စက်မှုစီးပွားနိုင်ငံ့အားတစ်ရပ်ဖြစ်အောင် စွမ်းဆောင်ဖို့လို

javascript

စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ဖော်ပြချက်များအရတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိစက်မှုဇုန်များတွင် 

လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ်များ ၇ ထောင်ကျော်ထိရှိနေကြောင်းသိရှိရပြီးတချိန်တည်း၌ 

ထိုမြေကွက်လွတ်များအားမည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ကိုစက်မှုဇုန်လုပ်ငန်းရှင်များ၊ အိမ်ခြံမြေ

အသိုင်းအ၀ိုင်းများနှင့် ပြည်သူလူထုမှ စိတ်ဝင်စားနားစွင့်လျက် ရှိနေကြသည်။

 

စက်မှုဝန်ကြီးဌာနမူဝါဒတွင်မူ စက်မှုဇုန်များအတွင်း မြေဈေးကစားမှုလျော့နည်းပပျောက်စေရန်နှင့်အမှန်

တကယ် စက်မှုလက်မှုလုပ်ငန်းတည်ထောင်၍ စွန့်ဦးတီထွင်မှုများတိုးပွားစေရန်အတွက် လုပ်ငန်းမလုပ်

ဆောင်သည့်မြေကွက်များကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့ရာထပ်ဆင့်ဝယ်ယူထား

သူတို့အနေဖြင့် မဖြစ်မနေလုပ်ငန်းပြစရာသို့မဟုတ်လုပ်ငန်းတစ်ခုခုတည်ထောင်ရန် တွန်းအားပေးမှု

တစ်ရပ်ဖြစ်နေပြီးထိုအခြေအနေကြောင့် စက်မှုဇုန်များအတွင်းလုပ်ငန်းမဲ့မြေကွက်များအရောင်းအ၀ယ်မှာ 

စုံစမ်းမေးမြန်းသူများ ၀ယ်လိုသူ ၀ယ်လက်များ လတ်တလောတန့်သွားကြောင်းအိမ်ခြံမြေအကျိုးဆောင်

များကပြောကြားသည်။

 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စက်မှုဇုန်တိုးချဲ့မည် လုပ်ငန်းများနှင့် လက်ရှိစက်မှုဇုန်များ

ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်မည်ဟုပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းကလည်းလုပ်ငန်းမလုပ်ကိုင်

သည့် မြေကွက်များ ပြန်လည်သိမ်းယူမည်ဟုသတင်းများထုတ်ပြန်ခဲ့သော်လည်းလက်ရှိအချိန်ထိမြေလွတ်

မြေကွက်များစွာတွေ့မြင်နေရဆဲဖြစ်သည်ကထိုလုပ်ငန်းမလုပ်ဆောင်ပဲမြေကွက်ရယူပိုင်ဆိုင်ထားသည့် 

ပြသ၁နာများအား ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိခဲ့ကြောင်းပေါ်လွင်လှသည်။

 

မေလပထမပတ်အတွင်းကရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သောရန်ကုန်မြို့တော်ဘက်စုံဖွံ့ဖြိုးမှု အဆိုပြု

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားမှုတွင် ရန်ကုန်မြို့အနီးဝန်းကျင်

ရှိ စက်မှုဇုန်များမှာ လယ်ကွင်းများအတွင်းအကွက်ရိုက် ဖော်ဆောင်ခဲ့မှုများဖြစ်ပြီးရေဆိုးများစနစ်တကျ 

သန့်စင်စွန့်ပစ်မှုများမရှိသည့်အပြင် အချို့စက်မှုဇုန်မျာမှာလူနေရပ်ကွက်များနှင့် ဆက်စပ်နေသောကြောင့်

မတော်တဆမီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါကလည်း အန္တရာယ်များပြားသည့်အတွက် စက်မှုဇုန်

များအားပြန်လည် ပြုပြင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

 

စက်မှုဇုန်များအတွက် လက်ရှိကာလအထိ လျှပ်စစ်မီးအပြည့်အ၀ရရှိရန်ခက်ခဲနေခြင်းကလည်းစက်ရုံ

အလုပ်ရုံများလည်ပတ်မှုအတွက် အခက်အခဲတစ်ခုအဖြစ်ရှိနေပြီး ထိုလျှပ်စစ်မီးအခက်အခဲကြောင့် 

ပြည်တွင်းပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံလိုသူလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုလျော့နည်း

စေသည့် အကြောင်းတစ်ချက်လည်း ဖြစ်သည်။

 

စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဖြစ်ပြီး

စက်ရုံအလုပ်ရုံများ၏ လည်ပတ်မှု ကုန်ကျမှုစရိတ် ပိုမိုကြီးမြင့်စေပြီးကုန်ထုတ်လုပ်မှုကဏ္ဍတွင်လည်း

အခြား ပြည်ပနိုင်ငံများမှ သွင်းကုန်များနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများပါ ရှိနေသည်ဖြစ်ရာ လျှပ်စစ်မီးသည် 

အခြေခံလိုအပ်ချက်စွမ်းအားတစ်ရပ်ပင်ဖြစ်သည်။

 

ထို့ကြောင့်လျှပ်စစ်မီးအပြည့်အ၀ရရှိရေးနှင့် စက်မှုဇုန်သစ်များ နိုင်ငံတ၀န်းရှိ ဒေသအလိုက်သင့်တော်ရာ

ဒေသများတွင် တိုးချဲ့တည်ဆောက်ပေးနိုင်ရန်လိုအပ်လှသလိုတချိန်တည်းတွင် လုပ်ငန်းအကောင်အထည်

ဖော် လုပ်ဆောင်နိုင်ခြင်းမရှိသည့် မြေကွက်လွတ်များအားလည်း စက်မှုဝန်ကြီးဌာနမူဝါဒအတိုင်းထိထိ

ရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းသွားစေခြင်း၊ စွန့်ဦးတီထွင်လုပ်ကိုင်လိုသူအမှန်တကယ်လိုအပ်

နေသူလုပ်ငန်းရှင်များလက်ထဲသို့ နေရာပုဂ္ဂိုလ်မှန်စွာစီမံဆောင်ရွက်ပေးခြင်းအားဖြင့်လုပ်ငန်းရှင်များ

အတွက် အထောက်အပံ့ဖြစ်စေပြီး ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်မည်

ဖြစ်ကာအလုပ် လက်မဲ့ပြသ၁နာများပါ လျော့နည်းပပျောက်လာမည် ဖြစ်သည်။

 

စက်မှုဝန်ကြီးဌာနအနေမှအကောင်အထည်ဖော်စီစဉ်ထားသည့်ကဏ္ဍများတွင် ပြည်သူ့အကျိုးပြု 

စက်ရုံအလုပ်ရုံများဖွင့်လှစ်ခြင်း၊စက်မှုကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး

တိုးတက်ရေးဆောင်ရွက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ခြင်း၊ စွမ်းအင်

ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လက်ရှိဆောင်ရွက်

ဆဲစက်ရုံစီမံကိန်းများရှိအလုပ်ရုံများအလိုက် အပြီးသတ် ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်သွား

မည်ဟုသိရှိရကာအသေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကထားဆောင်ရွက်

သွားရန်နှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများပညာရှင်များနှင့်ပူးပေါင်း၍ အသိပညာပူးပေါင်းဖလှယ်ရေး

ကဏ္ဍများကိုပါ စီစဉ်ထားသည်ဟု စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ပြောကြားချက်များအရဤသို့သော

နည်းလမ်းတကျ စည်းစနစ်တကျ  အစိုးရလုပ်ငန်းရှင်နှင့် ပြည်သူများ ၀ိုင်းဝန်းကြိုးစား လုပ်ဆောင်

သွားခြင်းဖြင့် စက်မှုလုပ်ငန်းစီးပွားများပိုမိုဖွံ့ဖြိုးလာသည်နှင့်အမျှ စီးပွားရေးတည်ငြိမ်၍ နိုင်ငံ့ကုန်ထုတ်

စွမ်းအားမြင့်မားလာပြီး တိုင်းပြည်ဝင်ငွေ တိုးတတ်လာမှသာ နိုင်ငံ၏ အုပ်ချုပ်ရေးစီးပွားရေးနည်းစနစ် မူဝါဒ

သစ်များတွင် ဟန်ချက်ညီစွာလျှောက်လှမ်းနိုင်မည်ဖြစ်ကာ စက်မှုစွမ်းအားကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်

သော မြန်မာနိုင်ငံ၏ ကောင်းမွန်ခိုင်မာသောစီးပွားရေး နိုင်ငံရေး၊ လူမှုရေးတို့ဖြင့် စက်မှုကုန်ထုတ်စီးပွား

ဖွံ့ဖြိုးတိုးတက်သော တစ်ခေတ်တစ်ခါသို့ အနှေးနှင့်အမြန်လျှောက်လှမ်းနိုင်မည် ဟုမျှော်လင့်မိပါသည်။

 

 

Property.com.mm Media Team

www.Property.com.mm

Facebook comments