှုန်းပေးရမှာ ကြောက်တော့ ဆယ်ယောက်ဝယ်ရင် နှစ်ယောက်လောက်ပဲ စာချုပ်ချုပ်တယ် ၊ အရင်က ဆယ်ယောက်ဝယ်ရင် ရှစ်ယောက်က စာချုပ်ချုပ်တယ် ၊ အရင်က ဆယ်ယောက်ဝယ်ရင် ရှစ်ယောက်က စာချုပ်ချုပ်တယ်’ လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်)က အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ် ။

၂၀၁၆ ဧပြီလပိုင်းနောက်ပိုင်းမှာ အိမ်ခြံမြေအခွန်နှုန်းပြောင်းလဲသတ်မှတ်ပြီး နောက်ပိုင်း အနည်းငယ်သာ အရောင်းအဝယ်ဖြစ်တော့တဲ့ တန်ဖိုးကြီးမြေကွက်တွေအတွက်ရော တန်ဖိုးနည်းအကွက်တွေအတွက်ပါ အခွန်ဆောင်မှုနည်းပါးလာတာ ဖြစ်ပါတယ် ။

အောင်ဆုပန်အိမ်ခြံမြေအကျိုးဆောင်က ဒေါ်နန်းစိုးက ‘အခွန်နှုန်းပြောင်းပြီးကတည်းက အရောင်းအဝယ်တွေ အေးနေတာ ၊ အသေးလေးတွေပဲဖြစ်တာ ၊ အရောင်းအဝယ်စာချုပ်နဲ့ ရောင်းတာလောက်ပဲ ရောင်းရတာ’ လို့ပြောပါတယ် ။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ ကျပ်သိန်း ၃၀၀ ရာအောက်လောက်သာ အရောင်းအဝယ်အဖြစ်များနေပါတယ် ။

‘နေပြည်တော်မှာက လက်ရှိအချိန်မှာ သိန်း ၂၀၀ ၊ သိန်း ၃၀၀ တန်လေးတွေပဲ အရောင်းအဝယ်ဖြစ်နေတယ် ၊ အခွန်ရာခိုင်နှုန်းများတာကြောင့် အများစုက စာချုပ်မချုပ်ကြတော့ဘူး ၊ ချမ်းသာတဲ့သူတွေအနေနဲ့ကတော့ အခွန်ကိုမကြည့်ဘူး’ လို့ ဦးကျော်စွာမြင့်က ပြောပါတယ် ။

လက်ရှိအိမ်ခြံမြေဈေးကွက်အနေနဲ့ အရောင်းအဝယ်ခတ်အေးအေးဖြစ်နေတာကလည်း ရောင်းသူဝယ်သူတွေ စောင့်ကြည့်ဆဲကာလကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

‘အခုဆိုရင် အငယ်တန်းစားလေးတွေ ဝယ်မယ့် ရောင်းမယ့်သူတွေကလဲ လျော့လာမှာပဲဆိုတဲ့အတွေးနဲ့ စောင့်ကြည့်နေကြတာတွေရှိတယ် ၊ ပြောရရင်တော့ စောင့်ကြည့်ဆဲကာလပေါ့’ လို့ ဦးကျော်စွာမြင့်က ပြောပါတယ် ။

အိမ်ခြံမြေရဲ့ အခွန်နှုန်းထားဟာ တစ်ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၃၀၀ အထက်ကနေ သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းတိုကို ဝယ်ယူသူတွေအနေနဲ့ ပေးဆောင်ရမှာဖြစ်ပါတယ် ။

အိမ်ခြံမြေ ဝယ်ယူသူအများစုမှာ အစိုးရရဲ့ အခွန်နှုန်းထားပြောင်းလဲပေးမယ့် အချိန်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။

Source: The Kumudra

Facebook comments